Part-18

3.7K 125 1
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၁၈

"She say yes"

ဆိုပီးလက်ရုန်းကနွယ်လေးကိုရင်ခွင်ထဲထည့်ကာမော့နေသောနွယ်လေးနဖူးကိုငုံ့နမ်းနေပီးနွယ်လေးကproposal ringလေးဝတ်ထားသောလက်ကလေးကိုထောင်ပြ​နေသောပုံလေးတင်လိုက်သည်။ပုံအောက်မှာလူအများက congratulations ဝိုင်းရေးနေပေမဲ့ထိုပုံကိုကြည့်ကာငရဲကျနေသူတယောက်ကတော့ယုဖြစ်သည်။ဘယ်ဘဝကရေစက်ဆိုးမှန်းမသိပေမဲ့ယုဘဝသေအောင်နာကျင်ချိန်တိုင်းသူတို့ပျော်စရအချိန်
နှင်အမြဲတိုက်ဆိုင်နေတတ်သည်။ခုလဲညက ယုတားဆေးသောက်တာကို ကိုညီသိသွားပီးယုကိုမသေရုံတ
မယ်ရိုက်နှက်ထားလို့ဆရာဝန်အိမ်ပင့်ကာပြရသည်။ဒီမနက်သက်သာခါစမှာချယ်ရီ့ဆီကမက်ဆေ့ရမှယုသိရသည်။ဒီလောက်မြန်မြန်လက်ထပ်ဖြစ်မယ်မ
ထင်ထားမိဘူးတွေးနေတုန်းချယ်ရီပြောစကားကြောင့်လူကဒေါသအလိပ်လိုက်ထွက်လာရသည်။ချယ်ရီပြောတာက
"နင့်exကြီးကနိုင်ငံခြားကျောင်းတက်သွားတာအဲ့ခလေးမကိုမခွဲနိုင်လို့အတင်းဇာတ်လမ်းစင်ပီး
လက်ထပ်ခွင့်ရအေ င်လုပ်သွားတာတဲ့ဟေ့"
ယုအော်ဟစ်သောင်းကျန်းယုံမှအပဘာမှမလုပ်
နိုင်တော့ပါ။

ကိုကြီးနဲ့နွယ်မင်ဂလာပွဲအတွက်ပြင်ဆင်သူများထဲ
တွင်ကိုကြီးမေမေကအတက်ကြွဆုံးဖြစ်သည်။ကိုကြီးကအလုပ်ကြိုးစားလုပ်တာတကယ့်ကိုနွယ်လေးအတွက်ဆိုတဲ့အတိုင်းမေမေမြတို့တင်တောင်းတာအပြင်ကိုကြီးကသူလက်ရှိလုပ်နေသောcompany၂ခုထဲမှ
အသစ်တစ်ခုကိုနွယ်ကိုတင်တောင်းသည့်ထဲမှာထည့်ပေးလို့အားလုံးအံ့ဩရသည်။နွယ်နဲ့ကိုကြီးပွဲနီးလာသောအခါနှစ်ဖက်အမျိုးများစံုလင်လာလို့
ပျော်ရွင်ဖွယ်ကောင်းလှသည်။

ဒီလိုနဲ့ပဲမင်ဂလာဆောင်နေ့ရောက်ရှိလာသည်။မနေ့ညကတော့နွယ့်မေမေကနွယ်လေးကိုဖက်ကာငိုသည်မေမေငိုတော့နွယ်လည်းငိုမိသည်။ညကဖေနဲ့မေကြား
ဝင်အိပ်ကာမနက်ရောက်တော့ကိုကြီးကမိတ်ကပ်
ပြင်ဖို့လာခေါ်သည်။မိတ်ကပ်ပြင်ချိန်တွင်လည်းအနားမှာသာအရိပ်တကြည့်ကြည့်မို့အလှပြင်သည့်မာမီက

"အမလေးသတိုးသားရေအဲ့လောက်ကြည့်နေတာသတို့သမီးတော့မသိဘူးကျမတော့ရင်တွေခုန်ပီး
လက်တွေတုန်လို့မလှရင်မသိဘူးနော်"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now