Love Piano🌸Ep.41

516 30 0
                                    

Zawgyi
"လုန်သယ် ကြင်ယာတော်ဘယ်မှာလဲ

"အဆောင်တော်ထဲမှာ...

နန်းတော်ရောက်သည်နဲ့ မြင်းပေါ်ကအမြန်ဆင်းကာ... ကြင်ယာတော်ရှိရာဘက်ကို ဦးတည်ကာ ပြေးသွားသည်..

အဆောင်အဝကလုန်သယ်ကိုမြင်တော့ မင်းကြီး စိုးရိမ်တကြီး မေးတော့... မျက်လွှာ များကိုချကာ အဆောင်တော်ထဲကို အသာကြည့်ပြီး ဖြေလာတဲ့ လုန်သယ်

"ကြင်ယာတော် သူ သူ ဘာဖြစ်တာလဲ...

ကုတင်ပေါ်မှာ အိပ်နေတဲ့ ကြင်ယာတော်ကို မြင်တော့ မင်းကြီးဟာ အနောက်က လုန်သယ်ကို ထပ်မှန်မေးသည်...

"ယွဲ့ရိ ငါတောင်းပန်ပါတယ်..ငါ ငါကြင်ယာတော်ကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး..

"ကြင်ယာတော် ဘာဖြစ်တာလည်း...

လုန်သယ်၏ တောင်းပန်စကားကို လစ်လျူရှု့ကာ ကြင်ယာတော် ဘာဖြစ်လည်း ကိုပင် မေးနေသည်

"အဆိပ်မိတာ..

"အဆိပ်....?

"အထိန်းတော်ယဲ့တိုက်တဲ့ ဆန်ပြုတ်ကိုသောက်ပြီး ဖြစ်သွားတာ...သမားတော်ကြီးပြောတာကတော့ အိပ်စက်ခြင်းအဆိပ်ပါတဲ့ ...

"ဘာသဘောလည်း...

"ဖြေဆေးမရှိပါဘူးတဲ့...အဆိပ်ကိုစားမိတဲ့လူက တစ်သက်တာအိပ်စက်နေရမှာပါ

လုန်သယ်၏ စကားဆုံးတာနဲ့ အ့သြသော မျက်ဝန်းတွေက ကုတင်ပေါ်က ကြင်ယာတော်ကို ကြည့်လာသည်..မျက်ဝန်း တွေဟာ မယုံကြည်နိုင်သလို ဝမ်းနည်းရိပ် သန်းနေသည်..

"မင်းကြီး မင်းကြီး ဘယ် ကိုပါလဲ...

မင်းကြီးဟာ ကုတင်ပေါ်က ကြင်ယာတော်ကိုတစ်ချက်ကြည့်ပြီး အပြင်ဘက်ကို ထွက်သွားပြန်သည်... အနောက်က လုန်သယ်ဟာ မင်းကြီးအနောက်ကို အပြေးလိုက်ရသည်...

မင်းကြီးဟာ အကျဉ်းခန်းဘက်ကို ထွက်လာကာ.... ကြမ်းတမ်း တဲ့ ကြမ်းပြင်ပေါ်မှာ လည်းကျနေတဲ့ အထိန်းတော် ယဲ့ အနားကို ရောက်သွားလေသည်...

အအေးဒဏ်ကိုမခံနိုင်တဲ့ အထိန်းတော်ဟာ မေ့မျောလို့နေသည်...အခုချက်ချင်း အထိန်းတော် ယဲ့နဲ့ စကားပြောချင်တဲ့ မင်းကြီးဟာ ရေအေးများထည့်ထားတဲ့ သလုံတစ်ခုကို ယူပြီး အထိန်းတော်ယဲ့ မျက်နှာကို ပက်လိုက်သည်..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now