Love Piano🌸Ep.44

604 29 0
                                    

Zawgyi

တိမ်မည်းများ အုပ်စိုးထားတဲ့ ကောင်းကင်ဘုံတွင် နတ်သူငယ်လေးများနဲ့ သာမန်နတ်လေးများဟာ ပြေးလွှား၍ သူတို့၏ အသက် အန္တာရယ်ကို ကာကွယ်နေကျသည်....

ဘယ်လိုမှ ရှောင်လွှဲလို့မရသည့်အရာကြီးကတော့ ကျရောက်လို့လာပါပြီ...

မိစ္ဆာဘုရင်ဟာ မှတ်ညာဏ်နှစ်ခုရှိပါသော်လည်း... ယခင်မှတ်ညာဏ်ကသာ အုပ်စိုးသွားခဲ့ပြီး နတ်မင်းများကို သ-တ်ရန်သာ သိတောသည်...

နတ်ဘုံတွင် နတ်မင်းများဟာ မိစ္ဆာဘုရင်ကို မည်သူမှပင်မယှဉ်နိုင်ကျပါ...

ယခင်က ချစ်စရာကောင်းပြီး ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းမဲ့တဲ့ကောင်လေးဟာ ယခုအခါမှာတော့ ကြောက်စရာကောင်းတဲ့ အငွေ့အသက် တွေပြည့်နက်နေပြီး သူ၏ မျက်ဝန်းတွေဟာ နီရဲကာ သွေးများဆာလောင်နေသည့် သားရဲတိရစ္ဆာန် လိုပါပင်...

ကောင်းကင်ယံတွင် မီးလုံးကြီးများဟာ နေရာတိုင်း ပျံဝဲ နေပြီး ကောင်းကင်ဘုံတွင်လဲ ရစရာမရှိအောင်ကို ပျက်စီးလို့နေသည်...

နတ်မင်းတွေမှာမှု မိစ္ဆာဘုရင်ကို မနိုင်တာမို့ ...ယခုချိန်မှာတော့ ကောင်းကင်ဘုံနဲ့ နတ်မင်းများ ပျက်သုန်း ရကိန်း အတည်တကျ စိုက်နေပါသည်..

အမည်းရောင် အခိုးအငွေ့ တွေပြည့်နက်နေတဲ့ ခန္ဓာကိုယ်တစ်ခုဟာ ကောင်းကင်ဘုံမှာ ထင်တိုင်းကျဲပြီး... စိတ်ရှိလက်ရှိ ပျက်စီးလို့နေသည်

မိစ္ဆာဘုရင်၏ အဓိက ရန်သူဟာ ကောင်းကင်ဘုံဖြစ်တာမို့ သူတစ်ဖန် နိုးထလာရင်လည်း ပထမဦးဆုံး လုပ်မှာက ကောင်းကင်ယံကို ပျက်စီးမှာသာ ဖြစ်သည်....

ဝမ်းချောင်ဟာ မိစ္ဆာဘုရင်၏ အားကိုးနဲ့ သူ၏ မယ်တော်ကို ကယ်ခဲ့နိုင်သည်...

မြေပြင်ကနေ မော့ကြည့်နေမိကျတဲ့ မင်းကြီးတို့မှာမှု သူတို့ယခုဘာလုပ်သင့်လည်း ဘာလုပ်နိုင်လည်းဟုသာ တွေးနေမိကျသည် ... နတ်မင်းများမှာမှု မတားနိုင်တဲ့ မိစ္ဆာဘုရင်ကို သူတို့ ဘယ်လို တားစီးနိုင်မလဲ...

မင်းကြီးတော့ ဤသို့မတွေ့ပါ..မိစ္ဆာဘုရင်ဖြစ်ဖြစ် သူ၏ ကြင်ယာတော်ဖြစ်ဖြစ် ယခု လူဟာ သူချစ်ရတဲ့ သူမို့ သူမရ ရအောင်တားစီးရမည်... သူချစ်ရတဲ့လူကို မိုးနတ်မင်းကြီး ပြစ်ဒဏ်ပေးမှာကို မလိုလားအပ်ပါ...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now