Love piano🌸Ep.4

1.1K 45 5
                                    

🌸Zawgyi 🌸

"မနေ့က မင်းကြီးနဲ့ဘယ်သူအိပ်တာလဲ

"ကျွန်မ မဟုတ်ပါဘူး

"ဒါဆိုဘယ်သူလဲ

အနီရောင် ဝတ်ရုံကို ဝတ်စင်ပြီး အစင်အတန်ဆာများဟာ မိဘုရားဖြစ်ဟန်တူသည့် အမျိုးသမီးတစ်ယောက်ဟာ မနေ့ကမှ အသစ်ရောက်လာတဲ့ ကိုယ်လုပ်တော် တွေအဆောင်ကို ရောက်လာသည်.. နှုတ်ခမ်း နီရဲရဲနဲ့ ဘယ်လောက်မောက်မာလဲ ဆိုတာ သိနိုင်သည်

ထိုအမျိုးသမီးဟာ မေရွယ်ဖြစ်သည် တစ်နည်းအားဖြင့် အနောက်နန်းဆောင်ရဲ့ သက်တန်းရင့်လဲဖြစ် ဒုမိဘုရားလဲ ဖြစ်တာမို့ အားလုံးဟာ သူ့ကို တုန်နေအောင် ကြောက်ရသည်

"မနေ့ညက မင်းကြီးနဲ့ အိပ်ဆောင်ဝင်တာ ဘယ်သူလဲလို့ မေးနေတယ်လေ

မိဘုရားအသံဟာ ကျယ်လောင်သွားသလို အမိန့်သံပါတာမို့ ကိုယ်လုပ်တော် များ လှုပ်ပင်မလှုပ်ရဲသည်အထိ ကြောက်ကုန်ကျသည် မိဘုရားကိုပင် မော်တောင်မကြည့်ရဲချေ

"ဟို ..... မနေ့ကမင်းကြီးနဲ့အိပ်ဆောင်ဝင်တဲ့တစ်ယောက်က အခုထိအဆောင်တော်ကို ရောက်မလာသေးပါဘူး

စိတ်အလိုမကျဟန်ဖြစ်နေတဲ့ မိဘုရားဟာ ကိုယ်လုပ်တော်ရဲ့စကားအဆုံး ဒေါသမီးတောက်လို့နေသည် အဆောင်တော်ကို ပြန်မလာရင် မင်းကြီး အိပ်ဆောင်မှာ ရှိနေသေးတာလား ဟု၍ မင်းကြီးအိပ်ဆောင်ကို မေရွယ် သွားလေသည်

ရှောင်ပိုင် ဝတ်ရုံအစိုများနဲ့ပဲ တဲစုတ်လေးဆီကို ပြန်လာလေသည်... ရက်ကြာကြာနေရင်တော့ အသားကျသွားမှာပါဟု တစ်ယောက်ထဲ တွေးစမိသည်... အမှောင်ကြောက်တဲ့ ရှောင်ပိုင်လေးဟာ အမှောင်ညများစွာကို ဘယ်အထိ ဖြတ်သန်းရမလဲ မသိရပါ.... တစ်ယောက်ထဲ အထီးကျန်လှသည်

"ဟင်...ဒါတွေကဘယ်သူလာထားတာလဲ

တံခါးဖွင့်လိုက်သည်နဲ့ မြင်လိုက်ရတဲ့ အခန်းဟာ မနေ့ကနဲ့မတူတော့ပါ ကုတင်လည်းရှိသည်စောင်နဲ့ခေါင်းအုံးလဲ  ရှိသည်... အဝတ်အစားလည်းခန်းလေးလဲ ရှိပြီး မီးအိမ်လေး တစ်ခုကလဲ ကုတင်ဘေးတွင် ရှိနေသည်... စားစရာဟုထင်ရတဲ့ ချင်းလေးဟာ စားပွဲခုန်တစ်ခုပေါ်မှာ ရှိနေသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now