Love piano🌸Ep.11

809 41 2
                                    

Zawgyi

တိုင်းပြည်မှာ စွမ်းအားကြီးမားတဲ့ ဘုရင်မလိုအပ်ပါ။
မင်းကောင်းမင်းမြတ် တစ်ပါးသာ လိုအပ်ပါသည်။

ပြည်သူပြည်သားများကို သနားငဲ့ညှာတတ်သော မင်းဧကရာဇ် တစ်ပါး ရှိရုံနဲ့ ထိုတိုင်းပြည်ဟာ အေးချမ်း ရပါသည်

တစ်ခြားနယ်မြေများကို သိမ်းပိုင်နိုင်ဖို့အတွက် အပြစ်မဲ့ပြီး အင်အားနည်းပါးလွန်းတဲ့ ပြည်သူပြည်သား တွေကို ခြေနင်းဖက် မှာချနင်းတဲ့ မင်းတစ်ပါး ရှိနေရင် ထိုတိုင်းပြည်ဟာ အေးချမ်း နိုင်မည်မဟုတ်။

"ဒီမှာ ခင်ဗျားကို တစ်ခုလောက်အကူအညီတောင်းချင်လို့

နောက်ထပ်တစ်ဖန် ပြန်လာတဲ့ မင်းကြီးကို ရှောင်ပိုင် စကားဆိုသည်။

"ဘာများလဲ

"ဟိုလေ ပိုင်ပိုင်ဒီမှာနေရတာပြင်းလာလို့ နန်းတော်အပြင်ကို ခဏလောက်ထွက်လည်ချင်တာ အဲ့ဒါ....

"အဲ့ဒါ ဘာဖြစ်လဲ

အကျင့်လေးအတိုင်း လက်ညိုးလေးနှစ်ချောင်းကိုတည့်ပြီး နှုတ်ခမ်းလေး စူထားပြန်သည်..

"ဟဲ ဟို ထွက်လည်ချင်လို့ မင်းကြီးကိုခွင့်တောင်းပေးပါ့လား

"ကိုယ့်ဘာသာ မင်းကြီးကို သွားပြောလေ

"ဟင့် မပြောချင်ပါဘူး... မင်းကြီး ဆိုတဲ့အသံကြားတာနဲ့ကို လည်ပင်းကမခိုင်ချင်ဘူး

နှုတ်ခမ်းလေးစူကာ ခေါင်လောင်းသဖွယ် ဝတ်ရုံလက်မောင်းစလေးကို ဆွဲရမ်းကာ မင်းကြီးက ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း ပြောပြနေသော ထိုကောင်း....ရှောင်ပိုင်မသိသည်က ယခု လက်ကိုင်ထားတဲ့ အကျီစပိုင်ရှင်က သူသိမ့်ကြောက်တဲ့ မင်းကြီး ဆိုတာပါပဲပင်

"ဟုတ်ပြီလေ မင်းအပြင်တော့ ထွက်လို့ရမယ်

"တကယ်လား

ချက်ချင်းဆိုသလို စူပုတ်နေတဲ့ နှုတ်ခမ်းလေးက အပြုံးလေးတွေ ဝေဆာသွားသည်

"ဒါပေမယ့်...

"ဒါပေမယ့် ဘာဖြစ်လဲ...

ဒါပေမယ့် ဆိုတဲ့ သူ့ရှေ့ကလူရဲ့စကားကြောင့် အပြုံးတွေရပ်သွားပါသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Onde histórias criam vida. Descubra agora