Love piano🌸Ep.8

917 43 6
                                    

(Zawgyi )

🌸လွန်ခဲ့သောနှစ်က နှစ်100ပြည့်🌸

စစ်သူကြီး ဟန်မင်ဟာ ဖခင်၏ အမိန့်လဲ ဖြစ်သလို မဖြစ်မနေ အနေနဲ့ ညီငယ်လေးဖြစ်သူကို နန်းတော်ကို ပို့ရမှာ အတော်လေး ပူပန်နေမိသည်

ညီမငယ် ချွဲ့ရှားကိုတောင် လွတ်ချင်ခဲ့သည်မဟုတ် အကိုကြီး အဖရာဆိုသလိုပါပဲ ရင်ထဲမှာ မအေးချမ်းနိုင်ပါ.....နန်းတော်ဆိုတဲ့ နေရာဟာ အလွယ်ပြောရရင် အကျယ်ချုပ် ချုပ်ထားတဲ့ အကျဉ်းသားတွေ ထားထားတဲ့ ထောင်ကြီးနဲ့တူသည်

ဒီကြားထဲ တစ်ယောက်နဲ့တစ်ယောက် မနာလိုတွေဖြစ်ကျ လုပ်ကြံကျနဲ့ သူ့ထက်ငါ့ကောင်း ပုဒ်မတွေနဲ့ ရာထူးကို လုရက်နေကျသည်မှာ...ဘာမှမသိတဲ့ သူ့ညီငယ်လေးအတွက် စိုးရိမ်ရပါသည်

ဟိုအရင်ငယ်ငယ်လေးထဲက ယခုအချိန်ထိ အိမ်တော်ကနေ တစ်လှမ်းမှပင်ခွဲခွာဘူးသည်မဟုတ်...အပြင်လောကနဲ့ အထိအတွေ့မရှိတဲ့ ညီတော်ငယ်လေးဟာ အကြမ်းပြင်း လူမှုနေထိုင်ပြောဆိုတဲ့အရာတွေကို စုံစုံလင်လင် နားမလည်ပါ...ဒီလို ညီတော်ငယ်လေးကို ရှုပ်ထွေးလှတဲ့ နန်းတော်ကြီးကို ပို့ဆောင်ရမှာဟာ ဟန်မင်အတွက် ခက်ခဲလှပါသည်

လူပျိုပေါက်အရွယ်ဆယ်ကျော်သက် ယော်ကျားလေးတစ်ယောက်ဆိုပေမယ့် စိတ်လေးက ကလေးစိတ်သာသာလေးသာ.... တိမ်တိုက်လေးတွေနဲ့အတူ ဖြူစင်တဲ့ အဲ့ဒီကလေးက နန်းတော်မှာ အနိုင်များအကျင့်ခံနေရမလား...

သို့သော်၎င်း.... ယော်ကျားလေးတစ်ယောက်ကို မင်းကြီးကို ဆက်သလို့ သူတို့ပဲ ခေါင်းပြ-တ်ရမလား.... မင်းကြီးဟာ ဘယ်မောင်းမတွေနဲ့မှ အိပ်ဆောင်မဝင်ဘူးဟု သိရပါသောလဲ အလိမ်ပေါ်သွားမှာ တော့ စိုးရိမ်နေမိပါသေးသည်

"အားးး မလာနဲ့ မလာနဲ့ အဟင့် အားး"

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"

ရှောင်ပိုင် အိမ်မက်မက်ကာ လန့်ကာငိုနေသည်သာ ဘေးက မင်းကြီးပင် အလန့်တကြား.

"အင့်...ပိုင်ပိုင်ကို လိုက်သ-တ်ကျတယ် သူတို့ ပိုင်ပိုင်ကို... တိုက်ခိုက်နေကျတယ်

နှုတ်ခမ်းလေးစူကာစူကာနဲ့ ကလေးတစ်ယောက်က မိခင်ကို တိုင်နေသည့်အတိုင်း မင်းကြီး၏ ခေါင်လောင်းသဖွယ် ဝတ်ရုံလက်မောင်းစကို ကျစ်နေအောင် ဆုပ်ကိုင်ကာ ပြောနေသည် ....ပါးပြင် ရဲရဲလေးပေါ်မှာလဲ မျက်ရည်ကြည်လေးတွေနဲ့ပင်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now