Part-16

3.6K 139 5
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၁၆

"ချယ်ရီပြော ညကတောင်ရှင်ဆက်မယ်ထင်နေတာပံုတွေတွေ့တယ်"

"ညကယောက်ကျားရှိလို့မဆက်တာdinnerလိုက်
ချင်ရင် ယုနဲ့ပက်သက်သာမပြောရဘူးဆိုတဲ့ကတိတောင်းပီးမှခေါ်တာယုရေ"
"ဘာလို့လဲနွယ်ကသစ်ကမကြိုက်လို့တဲ့လားဒါအမှန်တရားပဲလေ ဟင်းဟင်း"
"အဲ့ဒါကိုယ်ကပြောချင်တာဟိုမှာလဲသူရမိန်းမကလဲသူ့resort ကိုကြော်ငြာချင်တော့ညီမလေးညီမလေးနဲ့ပီးတော့ စည်သူရဲ့ကောင်မလေးဒေါက်တာကလဲသူ့ကို
ကျောင်းထားပေးတဲ့သစ်ဂျူဝယ်ဖောင်ဒေးရှင်းကနွယ်ကသစ်မိဘပိုင်တာဆိုပီးဖူးဖူးမှုတ်မတတ်ဟယ်
ဟဲ့ယုရှင်ပြောတော့လက်ရုန်းကစပွန်ဆာဆိုခုတိုင်းဆိုသူ့မိဘကတော်တော်ရှိတာပဲပီးတော့သူဝတ်လာတာတွေကလဲတန်ဖိုးမနည်းဘူးနော်နားကစိန်နှစ်ဆင့်နားဆွဲကလဲသိန်းထောင်ကျော်မယ်နောက်လည်ဆွဲနဲ့လက်ကောက်ကလဲTiffany setနဲ့IWATCHနော်ကြည့်ရင်ဘာမှမဝတ်ထားသလိုလိုနဲ့အရမ်းclassicဖြစ်နေတာစပွန်ဆာတော့မဟုတ်လောက်ဖူး"

"ကိုယ်လဲသူများပြောတာကြားတာပါ"

တမင်သက်သက်ကိုနွယ်ကသစ်ကိုမုန်းလို့လက်ရုန်းဆီကစပွန်ဆာရနေတာလို့သူငယ်ချင်းတွေကိုသတင်း
လွင့်ထားတာဖြစ်သည်။

"ဟယ်လက်ရုန်းကလေအဲ့ကောင်မလေးကိုဟယ်ငုံထားမတတ်သိလားနွယ်လေးလို့တောင်မခေါ်ရဘူးတဲ့အဲ့တာသူ့အပိုင်နာမည်တဲ့ဟယ်ကဲပြသဲပြတာစားတော့လဲပုစွန်အခွံခွါရတာနဲ့steakကအစသေချာစားလို့ရမယ့်အရွယ်လေးတွေဖြတ်ပေးအသီးအရွက်ရွေးထည့်ပေးနဲ့ဟယ်သိလား ဆော်ရီးယုငါပြောတာနင့်အတွက်စိတ်ညစ်စရာဖြစ်သွားလား"

ဖြစ်တာပေါ့လို့ပြောချင်စိတ်ကိုထိန်းရင်း

"မဖြစ်ပါဘူးဟယ်ရပါတယ်ပြောပါ"
"ယုနင် အဲရစ်ရဲ့wedding တက်မှာလားလက်ရုန်းကောဇန်မင်းပါတက်မှာနွယ်ကသစ်ပါ ပါမှာ"

"ဘယ်တော့လဲ"

"လကုန်လေ"
"အေးအဲ့လောက်အားပါတယ်တက်မယ်"
"အဲ့ခါဆံုကြတာပေါ့ကြားထဲအကြောင်းထူးရင်ဖုန်းဆက်မယ် ဘိုင်"
"ဘိုင်"
ချယ်ရီပြောတာတွေနားထောင်ပီးယုမှာသွေးတက်ချင်လာသည်။ရုန်းရဲ့နွယ့်အပေါ်အချစ်တွေကဓါတ်ပုံထဲမှာတောင်ပေါ်လွင်လွန်းလို့မုန်းမိသည်။ရုန်းရဲ့နွယ်အပေါ်ကြည့်တဲ့အကြည့်ကအဖိုးတန်ရွှေရုပ်ခလေးကဲ့သို့တယုတယနဲ့ကျိုးပဲ့မသွားအောင်တန်ဖိုးထားတဲ့ပံုဖြစ်လေနွယ်လေးကိုမုန်းမိလေဖြစ်သည်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now