Part-3

4.6K 119 2
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အခန်း-၃

"ကိုကို့ ကိုငယ်ငယ်လေးထဲကနေအိမ်မက်များမက်တဲ့ထိအောင်ရင်မှာစွဲလန်းမိတယ်"
ကားထဲမှာFM ကလွင့်တဲ့သီချင်းသံကြားတော့ကိုကြီးနဲ့နွယ်တို့ရဲ့ငယ်ဘဝကိုပြန်တွေးမိတယ်။

(နောက်ကြောင်းပြန်)

နွယ့်မှာအမတယောက်အကိုတယောက်ရှိပီးကိုကြီးကတော့တစ်ဦးတည်းသောသားပါ။နွယ့်မိဘတွေကရတနာလုပ်ငန်းလုပ်ပီးကိုကြီးမိသားစုကတော့လက်ရုန်းgroupရဲ့founderတွေဖြစ်ပါတယ်။နွယ့်ဖေဖေဦးမင်းသစ်နဲ့ကိုကြီးဖေဖေဦးဘုန်းသုတ တို့ကငယ်သူငယ်ချင်းများဖြစ်ကြသလိုကိုကြီးနဲ့နွယ့်အကိုဇန်မင်းသစ်ကလဲမေဂျာတူဝါသနာတူအရမ်းချစ်ကြသောငယ်သူငယ်ချင်းဖြစ်ကြသည်။အိမ်နီးချင်းများဖြစ်ကြတာမို့နွယ့်မေမေဒေါ်ရတနာနဲ့ကိုကြီးမေမေဒေါ်မြသက်တို့လဲအရမ်းခင်မင်ကာဒေါ်မြသက်မှာသားတယောက်သာရပီးခလေးမရတော့သဖြင့်နွယ်နှင့်နွယ့်မမခြူးကသစ်တို့ကိုသမီးရင်းကဲ့သို့ချစ်ကာမမခြူးကိုချွေးမတော်ရန်အထိစဉ်းစားထားသူဖြစ်သည်။အရွယ်ရောက်တော့မမခြူးကလဲကိုယ့်ထက်ငယ်သူကိုစိတ်မဝင်စားကိုကြီးကလဲလက်မခံလို့မိဘများလက်လျော့ထားကြရသည်။နွယ်ကတော့ဘယ်အချိန်ထဲကကိုကြီးကိုသဘောကျမိမှန်းမသိပေမဲ့နွယ်မှတ်မိတဲ့အရွယ်ကစချစ်ခဲ့တာပဲဖြစ်သည်။

ကိုကြီးရယ်ကိုဇန်ရယ်မယုရယ်ကuniversity တူတူတက်ရင်းခင်ကြရာကနေကိုကြီးနဲ့မယုနဲ့ကဒုတိယနှစ်လောက်မှာချစ်သူတွေဖြစ်သွားကြပီလို့ကိုဇန်ဆီကကြားရတော့နွယ့်မှာအသဲတွေကွဲပီးဖျားလို့ဆေးရုံဘာညာရောက်သေးတယ်မမခြူးကရိပ်မိပီး

"ငယ်လေးကခုမ၉တန်းရှိသေးတယ်လက်ရုန်းထက်ပိုချစ်ရမယ့်သူပေါ်လာမှာပါ"
"ဟင့်အင်းမမသမီးကကိုကြီးကလွဲရင်ဘယ်သူမှမချစ်တော့ဘူးအပျိုကြီးလုပ်မှာခုတော့ရင်ထဲကစူးပီးနာတယ်မမခြူး"
"ကဲဒါဆိုလဲမမတို့ဒီလိုတွေးကြမယ်ညီမလေးနေကောင်းအောင်နေစာကြိုးစားညီမလေးကဘွဲ့ရရင်လက်ရုန်းကညီမလေးကိုချစ်ချင်ချစ်လာမှာပေါ့"
"ဟင်းဒီကြားထဲမမယုနဲ့ယူသွားရင်ရော အီးဟီးဟီး"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now