Love piano🌸Ep.29

607 38 14
                                    

Zawgyi

မင်းကြီးတစ်ယောက် အချိန်အလုံအလောက်ထိ နားပြီးချိန်မှာတော့ အရင်ဆုံး သတိရမိတာကတော့ ကြင်ယာတော်ကိုသာ ဖြစ်သည်....

အတွင်းအားများကိုပြုပြင်လို့အပြီးမှာတော့ အခန်းထဲကထွက်ကာ ကြင်ယာတော်အဆောင်ဘက်အား ထွက်လာလေသည်...

မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကြင်ယာတော်တစ်ဖြစ်လည်း သူသိမ့်တွေ့ချင်နေမိတဲ့ လူကို တွေ့ရတော့မှာမို့ မင်းကြီးမျက်ဝန်းထက်အပြုံးတို့ ဝေဆာနေပါသည်... ယခင်က ကြင်ယာတော်ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုတွေကို ပုံရိပ်ယောင်အဖြစ် ပြန်မြင်ယောင်နေမိရင်း ပြုံးနေမိတဲ့ မင်းကြီးဟာ...မလှမ်းမကမ်းက အရာကို မြင်လိုက်ရတာမို့ ပျော်ရွင်မှုတွေ ရပ်တန့်သွားသည်...

လုန်သယ် နဲ့ ကြင်ယာတော်ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စကားများပြောနေကာ ရယ်မောလို့နေသည်...ကြင်ယာတော်ဟာ မျက်နှာတစ်ဝက်ကို အုပ်ထားသည်ဆိုတာ မှန်ပေမယ့် မျက်ဝန်းတွေကို မြင်ရတာနဲ့ ကြင်ယာတော် ပျော်ရွင်နေသည်ကို သိနိုငါသည်...

သူမဟုတ်တဲ့ တစ်ခြားလူနဲ့ ပျော်ရွင်နေတာမို့ မင်းကြီးတစ်ယောက် စိတ်ထဲမှာ အလိုမကျဟန် ရှိပါသော်လည်း စိတ်ထဲအများကြီးမတွေးတော့ပဲ... ကြင်ယာတော်ပြန်အလာကို စောင့်ရန် နားနေဆောင်လေးကို ဝင်သွားလိုက်သည်..

(အနောက်ဆောင်)

အနောက်ဆောင်ဘက်ကို မင်းကြီးကြွချီလာတာ သိရတာမို့ အနောက်ဆောင်က မိဘုရားနဲ့ ကြင်ယာတော်များဟာ အလှပဆုံး ပြင်စင်နေကျပါသော်လည်း မင်းကြီးဟာ ကျီးချူအဆောင်ကိုသာ လာသည်ဟု သိလိုက်ရချိန်မှာတော့ အနောင်ဆောင်ကမောင်းမတွေရဲ့ ဒေါသစိတ်တွေဟာ ထိန်းမရသိမ်းမရ ကြင်ယာတော်အပေါ် အမုန်းများ ပိုလာလေသည်...

ထိုကြင်ယာတော် မရောက်မှီ...အလှည့်ကျ မင်းကြီးအိပ်ဆောင်ကို ဝင်ကျရသည်...ထိုကြင်ယာတော်နဲ့ မင်းကြီးနှစ်ကြိမ်မျှ အိပ်ဆောင်ဝင်ပြီးချိန်ကစလို့ ယခုချိန်ထိ အလှည့်ကျအိပ်ဆောင်ဝင်ရတဲ့ မဲစနစ်ကြီးဟာ ပျောက်ကွယ်သွားပြီး မင်းကြီးကိုယ်တိုင်ဟာလည်း ဘိုးဘေးအဆက်ဆက်က ကျင့်သုံးခဲ့ကျတဲ့ အနောက်ဆောင်စည်းကမ်းကို ဖျက်သိမ်းခဲ့သည်....

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now