Chapter 33

431 57 0
                                    

အပိုင်း(၃၃) အကင်မျိုးစုံ

လင်းရန်ချီက စုန့်ရန်ကို သွားထိလို့ မရမှန်း သိသွားသဖြင့် တိတ်ဆိတ်သွားတော့သည်။

အထူးသဖြင့် စုန့်ရန် အရှေ့တွင် ဆုယောင်၏ အကြောင်းကို ထပ်မပြောမိရန် သတိထားပြီး နှုတ်ဆိတ်နေလိုက်၏။

အနားယူမည့် နေရာသို့ ရောက်သောအခါ စုန့်ရန်က အခန်းများ ငှားလိုက်ပြီး နေရာချထားလိုက်သည်။

စုန့်ရန်က ဟဲယွမ်ဟန်နှင့် အတူ မနေချင်သဖြင့် လင်းရန်ချီနှင့် ဟဲယွမ်ဟန်ကို အတူနေရာချထားလိုက်၏။

အကြောင်းမှာ လင်းရန်ချီက ကြုံသလို အိပ်တတ်သည်ဟု ပြောထားသောကြောင့် ဖြစ်သည်။

"ရန်ချီက ဘယ်လိုနေနေ အိပ်တတ်တယ်မလား"

အားလုံးက အားကျသည့် အကြည့်ဖြင့် ဝိုင်းကြည့်နေကြသဖြင့် လင်းရန်ချီက မနေတတ်ဖြစ်ကာ "ရပါတယ်။ ဒီည အစ်ကို ယွမ်ဟန်နဲ့ ကျွန်တော် အတူတူအိပ်လိုက်မယ်" ဟု ပြောလိုက်သည်။

"ဒါဆို တော်သေးတာပေါ့။ ငါလည်း အသက်ကြီးလာတော့ အိပ်ရင် ဟောက်တတ်လာတာ။ အဲ့ဒါကြောင့် တခြားလူကို နှောင့်ယှက်သလို ဖြစ်မိနေလို့ အားနာနေတာ" ဟု ဟဲယွမ်ဟန်က ရှက်ပြုံးပြုံးကာ ပြန်ပြောလိုက်၏။
"ရပါတယ်၊ အစ်ကို ယွမ်ဟန်ရဲ့။ ကျွန်တော်က ဘယ်လိုနေနေ အိပ်တတ်တယ်"
ထိုအခါ ဟဲယွမ်ဟန်က ကျေနပ်သွားကာ "ကောင်းတယ် ညီလေး။ နောက်ဆို ငါတို့ အမြဲတမ်း တူတူအိပ်ကြ‌တာပေါ့။ မဟုတ်ရင် ခေါင်းဆောင်နဲ့ အန်းဝမ်တို့က အအိပ်ဆတ်တော့ အားနာလို့" ဟု ပြောလိုက်သည်။
လင်းရန်ချီက မမျှော်လင့်ဘဲ စုန့်ရန်နှင့် အကြည့်ဆုံသွားသောအခါ ကျောချမ်းသွားသဖြင့် ဟဲယွမ်ဟန်ကို ပြုံးရုံသာ ပြုံးပြပြီး စကားထပ်‌မပြောတော့ပေ။
အခန်းငှားသည့် အစီအစဉ်က ပြီးမြောက်သွားသဖြင့် ဝန်ထမ်းက အခန်းသော့များကို ပေးလိုက်ကာ "ဒီည (၈) နာရီမှာ ကျွန်မတို့ စခန်းက မီးပုံပွဲတော် ကျင်းပမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ စိတ်ဝင်စားမယ်ဆိုရင် ပါဝင် ဆင်နွှဲလို့ရပါတယ်" ဟုပြုံးပြီး ပြောလိုက်သည်။
ထိုအချိန်တွင် အားလုံးက စိတ်ဝင်စားသွားကာ နားစွင့်လိုက်ကြသည်။
ဆုယောင်က "ပိုက်ဆံ ပေးရမှာလား" ဟု ပွင့်ပွင့်လင်းလင်း မေးလိုက်သောအခါ ဝန်ထမ်းက ရယ်ပြီး "အလကား ပါဝင် ဆင်နွှဲရမှာပါ။ နေရာက ရေကန်ဘေးမှာ ကျင်းပမှာ ဖြစ်ပြီးတော့ အစားအသောက်တွေလည်း ရှိမှာပါ" ဟု ပြောကာ လက်ကမ်း စာစောင်ကို ကမ်းပေးလိုက်၏။
ထိုလက်ကမ်း စာစောင်တွင် စခန်းမှ ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် မီးပုံပွဲတော် အကြောင်းကို
ဧည့်သည်တော်များ ပျော်ရွှင်ရန်အတွက် ညဘက် ငါးဖမ်းခြင်း၊ အကင် ကင်စားခြင်းနှင့် ကစားပွဲ အသေးများကို ကျင်းပပေးလေ့ရှိသည်။
ဆုယောင်တို့ အားလုံးက အစပိုင်းတွင် ပင်ပန်းနေကြသော်လည်း လက်ကမ်းစာစောင်ကို တွေ့လိုက်သောအခါ တက်ကြွသွားခဲ့ကြ၏။
လက်ကမ်း စာစောင်ထဲမှ အစားအသောက်များနှင့် အသက်ဝင်၍ ရင်ခုန်ဖွယ်ရာ ဖြစ်နေသည့် ပတ်ဝန်းကျင်ကို ကြည့်ကာ ဆင်နွှဲချင်နေခဲ့ကြသည်။
အားလုံးက သဘောတူ၍ "ကောင်းပြီ။ ဒါဆို ငါတို့  (၇) နာရီ (၅၀) မှာ ဆုံပြီး ရေကန်နားကို (၈) နာရီ အရောက်သွားကြမယ်" ဟု စုန့်ရန်က ပြောလိုက်သည်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now