Love piano🌸Ep.6

1K 44 7
                                    

(Zawgyi )
တကယ်ဆိုလျှင် ရှေးမင်းအဆက်အဆက်က ပြုကျင့်ခဲ့တဲ့ အပျိုတော်များ ဆက်သသည့်ထုံးစံ ကို ယွဲ့ရိဟာ သဘောမကျပါပေ .. သဘောမကျသော်လဲ ခတ် အဆက်အဆက် ဘိုးဘေးမင်းဆက်တွေရဲ့ အမိန့်ကို ဖျက်စီး၍လဲမရပါ။

လူအများထင်ရတဲ့ မင်းကြီးဟာ စီးစိန်တွေခံစားရမယ် အစေခံတွေ မြှောက်များစွာရဲ့ လေးစားမှုတွေခံရမယ် မိဘုရားတွေ ကြင်ယာတော်တွေ ကိုယ်လုပ်တော်တွေရဲ့ ခစားခြင်းကို ခံစားရပြီး နတ် ဗိမာန် ရောက်နေသလို ဆန်သားရမယ် ထင်ကျလိမ့်မယ်

တကယ်တော့ အကြံပေး ‌အမတ်တို့ရဲ့ ဖိအားများ အတွင်းရေးမှူး အမတ်များရဲ့ မိအား အမတ်တို့ ကုန်းကုန်း တို့ရဲ့ ဖိအားတွေနဲ့ မင်းကြီးတွေဟာ မင်းကြီးလို့အမည်ခံထားသော်လဲ လွတ်လပ်ခြင်း မရှိပါ ... ကိုယ်ပိုင်လွတ်လပ်ခွင့် ပျော်ရွင်မှုထက် ပြည်သူပြည်သားနဲ့ ဒီတိုင်းပြည်ကြီးအရေးကိုသာ ဦးစားပေးရသည်... အမိန့်ပေး ရသော် မင်းတစ်ပါး ဖြစ်ပေမယ့် ထိုအမိန့်ရဲ့ နောက်ကွယ်မှာ မဖြစ်မနေ ဆိုတဲ့ ဖြေချင်းချက်တွေ ရှိချင်ရှိနေမယ် .... ဖြစ်သင့်တာနဲ့မဖြစ်သင့်တာကိုသာ ဦးစားပေးရပြီး ငါပျော်ရမလား မပျော်ရဘူးလားဆိုတဲ့ အရာဟာ မင်းကြီးတိုင်းရဲ့ နောက်ကွယ်မှာ ရှိလေသည်

အူကြောင်ကြောင်လေးနဲ့ယခုအချိန်ထိ ရပ်ကြည့်နေသော ရှောင်ပိုင်... မင်းကြီးသည် သူ့ရှေ့ကအကောင်ပေါက်လေးကို ဘာစကားမှပင်မဆိုပဲ စိတ်ရှုပ်နေတဲ့ အပြုအမူ နဲ့ ကြည့်နေမိသည် ရှောင်ပိုင်ဟာ သူ့ရှေ့ကလူကို မင်းကြီးဆိုတာ မသိပါ...

"ဒီ ဒီမှာ ... ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ ဒါ ကျွန်တော့်အိမ်နော် ... မင်းကြီး ပေးထားတာ
အခုထွက်သွား မဟုတ်ရင် မင်းကြီးက ခင်ဗျားကို သ-တ်လိမ့်မယ်

ရှောင်ပိုင်ဟာ ဘေးက သစ်ကိုင်းခြောက်လေးကို ကိုင်ကာ သူ့ရှေ့ကလူကြီးကို ချိန်ကာ ပြောနေမိသည်... ဟုတ်တယ် လေ ကြောက်ပေမယ့် မကြောက်ချင်ယောင်ဆောင်ရမယ်

"အို...မင်းကြီးက ငါကိုယ်တော် ကိုဘာလို့သ-တ်မှာလဲ

သူ့ကိုသူ ကိုယ်တော်တဲ့ မင်းသားများထင်နေလားမသိ အဆင့်တန်းလွှာကငါတောင် ကိုယ်တော်လို့ မသုံးဖူးဘူး

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now