Chapter 39

500 47 0
                                    

အပိုင်း (၃၉) ဝက်သား ထမင်းပေါင်း



စုန့်ရန်အတွက် ခပ်ပေးလိုက်သော ပထမဆုံး ပန်းကန်က အစပ်နည်းသဖြင့် စုန့်ရန်အဖို့ အဆင်ပြလှသည်။


သို့သော် ဆုယောင်အတွက်မူ စပ်သည့် အရသာကို မခံစားရပေ။


ထို့ကြောင့် အိုးထဲတွင် ကျန်ရှိနေသော ဝက်ခြေထောက်များကို အစပ် ထပ်ထည့်ပြီး ထပ်တည်လိုက်သည်။


စုန့်ရန်က မြင်လိုက်သောအခါ နှမြောသွားပြီး လက်ရှိ ပန်းကန်ထဲမှ ဝက်ခြေထောက်များကိုသာ ဖြည်းဖြည်းချင်း စားလိုက်၏။


စွပ်ပြုတ်ပူပူကို ငုံ့သောက်လိုက်၊ ဝက်ခြေထောက် အသားများကို ကိုက်စားလိုက်ဖြင့် အစပ်အရသာကြောင့် နှုတ်ခမ်းများက နီရဲလာတော့သည်။


ထို့ကြောင့် ရေအေး တစ်ခွက်ကို အနားတွင်ချကာ ရေသောက်လိုက် စားလိုက်ဖြင့် အလုပ်များနေ

တော့၏။


စုန့်ရန်က ဝက်ခြေထောက် သုံးခုမြောက် စားပြီးသွားသောအခါ ဗိုက်ပြည့်ပြီး ဆက် မစားနိုင်တော့ပေ။


အချိန်ကို ကြည့်လိုက်သောအခါ ဂီတပွဲ ပြီးမည့် အချိန်သို့ ရောက်လာသဖြင့် စုန့်ရန်က ချောင်မန်လင်းတို့ကို ကြိုရန် ပြဇာတ်ရုံ ရှေ့သို့ မောင်းလိုက်သည်။


"နင် ဒီနေ့ မလိုက်တာ အရမ်း နှမြောဖို့ ကောင်းတာပဲ ဆုယောင်ရယ်။ ဒီနေ့ ဂီတပွဲက အရမ်းပျော်ဖို့ကောင်းတယ်"


ချောင်မန်လင်းက ကားပေါ်သို့ ရောက်ရောက်ချင်း ဒေါက်ဖိနပ်ကို ချွတ်ကာ ဆုယောင်ဆီသို့ အပြေးအလွှား ရောက်လာပြီး ထိုသို့ပြောလိုက်သည်။


ကားထဲသို့ ရောက်သောအခါ နှာခေါင်းထဲသို့ အနံ့တစ်ခု ရလာသဖြင့် ချောင်မန်လင်းက "ဟမ်၊ ဘာအနံ့လဲ။ စပ်ပြီး မွှေးတဲ့ အနံ့မျိုးပဲ" ဟု မေးလိုက်၏။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now