Chapter 6

983 117 3
                                    

အခန်း (၆) ဆု စတိုင် ဖက်ထုပ်စွတ်ပြုတ်


"ညီမ ကျောက်ကျောက်၊ အစည်းအဝေး စတော့မယ်"

အေးဂျင့်၏ လက်ထောက်သည် တံခါး အပြင်ဘက်မှ အော်ခေါ်နေသောကြောင့်  ရုံးခန်းထဲတွင်ချီတုံချတုံ ဖြစ်နေသော တိုက်ကျောက်သည် သူမအား ဝင်ခွင့်ပေးလိုက်သည်။

လက်ထောက်မှ တံခါးအား ဖွင့်လိုက်ပြီး အခန်းထဲသို့ ဝင်လာကာ  အနည်းငယ် စိတ်ရှုပ်နေသော လေသံဖြင့် ...
“သတင်းထူး ရှိတယ်ဗျို့။ သတင်းထူး" ဟုပြောလာလေသည်။

ထို့နောက်တွင်မူ ပြောနေသော စကားကိုပင် အပြီးသတ် မပြောပဲ အခန်းအထဲတွင် ကျန်နေသည့် အနံ့အသက်အား သူမ ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။

“ညီမလေး၊ ဒီနေ့ မနက်စာ ယူလာခဲ့သေးလား၊ ဘယ်လို မနက်စာမျိုး ယူခဲ့တာလဲ။ ဘယ်ဆိုင်ကနေ ၀ယ်ခဲ့တာလဲ"

အသား၏ အနံ့မှာ အရမ်းပြင်နေပြီး ထင်ထားသည်ထက်ပင် ပိုမွှေးနေသည်။ သူမ မနက်ခင်း၌ စားခဲ့သည့် အသားညှပ် မုန့်လုံးကြီး နှစ်လုံးကြောင့် ဖြစ်ရမည်ဟု တွေးလိုက်ပြီး သူမ ကြားထားသော သတင်းအား တိုက်ကျောက်ဆီသို့ ခပ်တိုးတိုး ဖြန့်တော့၏။

“လောင်ခမ်း ဘာပြောပြော ယုံတဲ့ ဆုယောင်ဆိုတဲ့ ကောင်မလေးအကြောင်း ကြားပြီးပြီးလား"


"ဘယ်သူ..."

တိုက်‌ကျောက်မှ အသံကိုမြှင့်ကာ ပြောလိုက်သည်။

လက်ထောက်မှလည်း တိုက်ကျောက် နားသို့ လာကာ ဆက်၍ ပြောလေ၏။
"လောင်ခမ်းရဲ့လက်ထဲက အလှဆုံးနဲ့ အမြတ်အစွန်း အများကြီး ရအောင်လုပ်ပေးနိုင်တဲ့ ဆုယောင် ပေါ့"
"တလောလေးကမှ နာမည်တွေ ကျသွားတဲ့ တစ်‌ယောက်‌လေ"
"အစတုန်းကတော့ ညီမလေးက သူ့အပေါ် အကောင်းမြင်ပြီး သူ့လိုဖြစ်ချင်ခဲ့တယ်။ အခုတော့..." 

လက်ထောက်မှ အတင်းပြောနေသည်ကို မရပ်တန့်နိုင်တော့ပေ။
နားထောင်နေရင်း  ပိုပိုဆိုးလာသည်။

တိုက်ကျောက်က အချိန်မီ စကားဖြတ်လိုက်ပြီး မေးလိုက်၏။

"ငါ ဘာအပိုတွေမှ ထပ်မပြောချင်ဘူး။ ဆုယောင် ရဲ့ လတ်တလော သတင်းတွေ သိထားလည်း မေ့ထားလိုက်"

တိုက်ကျောက်၏ စကားကြောင့် သူ၏ လက်ထောက်က စကားမဆက်တော့ပေ။

တိုက်ကျောက်သည် နေ့လည်စာအဖြစ် အမဲသားအား နှစ်ယောက်စာသာ ဝယ်ခဲ့ပြီး ဆုယောင်အား လောက်ငှအောင် လုပ်ခိုင်းခဲ့သည်။

" ဒီတစ်ခါတော့ မင်း ကိုယ်တိုင် လုပ်ရမယ်။
ဒီဖက်ထုပ်ပြုတ်ကို မင်း ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင်တော့ မင်းနဲ့ ငါနဲ့ ကိစ္စပြီးပြီ"

ဆုယောင်သည် တိုက်ကျောက် ပြောသည်ကို နားလည်လိုက်ပြီး သူ၏ ရှေ့၌ပင် ချက်ပြုတ်ရန် ပြင်ဆင်မှု စတင်တော့၏။ မနက်က ကျန်နေသေးသော အသားများကို ယခု ထပ်ကာ ဝယ်လာသောအသားများနှင့် ရော၍ နှုတ်နှုတ်စင်းပြီး နယ်ထားလိုက်သည်။ ဂျုံများကိုလည်း ရေထည့်ကာ ရောနယ်ပြီး ဖက်ထုတ်ရွက် ပြုလုပ်ရန်အတွက် အပြားလေးများ လုပ်ကာထားလေသည်။

တိုက်ကျောက်ကမူ ဆုယောင် လုပ်နေသည်ကိုပင် ကြည့်နေရင်းပင် စကား နှိုက်လာလေသည်။

“လောင်ခမ်းက တစ်ခုခု လှုပ်ရှားနေတယ်လို့ ငါ ကြားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ကြာေသေးလား"

"မမ ကျောက်၊ ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခု သိတာရှိရင် မမကို ဆုဆု ဖုံးကွယ်မထားပါဘူး"

ဆုယောင်က ထိုသို့ ပြောလိုက်သည်နဲ့ တိုက်ကျောက်၏ လက်ထောက်က စိတ်ဝင်စားလာပြီး တံခါးကို ပိတ်ကာ တိုက်ကျောက်သို့ နားသို့ ရောက်လာကာ သူ၏ နောက်တစ်မျိုးသော သတင်းက စလာတော့၏။

"လောင်ခမ်းက ဒုဥက္ကဋ္ဌ ဟွမ်းရဲ့ လက်ပါးစေပဲ မို့လား။ ခမ်းက သူ့ကို ဖယ်ထုတ်ဖို့ အခွင့်အရေးပဲ ရှာနေတာ၊ ဒုဥက္ကဌကလည်း အဲ့တာကို သိတယ်“

"အဲ့တာက ဘာပြောချင်တာလဲ"

တိုက်ကျောက် နားထောင်နေလေပြီး သူ၏ လက်ထောက်က ဆက်ကာပြော၏။

"သူတို့က အဓိက အိမ်တော်နဲ့ စေ့စပ်ပွဲလုပ်နေတုန်းမှာ လောင်ခမ်းက ဒုဥက္ကဌကို  တခြား မင်းသမီး တစ်ယောက်နဲ့ ညှိပေးနေတာကို သိပြီး  သူတို့သမီးရဲ့မိဘ ညီအစ်ကိုတွေက တော်တော် မကျေမလည်ဖြစ်သွားတယ်"

"ဒီနေ့ကျတော့ ဆွေးနွေးလို့တောင် မရတော့ဘူး။ အဲ့တာနဲ့ လောင်ခမ်း ကုမ္ပဏီကို ရောက်တာနဲ့ ဒုဥက္ကဌက ချက်ချင်း ပါးနှစ်ကြိမ် ရိုက်လိုက်တာ ဒဏ်ရာရသွားတာက သိသိသာသာပဲ"

"... ..."

တိုက်ကျောက် သည် လောင်ခမ်းနှင့် တစ်ခါမျှ မဆက်ဆံခဲ့ဖူးသလို  လောင်ခမ်း၏ ရုံးခန်းသည်လည်း ပထမထပ်တွင် မရှိပေ။ သို့ဖြစ်၍  ပုံမှန်ဆိုလျှင် သူမ ဤသတင်းအား မသိ။

"ဘယ် မင်းသမီးလဲ၊ နာမည် ပေးထားဦး"

လက်ထောက်သည် နာမည်ပျက် စာရင်းထဲ ပါသွားနိုင်သည့် လူနာမည်ကို ဝမ်းသာအားရဖြင့် ပြောပြခဲ့လေသည်။

"အနာဂတ်မှာ ကုမ္ပဏီနဲ့ လာရှုပ်နေဦးမယ်၊ သေချာကြည့်ထားဦး"

"ပြကြည့်ပါဦး"

တိုက်ကျောက်သည်  လက်ထောက်၏ တက်ဘလက်ပေါ်ရှိ အချက်အလက်အား လှန်ကြည့်ကာ အံဩသွား၏။

"ဒါကြီးက ဘယ်လိုတောင် ကံကောင်းနေလို့ ဒီလောက် ဖြစ်နေတာတုန်း"

"ရသစုံရှိုးရဲ့ ကြည့်ရှုနှုန်းက ဘယ်လိုဖြစ်ရတာလဲ"

"အစီရင်ခံချိန်ကို ကြည့်လိုက်ရင်၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ မှတ်တမ်း တင်ပြီးသွားပြီ”

"ဘယ် ရသစုံရှိုးက ဒီလောက် ဈေးကြီးပေးတာလဲ"

တိုက်ကျောက်က  မျက်မှောင်ကြုတ်လိုက်ကာ
တစ်ခုခု မှားမည်စိုး၍ ထပ်ခါတလဲလဲ သတိထားကာ စစ်ဆေးနေလေသည်။

သူမ၏ လက်ထောက်က မနေသာတော့ပေ။

"ချိုချို စပ်စပ် ငန်ငန်လေး ဆိုတဲ့ အပိုင်းတို ရှိုးလေ"

"တကယ့် စားဖိုမှုးထက် အနုပညာရှင်တွေက ဒိုင်လုပ်ကြတာ"

"ထူးဆန်းတယ်၊ ဒီရသစုံရှိုးအကြောင်း အရင်က ငါဘာလို့ မကြားဖူးတာလဲ"

တိုက်ကျောက် ရုတ်တရက် ရယ်လိုက်သည်။

"ပြီးပြည့်စုံမှု မရှိတဲ့ အနုပညာ ကြယ်တစ်ပွင့် ဖြစ်တဲ့ ဆုယောင် ကိုတော့ ဒါက ကယ်တင်နိုင်ကောင်းနိုင်လိမ့်မယ်"
.....

မထင်မှတ်သော ညနေစောင်း တစ်ချိန်တွင်  တိုက်ကျောက်က တံခါးဆီ ရောက်လာခဲ့သည်။
သူမ ရောက်သည်နှင့် ပြောလိုက်သည်က
"ညနေမှာ ဖက်ထုပ်ပြုတ်  စားချင်တယ်၊ အခုပဲ စားမယ်။ ဗိုက် မပြည့်မချင်း အစားလျှော့ဖို့ စိတ်ကူး မရှိဘူး" ဟူ၍ ဖြစ်သည်။

ဆုယောင် ဝမ်းသာအားရ သဘောတူလိုက်၏။

"အကုန်စားနိုင်တယ် မဟုတ်လား"

တိုက်ကျောက် အနေဖြင့် ဖက်ထုပ် လုပ်နည်းကို မသိခဲ့ပေ။ သူမသည် အရိုးရှင်းဆုံး ဖက်ထုပ်များကို ပြုလုပ်နိုင်သေး၏။ ဒါပေမယ့် ဆု ရဲ့ ဖက်ထုပ်လုပ်နည်းစနစ်က သူမကို ထိတ်လန့်စေခဲ့သည်။

"ရပ်ပါ၊ ရပ်... အခု ဘာလုပ်လိုက်တာလဲ၊ ဘာလို့မြန်နေတာလဲ"
တိုက်ကျောက် သည် စဥ့်နီဘုတ်ပေါ်ရှိ ပေါင်မုန့်လုံးလေးကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

"အစာသွပ်နေတာလေ"
"မဟုတ်ဘူး၊ မင်း ကောင်ကောင်းနဲ့ မြန်မြန်ဆန်ဆန်  ဘယ်လို လုပ်လိုက်တာလဲလို့ မေးနေတာ"

တိုက်ကျောက် သည်  မုန့်သားများ ပေါ်ရှိ အခေါက်များကို ရေတွက်ပြီး မရေရွတ်ပဲ မနေနိုင်ချေ။
"စက်ရဲ့ အရှိန်က အဲ့ထက် မပိုဘူး။ ခေါက်သား ၁၈ ခု ရှိတယ်"
"မုန်ခေါက်သား အပိုတွေက မုန့်သားကို ပိုထူစေပြီး ပိုညီစေတယ်၊ အရသာလည်း ပိုကောင်းစေတယ်"

ဆုယောင်က စကား အနည်းငယ် ပြန်ပြောပြီး ဖက်ထုပ်အရွက်များကို ဆက်ခေါက်နေသည်။ အချိန်တိုအတွင်းမှာပင် အရွယ်အစား တူပြီး  ပုံစံခွက်ထဲ ထွင်းထုထားသကဲ့သို့ ဖက်ထုပ် အလုံးလေးများ ဖြစ်ပေါ်လာသည်။

ဤမျှ တိကျသော လက်ရာက နှစ်အတော်ကြာအောင် အာရုံစိုက် လေ့ကျင့်မှု မရှိလျှင် လုံးဝ မဖြစ်နိုင်သည့် အရာ ဖြစ်၏။

တိုက်ကျောက်သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဆုယောင် ကုမ္ပဏီသို့ ရောက်ရှိလာသော အချိန်၌ သူမ၏ ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် ခေါင်းငုံ့ကာ မန်ဒရင်းဘာသာ နားမလည်ကြောင်း ပြောခဲ့သည်ကို သတိရမိသော်လည်း ယခုမူ...
တိုက်ကျောက်သည် ဆုယောင် ၏ မျက်၀န်းများအား ကြည့်ကာ သနားမိခဲ့၏။

ရိုးသားပြီး ရိုးရှင်းသော မိန်းကလေး တစ်ယောက်ဖြစ်သော်လည်း လောင်ခမ်း၏ ညစ်ပတ်လှသောလက်တစ်စုံကို လက်ခံကာ "ချမ်းသာသော သူဌေး၏ သမီး" အဖြစ် လက်ရာမြောက်စွာ ဖန်တီးယူခဲ့သည်ကိုမူ နားမလည်နိုင်ခဲ့ပေ။

မြင်ကြည့်လိုက်စေချင်သည်။ ဤကဲ့သိုသောဘ၀တစ်ခုက လူများအား အတင်းအကျပ် လုပ်စေ ဖြစ်စေခဲ့သည်ကို...

နာရီဝက် အကြာတွင် ဖက်ထုပ် အလုံးလေးများအား အိုးထဲမှ တစ်လုံးပြီး တစ်လုံး ဆယ်ထုတ်လိုက်သည်။
တိုက်ကျောက်သည်  အခြားအရာများအား အာရုံမထားနိုင်ဘဲ အစာစားခြင်းကိုသာ  အာရုံစူးစိုက်ထားခဲ့သည်။ ကာဗွန်ရေနှင့် အဆီပေါင်းစပ်မှုသည် ပျော်ရွှင်မှုကို နှစ်ဆတိုးစေ၏။

"မမ ကျောက်၊ ရှာလကာရည် လိုချင်လား" ဟု  ဆုယောင် မေးလိုက်သည်။
"ကျွန်မ ဟင်းရည် တစ်အိုးကို သောက်သောက် မသောက်သာက် ကျိုနေသေးတယ်"
"အားလုံးပဲ"
တိုက်ကျောက်သည် သူ၏ ပျော်ရွှင်မှုကို နှစ်ဆတိုးရန် ရွေးချယ်ခဲ့၏။

မူရင်း ဖက်ထုပ်ပြုတ်သည် အရသာရှိလျှင် ရှာလကာရည်နှင့် ဖက်ထုပ်ပြုတ်၏ တွဲဖက် အရသာသည် နံပါတ် တစ်ပင် ဖြစ်သည်။

အချဉ် အရသာသည်  ဟင်းရည် အရသာနှင့် လိုက်ပြီး ပနံရနေ၏။

တိုက်ကျောက် သည် တစ်ကြိမ်စားလျှင် ခုနစ်လုံး၊ ရှစ်လုံးအထိ ဆက်တိုက်စာနေခဲ့ပြီး ဗိုက်ထဲတွင်မူ ဆာလောင်နေသေးသည်ဟု ခံစားရသေးသည်။
သူမ ခေါင်းကိုမော့ပြီး သူ၏ ဘေးက ရှာလကာရည်ပန်းကန်ကို တစ်ချက် ကြည့်လိုက်သောအခါ ရုတ်တရက် သဘောပေါက်သွားပြီး ...

"အဖော်ကောင်းလေး၊ ငါ ဘာလို့ ဖက်ထုပ်ပြုတ် အကြောင်းပဲ တစ်နေကုန် တွေးနေမိတာ၊ ငါ သိတယ်၊ မင်း ငါ့ကို မနက်စာနဲ့ လာလာဘ်ထိုးပေမယ့်  ရှာလကာရည်ကျ မပါလာခဲ့ဘူး"

"ယူလာဖို့ မေ့နေသွားတာ"
ဆုယောင် သည်နှိမ့်ချစွာ ပြုံးပြပြီး တောင်းပန်သည့်အမူအရာ လုပ်ပြခဲ့၏။

တိုက်ကျောက်သည် ရှာလကာရည် ပန်းကန်ပြားထဲ တစ်ချိန်လုံး နှစ်နေသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး နှလုံးသားထဲတွင် ညည်းတွားနေမိသည် - "ဒါကို ယူလာဖို့ ဘာလို့မေ့သွားတာလဲ"
သေချာသည်မှာ သူမ ကိုယ်တိုင် ထောင်ချောက်ဆင်ပြီး ခုန်ဆင်းလာမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
တိုက်ကျောက် သည် ခေါင်းငုံ့ကာ ဖက်ထုပ်စွပ်ပြုတ်များအား ကိုက်လိုက်ရာ တစ်ခုတည်းသော ငြိတွယ်မှု အနည်းငယ်အား လွှင့်ပစ်လိုက်သည်။

ကိစ္စမရှိပါဘူး။
အလိုက်သင်နေရုံပါပဲ။
ဆုယောင်၏ ကျွမ်းကျင်မှုဖြင့်သာဆိုလျှင် သူမလည်း အလိုက်အထိုက် နေလိုစိတ်ရှိသည်။

....အေ့

ဆု လက်ရာ ဖက်ထုပ်ပေါင်းသည် ကျော်ကြားမှုအား ရရှိနိုင်မည့် လက်မှတ် စောင်အဖြစ် အသုံးပြုခဲ့သည်။ ဆုယောင် သည် လောင်ခမ်း၏ အညစ်အကြေးများကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး ယန်ရိဖန်း သည်လည်း သူမအတွက် အေးဂျင့်အသစ်အဖြစ် ပြောင်းလဲခဲ့သည်။

အေးဂျင့်အသစ်သည် အသက် သုံးဆယ် ကျော်၍ တင်းမာပြီး လေးနက်သောကြောင့် ယန်ရိဖန်းဟုခေါ်သည်။
ယခင်က ကျွန်မနဲ့အတူ လက်တွဲလာခဲ့သော အနုပညာရှင်သည် မိသားစုအကြောင်းများကြောင့် အလုပ် ဆက်မလုပ်နိုင်တော့ဘူးဟူ၍ ကြားသိလိုက်ရသည့်အတွက် ရှေ့ဆက်လျှောက်ရမယ့် လမ်းအတွက် ဆုယောင်း အား ရွေးချယ်ခဲ့သည်။

လူများသည် ရုပ်ရည်သွင်ပြင် ထက်မြက်ပြီး ခိုင်သောစီးပွားရေး စွမ်းရည်တွေ ရှိပါသည်။
ဆုယောင်သည် သူနှင့် နာရီဝက်ခန့် စကားပြောခဲ့ပြီးနောက် ယန်ရိဖန်း၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။

ဆင်းဆင်းရဲရဲဖြင့် မွေးဖွားလာခဲ့ရပြီး ဟင်းချက်ကျွမ်းကျင်၏။
ထို့အပြင် လှပသောမျက်နှာသည် အပိုဆုဖြစ်ခဲ့သည်။

ယန်ရိဖန်း က ခဏလောက် စဉ်းစားလိုက်ပြီး "မင်း ဒီအခြေအနေမှာ အဆင်ပြေနေတုန်းပဲ။ မင်းရဲ့အရင် သတင်းတချို့ကို ငါ ဖတ်ဖူးတယ်"
"သူတို့မှာ အနံ့ခံနိုင်တဲ့ နှာခေါင်တွေနဲ့ မျက်လုံးတွေရှိပေမယ့် သက်သေပြဖို့ မရှိဘူး"
"ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကို ပြောင်းပြန်လှန်ရတာက ပိုလွယ်တယ်"
"ပရိုဂရမ်ရဲ့နောက်ထပ် အပိုင်းမှာ ဗီဒီယို မှတ်တမ်းတင်ထားမှာ၊ မင်းရှေ့မှာ မင်းပဲရှိတယ်"
"ကင်မရာ ရှေ့မှာ တောင်းပန်ဖို့ အစပြုပြီးတော့ ဘဝ အတွေ့အကြုံကို ပြောပြရင်း ခေါင်းကို ငုံ့ထားပြီး အားနည်းဟန်ဆောင်ပါ"

"မင်းရဲ့ စိတ်ခံစားချက်တွေကို ဆူပွက်စေပြီး မှန်ကန်တဲ့ အချိန်တစ်ခု ရောက်ရင် ငိုတာ အကောင်းဆုံးပဲ"
လူတိုင်းမှ ဟန်ဆောင် ချမ်းသာတဲ့ သမီးအား အော်ဟစ်ကြသည်။
သို့သော် သူသည် ဆင်းရဲသော မိသားစုတွင် မွေးဖွားခဲ့ပြီး ကုမ္ပဏီသည် နုနယ်သည့်သူအား ပျိုးထောင်ကာ ကောင်းမွန်သော အလုပ်တစ်ခုကို ထူထောင်ခဲ့သည်မှာ အလွန် စိတ်အနှောက်အယှက်ဖြစ်စရာ မဟုတ်ပေ။ ထို့အပြင် ဆုယောင် သည် အနည်းငယ် ပိုကောင်းအောင် စွမ်းဆောင်နိုင်လျှင် မှားယွင်းနိုင်စရာ အကြောင်းမရှိ။
ယန်ရိဖန်း သည် အရာအားလုံးကို တွက်ချက်ခဲ့ပြီး သူ၏ မျက်လုံးများက သူ၏ အနုပညာရှင် အသစ်အား လှမ်းကြည့်ကာ အဖြေကို စောင့်မျှော်နေခဲ့သည်။

အချိန် အတော်ကြာသွားသောအခါ ...

ဒါပေမယ့် ပျောပြောင်သော အသံဖြင့် ဆုယောင် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ဒါပေမယ့် နောက်ဆုံး တစ်ခေါက်မှာ ပါဝင်သူတစ်ယောက်နဲ့ ကျွန်မ အငြင်းပွားခဲ့တာ။ သူ့ မျက်လုံးတွေနီရဲလာပြီး မျက်နှာကိုလက်နဲ့အုပ်ပြီး ထွက်ပြေးသွားတယ် "
စိတ်ဆင်းရဲစွာဖြင့် ငိုချလိုက်သည်။

"ဘယ်သူက ယုံမှာလဲ"

မင်း ငါ့ကို ဘာပြောပြနေပြန်တာလဲ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now