Love Piano🌸Ep.32

620 37 6
                                    

Zawgyi

ရှောင်ပိုင်ဟာ မင်းကြီးဆီက အချိန်တစ်ပတ်ယူပြီး သူနဲ့လုန်သယ်အပြစ်ကင်းကြောင်း သက်စေပြရန် ထိုနေ့က ဖြစ်ရက်ကို သူကိုယ်တိုင် စုံစမ်းနေသည်...

နေ့စဉ်ရက်နဲ့မျှ အရိုတ်ခံနေရတဲ့ လုန်သယ်ဟာ လူရုပ်သူရုပ်ပင်မပေါ်တော့ပါ တစ်ကိုယ်လုံး သွေးများ နဲ့ စုတ်ပြတ်နေတဲ့ အသားအရေးတွေသာ ရှိနေသည်...မစားရသောက်ရပဲ အချိန်ကြာမြှင့်စွာ နေရသည်မို့ လူမှာအားအင်များ လျော့နည်းနေပြီး အရိုတ်ခံထားရတဲ့ဒဏ်တွေကြောင့်ရော မထနိုင်တော့ပဲ ကြမ်းတမ်းပြီးအေးစက်တဲ့ကြမ်းပြင်ပေါ်မှာသာ အိပ်နေနိုင်သည်...

လုန်သယ်ဒီလိုဖြစ်ရတာဟာ သူ့အပြစ်မကင်းတာမို့ ရှောင်ပိုင် စိတ်ထဲမနေသည့်မထိုင်သာဖြစ်နေသည်သာ...အကျဉ်းခန်းဘက်ကို မသိမသာ သွားကြယ့်မိတဲ့အချိန်မှာ သူ့မြင်ကွင်းထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ကိုယ်သူသာအပြစ်တွေတင်နေမိပါတယ်..ထိုနေ့ကသူသာ လုန်သယ်ကိုအတင်းခေါ်မသွားရင် ဒီလိုအခြေအနေမျိုး ရှိလာမည်မဟုတ်ပါ..

မင်းကြီးအား သနားခံပြီး လုန်သယ်ကို အပြစ်လျော့ပေးရန် တောင်းဆိုခဲ့ပါသောလည်း ..သူထိုသို့တောင်းဆိုသည်က လုန်သယ်အတွက် ပိုလို့ပင် ဒုက္ခရောက်ခဲ့ရသည်..

သူ့ကိုဆို ဂရုတစိုက်ရှိပြီး ... သူခင်တွယ်ရတဲ့ လူတစ်ယောက်ပဲမို့ လုန်သယ်ကို ထိုနေရာကလွတ်ရန် ရှောင်ပိုင် သက်သေများ စုံစမ်းခဲ့သည်...

ဒီနေ့က တစ်ပတ်ပြည့်သည့်နေ့...ခန်းမထဲမှာ မိဘုရားသုံးပါးနဲ့ ကြင်ယာတော်တစ်ချို့လညားရှိနေပြီး မှူးမတ်နဲ့ အရာရှိကြီးများလည်း ရှိနေကျသည်... တစ်ဖက်တွင်တော့ သွေးသံတရဲရဲကြားက ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ ဒူးထောက်နေတဲ့ လုန်သယ် တစ်ကိုယ်လုံးလည်း သံကြိုးများ ချီထားလို့ပင်...

ကြင်ယာတော်တစ်ပါးကို မသင့်လျော်သော် ကိစ္စပြုရန်လုပ်သည်ပင်မကပဲ ပြုရန်ကြံစည်မိယုံနဲ့ ခေါင်းဖြတ်လို့ရသည်...ထိုပြစ်မှုဟာ သေမိန့်ရှိတာမို့ အချိန်တစ်ခုထိ ကြာမြှင့်သွားခဲ့ရင် လုန်သယ်တစ်ယောက် သေမိန့်ပေးခံရနိုင်သည်....

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Donde viven las historias. Descúbrelo ahora