Part-9

3.5K 129 7
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၉

ကိုညီကယုအပေါ်အရမ်းနွေးထွေးသည်ယုကတခုခုကိုကြိုက်တဲ့မျက်လုံးနဲ့ကြည့်တာနဲ့ကိုညီကသိသည်ယုရဲ့ဝမ်းနည်းတာဝမ်းသာတာနှုတ်ကဖွင့်ပြောစရာမလိုပဲသိသလိုယုဖြစ်ချင်တာမှန်သမျှကိုလိုလေသေးမရှိအရိပ်တကြည့်ကြည့်ဖြည့်ပေးသူဖြစ်သည်။ရုန်းကတော့ယုလိုချင်တာမှန်သမျှလုပ်ပေးပေမဲ့နှုတ်ကဖွင့်ပြောမှသာသိသည်။ယုနဲ့ချစ်သူဖြစ်တာသုံးနှစ််နီးပါရှိပေမဲ့လက်ကိုင်ပခုံးဖက်နဖူးနဲ့ပါးကိုတာနမ်းတာများသည်။နှုတ်ခမ်းကိုနမ်းတာကရေတွက်လို့ရသည်။ကိုညီကတော့အရမ်းလက်သွက်သည်ယုနဲ့တွဲတာလပိုင်းပေမဲ့လူတွေ့တာနဲ့နမ်းတာပဲနမ်းရင်လဲနှုတ်ခမ်းသာနမ်းသည်။အတူတူနေဖို့လဲခနခနတောင်းဆိုတတ်သည်။ယုကလက်ထပ်ပီးမှသာခွင့်ပြုမည်ဆိုထားတော့မြန်မြန်လက်ထပ်ဖို့ခွင့်တောင်းနေသည်။ဖုန်းမြည်လာလို့တွေးနေတာရပ်ပီးကြည့်လိုက်တော့ရုန်းဆီကမို့မကိုင်ပဲထားလိုက်သည်။ယုရုန်းကိုစိတ်ဆိုးပီးစကားမပြောတာဒီနေ့ဆို၃ရက်လောက်ရှိပီဖြစ်သည်။ကိုယ့်ချစ်သူဒီလောက်စိတ်ဆိုးတာတောင်လူကိုယ်တိုင်လာမချော့ပဲဖုန်းပဲဆက်နေလို့ကိုတမင်ဖုန်းမကိုင်ပဲထားလိုက်သည်။ကိုညီဆိုယုကိုစိတ်ဆိုးတာမရှိရအောင်ဂရုစိုက်သ ည်။

"မယုအောက်မှာကိုလက်ရုန်းရောက်နေတယ်"

ညီမလေးလာခေါ်မှအတွေးပြတ်သွားကာ

"မတွေ့ချင်ဘူးလို့ပြောလိုက်"

"ကိုလက်ရုန်းကမမဆင်းမတွေ့မချင်းမပြန်ဘူးတဲ့"
ယုအောက်ထပ်ဆင်းလာတော့ရုန်းကလက်ဆွဲပီး

"လာတနေရာသွားပီးစကားပြောရအောင်"
ကားကိုစကားပြောကောင်းသည့်နေရာတွင်ရပ်လိုက်သည်။

"ယုကိုယ်တောင်းပန်တယ်နော်အန်တီရတနာရဲ့အသက်နဲ့ဆိုင်တဲ့ကိတ်စမို့ပါကွာကိုယ့်ကိုနားလည်ပေးနော်"
"ဟင့်အင်းနားမလည်ဘူးယုသေချာပြောထားရက်နဲ့ရုန်းကဖုန်းမဆက်ပဲပျောက်သွားတာယုဒီမှာဘယ်လောက်ဒုက်ခရောက်လဲသိလားပီးတောလဲအရေးကြီးလားဆိုတော့နွယ်ကသစ်ကိုသွားကြိုတာတဲ့အဲ့တာကြောင့်မို့ပိုစိတ်ဆိုးတယ်"
"မဟုတ်ဖူးလေယုကိုယ်မက်ဆေ့ပို့ပီးရှင်းပြထားတယ်လေနွယ်လေးကိုကြိုမယ့်သူမရှိလို့ပါဆိုနော်ယုရယ်စိတ်မဆိုးနဲ့နော် ကိုယ်ဒီမှာယုကြိုက်တဲမုန့်တွေဝယ်လာတယ်နော်စိတ်ဆိုးပြေတော့ကွာ"
"ရှင်ကျမကိုပစ်ထား၃ရက်တောင်လေ"
"အဲ့ဒါကဇန်မင်းတို့ကflight delayဖြစ်ပီးရောက်တာနောက်ကျတော့ကိုယ်ကလာလို့မရလို့ပါခုရရချင်းထွက်လာတာစိတ်မဆိုးနဲ့တော့နော်"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now