Love Piano🌸Ep.33

619 32 6
                                    

Zawgyi

ခန်းမထဲရှိ လူအားလုံးဟာ မင်းကြီးဒေါသကြောင့် ..အားလုံး တိတ်ဆိတ်နေကျသည်...

"မေရွယ် မင်းသိလား..ကြင်ယာတော်တစ်ပါးကို လုပ်ကြံတာအပြစ်ဘယ်လောက်ကြီးလဲ ဆိုတာ.... အမိန့် ! !

မင်းကြီးဟာ မေရွယ်ကို ဒေါသအသံဖြင့် ပြောကာ... အမိန့်ဟုသော် စကားကို ပြောလိုက်တာနဲ့ ခန်းမထဲက လူအားလုံးဟာ ဒူးထောက်ကာ ခစားရတော့သည်...

"မိဘုရားမေရွယ်ဟာ ကိုယ့်အဆောင်တော်က လူကိုမထိန်းချုပ်နိုင်တာကြောင့် ကြီးလေတဲ့ပြသနာတွေဖြစ်ခဲ့တယ်..ဒါကြောင့် မိဘုရား ရာထူးမှ ဖြုတ်လိုက်ပြီး ယနေ့မှစ ကြင်ယာတော်ရာထူးနဲ့သာနေစေ..

မင်းကြီး၏ အမိန့်သံဆုံးတော့ ခန်းမထဲက လူအားလုံးဟာ တစ်ဖန် အ့သြသွားပြန်သည်...

"မင်းကြီး ဒါကမဖြစ်သင့်ပါဘူး...မိဘုရားက ဝူတိုင်းပြည်က မင်းသမီးတစ်ပါး ..

"ငါကိုယ်တော်ရဲ့အမိန့်ကိုလွန်ဆန်နေကျတာလား..

အမတ်တစ်ဦးဟာ မသင့်လျော်တာမို့ မင်းကြီးအားဖြောင့်ဖျာ့ရန် လုပ်ပါသော်လဲ စကားပင်မဆုံးသေးပဲ မင်းကြီးဆီက စကားကိုကြားလိုက်ရသည်...

မေရွယ်ကတော့ မည်သို့သော စကားကိုပင်မပြောတော့ပဲ နေရာမှာတင် မှိုင်တွေနေကာ အသက်မရှိတော့သလိုပါပဲ..

"ကြင်ယာတော်...

"အမိန့်ရှိပါ မင်းကြီး..

မင်းကြီးဟာ ရာဇပလ္လင်ပေါ်မှာ ပြန်ထိုင်လိုက်ပြီး ခန်းမအလည်က ကြင်ယာတော်အား နူးညံ့စွာ လှမ်းခေါ်သည်...

မင်းကြီး၏အပြုအမှုဟာ သူ့အနားလာရန် ခေါ်နေတာမို့ ရှောင်ပိုင်လည်း နားမလည်ဟန်နဲ့ပင် မင်းကြီးအနားကို သွားလိုက်သည်..

မင်းကြီးဟာ တစ်လှမ်းခြင်း လှမ်းလာနေတဲ့ ကြင်ယာတော်ကို မသိသာသော်အပြုံးလေးနဲ့ ကြည့်နေသည်..မင်းကြီး၏ မျက်ဝန်းတွေကအစောကနဲ့မတူတော့ပဲ နူးညံ့နေသည်..

"အင့် မင်းကြီး...

ရှောင်ပိုင်ဟာ ပလ္လင်အနားရောက်သွားတော့..မင်းကြီးကသူ့ရှေ့က ကိုယ်လုံးလေးကို ‌‌ ခါးကနေ ဖက်ကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်သည်..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now