Love piano🌸Ep.26

636 31 2
                                    

Zawgyi

သွေးသံတရဲရဲနဲ့..လူတစ်ယောက်ဟာ လည်းကျသွားတဲ့ လူတစ်ယောက်ကို ဖက်ကာ ငိုကြွေးနေသည်....မျက်ဝန်းထဲက မျက်ရည်ကြည်တွေထွက်လာရမယ့်အစား နာကြင်မှုရဲ့ သွေးမျက်ရည်တွေသာ ပါးပြင်ပေါ်ကိုစီးကျနေလေသည်....

ကောင်းကင်ဘုံလို့ထင်ရတဲ့ နေရာမှာ စစ်မြေပြင်ကြီးတစ်ခု ဖြစ်ပွားနေဟန်...အဖြူရောင်တိမ်တိုက်တွေက မည်းနက်နေပြီး သွေးမိုးများ ရွာနေကျသည်....

လူတစ်ယောက်ကို ဖက်ကာငိုကြွေးနေတဲ့ထိုလူရဲ့ ငိုသံတွေဟာ ကြားရသူအဖို့ ရင်နာစရာကောင်းလှသည်..... သွေးများနဲ့လည်းကျနေတဲ့ လူကို ဖက်တွယ်ထားပြီး ရင်ကွဲမတက်ငိုကြွေးနေသည် သူမှာ အတော်လေး နာကြင်နေပုံ..

"လူတစ်ယောက်ဟာ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ အခါ နှလုံးသားတွေလည်း ကျေကွဲရပြီး ချစ်ရသူနဲ့အတူ ထိုနှလုံးသားဟာလည်း သေဆုံးသွားတတ်သည်" 

ထိုအသံနဲ့အတူ ရှောင်ပိုင် လန့်နိုးသွားသည်...ဘေးကိုကြည့်တော့ ကုတင်ဘေးမှာ အိပ်ပျော်နေတဲ့ လုန်သယ်ကို တွေ့ရသည်....

မကြာခဏအိပ်မက်နေတဲ့ ထိုအိမ်မက်တွေဟာ ဘာကြောင့် ခဏခဏ သူမက်နေရတာလည်း ရှောင်ပိုင် စဉ်းစားမရချေ...အိမ်မက်ထဲက လူတွေရဲ့ မျက်နှာများကို တော့တစ်ကြိမ်တစ်ခါမှပင်မမြင်ဖူးချေ...

ပြီးတော့ သူအိမ်မက်ထဲမှာ ကြားခဲ့ရတဲ့ အသံတွေ သူမြင်ခဲ့ရတဲ့ ယော်ကျားသားနှစ်ယောက်ရဲ့ ဖြစ်ရက်တွေက ဘာတွေလည်း ...  ရှောင်ပိုင် သူ့ဘာသာ မေးခွန်းတွေ ထုတ်နေမိပြီး စိတ်ရှုပ် သွားသည်...

"ကြင်ယာတော် နိုးပြီလား...

"အင်း.. ပင်ပန်းစေမိပြီ အနားယူလိုက်ပါအုံး..

"ကြင်ယာတော်ကို မကာကွယ်နိုင်လို့ ကျွန်တော်ကသာ တာဝန်မကျေတာပါ...

"မင်းအရမ်းကိုတာဝန်ကျေပါတယ်...လူတစ်ယောက်က ငါ့ကို အန္တာရယ်ပြုချင်ရင်ဘယ်လိုမှတားစီးလို့မရဘူး...

ရှောင်ပိုင်က အပြုံးနုတစ်ခု ဖန်တီးရင်း ထိုသို့ ပြောသည်...

နှစ်တွေကြာလာတာနဲ့အမျှ ကြင်ယာတော်ဟာ သူစတွေ့တုန်းက ပုံစံမျိုးနဲ့ မတူတော့ပါ အရင်ကလို ကလေးဆန်တာမျိုးတွေ သိမ့်မတွေ့ရတော့ပါ...တစ်ခါတစ်လေ လူနှစ်ယောက်လို ဖြစ်နေတတ်သည်..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now