Part-4

3.8K 122 1
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

အပိုင်း-၄

ရုန်းကိုအကြံအစည်နဲ့ချဉ်းကပ်ခဲ့တာမှန်ပေမဲ့ယုတကယ်ချစ်ခဲ့တာပါ။ရုန်းချစ်ခွင့်ပန်တဲ့နေ့ကဆိုပျော်လွန်းလို့ယုမှာဟန်ဆောင်ပီးစဉ်းစားခွင့်ပေးပါဘာညာလုပ်ရသေးသည်။စိတ်ထဲကရှိသည့်အတိုင်းဆိုတခါတည်းခေါင်း ညိတ်ချင်တာပါ။

ယုဆီကစဉ်းစားပါရစေဆိုပီးတလအကြာမှာအဖြေရခဲ့သည်။ကျွန်တော်ယုကိုချစ်တယ်လို့ထင်ခဲ့သည်သူ့မိသားစုအတွက်ကြိုးစားနေတာတွေသိရပီးသနားချစ်လို့ဇန်မင်းကတော့ပြောသည်သူ့ရဲ့ထက်မြက်မှုနဲ့အလှတရားကလဲကျွန်တော်သူ့ကိုချစ်စေတဲ့အကြောင်းအရာဖြစ်မည်ဟုထင်သည်။ယုနဲ့တရားဝင်ချစ်သူဖြစ်တယ်ဆိုတော့ဇန်မင်းက
"ငါမင်းကိုယောက်ဖမတော်ရတော့ဘူးပေါ့ငယ်လေးတော့သနားပါတယ်အသဲကွဲပီ"
ဆိုပီးစနောက်နေသေးသည်။တကယ်လဲနွယ်လေးဆေးရုံရောက်သည်အထိနေမကောင်းဖြစ်ခဲ့ပီးဇန်မင်းကလဲကိုယ့်ကြောင့်လို့ပြောတော့တော်တော်စိတ်မကောင်းဖြစ်ရသည်။မေမေနဲ့ဆေးရုံလိုက်သွားတော့နွယ်လေးကကိုယ့်ကိုစကားတာပြောနေတာမျက်လုံးထဲမျက်ရည်အပြည့်နဲ့ဆိုတော့စိတ်မကောင်းပိုဖြစ်ရသည်။နွယ်လေးဆေးရုံဆင်းပီးနောက်ပိုင်းသိပ်မတွေ့ဖြစ်တော့ပါ။အရင်ကတော့အားတာနဲ့ဇန်မင်းဆီသွားဆိုတော့နွယ်လေးနဲ့ဆုံပေမဲ့ခုနောင်ပိုင်းကအားတဲ့ရက်ဆိုတာရှားသွားသည်။ပီးတော့ယုရဲ့တီတီတာတာချွဲချွဲနွဲ့နွဲ့တွေကိုလဲမမြင်ရမကြားရမနေနိုင်ဖြစ်တော့အားတာနဲ့ယုနဲ့သာအချိန်ကုန်ရသည်။ဒီနေ့လဲယုနဲ့ချိန်းထားတဲ့ဆီရောက်တော့ယုက

"ရုန်းယုကိုလေ present ပေးဖို့ဝယ်တဲ့ဆိုင်ပို့ပေးပါလားဒီနေ့ကမေလ၂ရက်ဆိုတော့ယုသူငယ်ချင်းမွေးနေ့ကမနေ့ကဆိုတာမေ့နေတာသူစိတ်ကောက်နေလောက်ပီအဲ့ဒါလက်ဆောင်လေးဝယ်ပီးသွားချော့မလို့"

"ဟား ဒီနေ့ကမေ၂ရက်လားနွယ်လေးမွေးနေ့ပဲကိုယ်လဲမေ့နေတာအတော်ပဲတခါတည်းpresentဝယ်ပေးရမယ်"

"ရုန်း"
"အားနားအူသွားတာပဲယုဘာလို့အော်တာလဲ"
"အော်မှာပဲ ယုကြည့်နေတာနော်ဇန်မင်းကလဲတခါတလေယောက်ဖပါးစပ်ကမချဘူးယုရှိနေတာတောင်အားမနာဘူးရုန်းကလဲတခုခုဆိုဒီခလေးမလေးအတွက်ပဲသတိရနေတယ်"
"အာ အဲ့လိုမဟုတ်ပါဘူးယုရယ်ဇန်မင်းကလဲဒီလိုပဲပြောတာဘာသဘောမှမပါပါဘူးနော်စိတ်မဆိုးနဲ့လာသွားကြမယ်"
ယုကိုစကားနဲရန်ဆဲလုပ်ပီးကားပေါ်အတင်းခေါ်ကာလက်ဆောင်ဝယ်သည့်ဆိုင်သို့ထွက်လာလိုက်သည်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now