Love Piano🌸Ep.36

618 40 5
                                    

Zawgyi

ညအချိန်တွင် ခေါင်မိုးပေါ်တွင် ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သေရည်အတူသောက်နေကျတဲ့ ဟန်မင်နဲ့ လုန်သယ်...

ဟန်မင်နဲ့ လုန်သယ်ဟာ အရင်တွေကထက် ရင်းနှီးလာခဲ့ကျသည်...

"ငါမင်းကို တောင်းပန်တယ်...

"ဘာအတွက်လဲ

"ကြင်ယာတော်အစားမင်းကိုတောင်းပန်တယ်

"ဟင့်အင်မလိုပါဘူး ကျွန်တော်ဘာမှ မှမဖြစ်တာ

ဟန်မင်ကတောင်းပန်စရာဆိုလာတော့ လုန်သယ်ဟာ ခပ်ယဲ့ယဲ့ရယ်ပြီး တောင်းပန်စရာမလိုကြောင်း စကားဆိုသည်..လုန်သယ်၏ အရယ်တွေဟာ အသက်မဲ့နေပါသည် .. မျက်ဝန်းထဲမှာလဲ မျှော်လင့်ချက်မဲ့စွာ ပါပဲ

"မင်း...တစ်ခုခုဖြစ်နေတာလား

ရယ်သာရယ်နေပေမယ့် မျက်ဝန်းတွေဟာ ဝမ်းနည်းနေပုံပေါ်နေသည်.. လက်ထဲရှိ သေရည်အိုးကိုသာ အခါခါ မော့သောက်နေပြီး  ဝမ်းနည်းရိပ်ရှိနေတဲ့ မျက်ဝန်းတွေထဲမှာ အရည်ကြည်လေးတွေ လဲ့နေသည်...

"မင်း တစ်ခုခုဖြစ်နေရင် ငါ့ကိုရင်ဖွင့်နိုင်တယ်

ဟန်မင်ဟာ ‌သေရည်တွေကိုသာသောက်နေတဲ့ လုန်သယ်ကို ထိုသို့စကားဆိုသည်...အဲ့တော့မှ သေရည်တွေကိုသာမော့သောက်နေတဲ့ လုန်သယ်က သေရည်သောက်ချင်းကို ရပ်လိုက်ပြီး ဟန်မင်ဘက်ကို လှည့်ကြည့်လာသည်...

သေရည်တွေများစွာသောက်လိုက်သည်မို့ အနည်းငယ်မူးသွားဟန်ပါပဲ မျက်ဝန်းတွေက ရီဝေနေသည်...

"စစ်သူကြီး...ချစ်ဖူးလား

"ဟင့်အင် ငါ့မှာချစ်ဖို့အချိန်မရှိဘူး..

"ကျွန်တော်လည်း စစ်သူကြီးလို ချစ်ဖို့အချိန်မရှိတာမျိုးဖြစ်ချင်လိုက်တာ

"မင်း မင်းအသည်းကွဲနေလို့လား

ဟန်မင်အနည်းငယ်တော့ အ့သြစရာဖြစ်နေပါသည်...လုန်သယ်ဟာ ဘယ်လိုမိန်းမလှလေးတွေနဲ့ တွဲဖူးသည်မကြားဖူးပါ ဖြစ်တော့ သတင်းဆိုးအနေနဲ့ လုန်သယ်က မိန်းကလေးတွေဆိုရင် မတူသလိုမတန်သလိုဆက်ဆံနေတတ်ပြီး မိန်းကလေးအသားတွေကို ထိရမှာသေလောက်အောင် ကြောက်တတ်သည်ဟု သိရသည်... ထိုလိုလူက အသည်းကွဲနေသည်မို့ ဟန်မင်စိတ်ထဲမှာ သိချင်မိတာကတော့ ဘယ်လိုမိန်းကလေးက လုန်သယ်ကို အသည်းခွဲခဲ့တာလဲ..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now