Love piano🌸Ep.20

673 35 7
                                    

Zawgyi

ကျီးချူအဆောင်က ကြင်ယာတော်ဟာ ရှောင်းအိမ်တော်က ဆိုတာကို နန်းတော်တစ်ခုလုံးကို ပျံ့နှံ့ လို့သွားပါသည်

မင်းကြီးရဲ့ မျက်နှာ ပေးမှုကို ရထားတဲ့ ကြင်ယာတော်ဟာ ရှောင်းအိမ်တော်ကလို့ သိရသည်နဲ့ တစ်ချို့ကတော့ ရှောင်းသခင်ကြီးအစား ဂုဏ်ယူနေကျသည်... ပထမ တစ်ယောက် သခင်မလေး ရွဲရှား ကလဲလည်း ယခုဆိုလျှင် မိဘုရား ရာထူးတစ်ခုကို ရထားသည်လေ..နောက်ထပ် ရှောင်းအိမ်တော်က ဆက်သတဲ့ ကြင်ယာတော်ကလည်း မင်းကြီး၏ မျက်နှာပေးမှုကို ရထားးသည်လေ

အမတ်မင်းတွေ ဝန်ကြီးများ အရာရှိများကြားတွင်တော့ ရှောင်းသခင်ကြီး က အထင်ကြီးစရာ သခင်ကြီးတစ်ဦးပင်...
တစ်ချို့က တော့ ထုံးစံအတိုင်း မနာလို ဖြစ်ကာ ကြင်ယာတော်ကို ဘယ်လို ဖယ်ရှားရမလဲ တွေးနေကျသည်

(အနောက်ဆောင်တွင်)

"မယ်မယ်...ကျီးချူအဆောင်က ကြင်ယာတော်က မယ်မယ့် အိမ်တော်ကတဲ့..

"ဟင်....

ရွဲရှား အစေခံမလေး စကားကြောင့် အတော်လေး အ့သြမိသွားသည်...အိမ်တော်မှာ မိန်းကလေး ဆိုလို့ သူတစ်ယောက်ပဲ ရှိသည်လေ....ဒါကဖြစ်နိုင်ပါ့မလား မျိုးရိုး မှားသည် ထင်ရအောင်လည်း
ဒီမြို့တော်မှာ ရှောင်းမျိုးရိုးက သူတို့အိမ်တော်တစ်ခုထဲသာ ရှိသည်လေ....ဒီကိစ္စကို ရွဲရှား သူကိုယ်တိုင် စုံစမ်းရန် ပြင်သည်

ရှောင်ပိုင်...နာကြင်မှုတွေနဲ့ နိုးထလာသည်... ဆေးအရှိန်ကြောင့် ကြမ်းတမ်း မိခဲ့ကျသည်မှာ မနက်နိုးလာတော့ ကိုင်ပေါက်ခံထားရသလိုပါပဲ ...ရှောင်ပိုင် နာကြင်နေရသည်

အိပ်ယာနိုးနိုးချင်း ညကအရာတွေကို သတိရတချက်မရတချက်ပါပဲ....ဘေးနားတွင်တော့ ရိပေါ်က ရှိမနေတော့ပါ

"သခင်လေး...ရေချိုးသင့်ပါပြီ ပွဲတော်တက်ဖို့အချိန်သင့်နေပါပြီ

"ဘာပွဲတော်လည်း...ယဲ့မမ

"မုန့်ပွဲတော်လေ...ကြင်ယာတော်တွေ မိဘုရားတွေက သူတို့ကိုယ်တိုင် ပြုလုပ်တဲ့ မုန့်ကို မင်းကြီးကို ဆက်သရမှာ

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now