Description

4.6K 130 2
                                    

Description



မူလကိုယ်ပိုင်ရှင်ဆုယောင်သည် အနုပညာလောကတွင် နာမည်ဆိုးနှင့် ကျော်ကြားသော မင်းသမီးတစ်ယောက်ဖြစ်လေသည်။  ဆင်းရဲသောမိသားစုတွင် မွေးဖွားလာသော်လည်း သူဌေးသမီးဟု နာမည်ခံကာ မိုးပေါ် မြေအောက် ပင်လယ်သမုဒ္ဒရာ နေရာတကာမှ ထွက်သမျှသော နာမည်ကြီးအစားအသောက်များကို စားပြကာ ပရိတ်သတ်များ၏ အာရုံကို ဖမ်းစားခဲ့လေသည်။  ပရိတ်သတ်များက အဖြစ်မှန်အား သိသွားသောအခါတွင်မူ လှောင်ရယ်ခြင်းနှင့် အပြင်းအထန်ဝေဖန်ခြင်းများကို ခံခဲ့ရလေသည်။

ထိုအချိန်မှာပင် ကားတိုက်မှုတစ်ခုအား ကြုံတွေ့ခဲ့ရပြီး ဆုယောင်သည် မူလကိုယ်၏ ခန္ဓာထဲသို့ ရောက်လာခဲ့လေသည်။ ဆုယောင်သည် အသက်သုံးနှစ်ကပင် အသီးအရွက်များကို လှီးချွတ်တတ်ကာ အသက်ခြောက်နှစ်တွင် မီးဖိုချောင်သို့ စဝင်နေပြီဖြစ်လေသည်မို့ သူမ၏ ဟင်းချက်စွမ်းရည်က စံတင်စရာပင်။

ဆုယောင်သည် ဤခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် သူမသည် " ချိုချို ငန်ငန် စပ်စပ်လေး " ရသစုံရှိုးတွင် ပါဝင်နေသည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ယောက်၏ ဟင်းပွဲကို ဝေဖန်ကာ သူမကိုယ်တိုင် ဟင်းချက်ပြခဲ့လေသည်။ မထင်မှတ်ဘဲ ရှိုးက အလွန်ပင်အောင်မြင်သွားခဲ့ပြီး " ငယ်ရွယ်မှု၏ လမ်း" ဟူသော ရှိုးတွင် ထပ်မံပါဝင်ခဲ့လေသည်။ ထိုရှိုးတွင် လူတစ်ယောက်၏ ဆင်းရဲချမ်းသာသံသရာကို ဖော်ထုတ်ပြသခဲ့ပြီး ပရိတ်သတ်များ၏ နှလုံးသားကို ပြန်လည်သိမ်းပိုက်ခဲ့လေသည်။

ထို့နောက်တွင်မူ " ကွာရှင်းဖို့အတွက် ရက်သုံးဆယ်" အိမ်ထောင်ရေး ရသစုံရှိုးတွင် ပါဝင်ခဲ့ပြီး ကြီးကြီးငယ်ငယ် အရွယ်သုံးပါးမရွေး ပရိတ်သတ်များကို သိမ်းပိုက်ခဲ့လေသည်။ ထို့နောက်တွင်မူ. များစွာသော အချက်အပြုတ် ရသစုံရှိုးများတွင် ပါဝင်ကာ ရွှေအဆင့် အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့လေသည်။ အချက်အပြုတ် ရုပ်ရှင်ပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့ပြီး ပရိတ်သတ်များ၏ စားချင်စိတ်ကို အလှုံဆော်ပေးနိုင်ဆုံးသူ တစ်ယောက်ဖြစ်လာခဲ့လေသည် ။ အဆုံးသတ်တွင်မူ ချစ်သူတစ်ယောက်ရလာခဲ့ပြီး.....................................


အဓိကဇာတ်ကောင်။ ဆုယောင် ၊ စုန့်ယန်
ဇာတ်ပို့ ။ အလျင်းသင့်သလို ပါလိမ့်မည်။
တစ်ကြောင်းတည်း မိတ်ဆက် ။ ဆုယောင်သည် သေလောက်အောင် ဟင်းချက်တော်လေသည်။
ရည်ရွယ်ချက်။ လူတိုင်း တတ်နိုင်သမျှ အကောင်းဆုံးလူဖြစ်ရန်

Zawgyi

Description



မူလကိုယ္ပိုင္ရွင္ဆုေယာင္သည္ အႏုပညာေလာကတြင္ နာမည္ဆိုးႏွင့္ ေက်ာ္ၾကားေသာ မင္းသမီးတစ္ေယာက္ျဖစ္ေလသည္။  ဆင္းရဲေသာမိသားစုတြင္ ေမြးဖြားလာေသာ္လည္း သူေဌးသမီးဟု နာမည္ခံကာ မိုးေပၚ ေျမေအာက္ ပင္လယ္သမုဒၵရာ ေနရာတကာမွ ထြက္သမွ်ေသာ နာမည္ႀကီးအစားအေသာက္မ်ားကို စားျပကာ ပရိတ္သတ္မ်ား၏ အာ႐ုံကို ဖမ္းစားခဲ့ေလသည္။  ပရိတ္သတ္မ်ားက အျဖစ္မွန္အား သိသြားေသာအခါတြင္မူ ေလွာင္ရယ္ျခင္းႏွင့္ အျပင္းအထန္ေဝဖန္ျခင္းမ်ားကို ခံခဲ့ရေလသည္။

ထိုအခ်ိန္မွာပင္ ကားတိုက္မႈတစ္ခုအား ႀကဳံေတြ႕ခဲ့ရၿပီး ဆုေယာင္သည္ မူလကိုယ္၏ ခႏၶာထဲသို႔ ေရာက္လာခဲ့ေလသည္။ ဆုေယာင္သည္ အသက္သုံးႏွစ္ကပင္ အသီးအ႐ြက္မ်ားကို လွီးခြၽတ္တတ္ကာ အသက္ေျခာက္ႏွစ္တြင္ မီးဖိုေခ်ာင္သို႔ စဝင္ေနၿပီျဖစ္ေလသည္မို႔ သူမ၏ ဟင္းခ်က္စြမ္းရည္က စံတင္စရာပင္။

ဆုေယာင္သည္ ဤခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္လာခ်ိန္တြင္ သူမသည္ " ခ်ိဳခ်ိဳ ငန္ငန္ စပ္စပ္ေလး " ရသစုံရွိုးတြင္ ပါဝင္ေနသည္ျဖစ္ၿပီး ၿပိဳင္ပြဲဝင္တစ္ေယာက္၏ ဟင္းပြဲကို ေဝဖန္ကာ သူမကိုယ္တိုင္ ဟင္းခ်က္ျပခဲ့ေလသည္။ မထင္မွတ္ဘဲ ရွိုးက အလြန္ပင္ေအာင္ျမင္သြားခဲ့ၿပီး " ငယ္႐ြယ္မႈ၏ လမ္း" ဟူေသာ ရွိုးတြင္ ထပ္မံပါဝင္ခဲ့ေလသည္။ ထိုရွိုးတြင္ လူတစ္ေယာက္၏ ဆင္းရဲခ်မ္းသာသံသရာကို ေဖာ္ထုတ္ျပသခဲ့ၿပီး ပရိတ္သတ္မ်ား၏ ႏွလုံးသားကို ျပန္လည္သိမ္းပိုက္ခဲ့ေလသည္။

ထို႔ေနာက္တြင္မူ " ကြာရွင္းဖို႔အတြက္ ရက္သုံးဆယ္" အိမ္ေထာင္ေရး ရသစုံရွိုးတြင္ ပါဝင္ခဲ့ၿပီး ႀကီးႀကီးငယ္ငယ္ အ႐ြယ္သုံးပါးမေ႐ြး ပရိတ္သတ္မ်ားကို သိမ္းပိုက္ခဲ့ေလသည္။ ထို႔ေနာက္တြင္မူ. မ်ားစြာေသာ အခ်က္အျပဳတ္ ရသစုံရွိုးမ်ားတြင္ ပါဝင္ကာ ေ႐ႊအဆင့္ အႏုပညာရွင္တစ္ေယာက္ ျဖစ္လာခဲ့ေလသည္။ အခ်က္အျပဳတ္ ႐ုပ္ရွင္ေပါင္းမ်ားစြာကိုလည္း ရိုက္ကူးခဲ့ၿပီး ပရိတ္သတ္မ်ား၏ စားခ်င္စိတ္ကို အလႈံေဆာ္ေပးနိုင္ဆုံးသူ တစ္ေယာက္ျဖစ္လာခဲ့ေလသည္ ။ အဆုံးသတ္တြင္မူ ခ်စ္သူတစ္ေယာက္ရလာခဲ့ၿပီး.....................................


အဓိကဇာတ္ေကာင္။ ဆုေယာင္ ၊ စုန႔္ယန္
ဇာတ္ပို႔ ။ အလ်င္းသင့္သလို ပါလိမ့္မည္။
တစ္ေၾကာင္းတည္း မိတ္ဆက္ ။ ဆုေယာင္သည္ ေသေလာက္ေအာင္ ဟင္းခ်က္ေတာ္ေလသည္။
ရည္႐ြယ္ခ်က္။ လူတိုင္း တတ္နိုင္သမွ် အေကာင္းဆုံးလူျဖစ္ရန္

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now