Part-28

3.6K 142 8
                                    

အပိုင်း-၂၈

"သားအန်တီတို့လဲလိုက်ခဲ့မယ်နော်"

"ဟုတ်—-ဆေးရံုအန်တီ"

ပြောပီးလက်ရုန်းကားအမြန်မောင်းခဲ့သည်။နွယ်လေးရယ်ကိုယ့်ကိုဘာလို့ဖုံးကွယ်ထားရတာလဲကွာဒါကြောင့်ထင်တယ်ဒီရက်ထဲညတိုင်းနွယ်ကတီးလုံးလေးတွေအိပ်ခါနီးဖွင့်လို့တောင်လက်ရုန်းတောင်အိပ်ကောင်း
တယ်ဘာညာပြောဖြစ်သေးသည်။ဆေးရုံရောက်တော့မေမေပြောတဲ့အခန်းဆီရောက်တော့နွယ်ကသတိမေ့နေဆဲလက်မှာလဲပိုက်တန်းလန်းနဲ့ဖြစ်သည်။ဘေးမှာမေမေနဲ့နွယ့်မေမေအပြင်ခြူးတို့သားအမိပါရှိနေသည်။

"ဘယ်လိုဖြစ်တာလဲမေမေ"

"မေမေတို့ကိုshoppingပို့ရင်းမူးတယ်ဆိုပီးလဲကျသွားတာအဲ့တာဆေးရုံကားနဲ့ဒီရောက်လာလို့ခြူးကိုလှမ်းခေါ်ရတာခုကအိပ်နေတာဆေးရုံကားပေါ်ထဲကသတိရပေမဲ့မူးတယ်ဆိုလို့ဆေးသွင်းပီးအိပ်ခိုင်းထားတာ"

လက်ရုန်းနွယ်လက်ကိုကိုင်ကာငိုတော့အားလုံးကအံဩနေပေမဲ့ဘာမှမေးမရလို့စိတ်ပူနေတုန်းအန်တီရိုစီနဲ့ထားရောက်လာခါအကြောင်းစုံရှင်းပြမှ မေမေတို့ကောမခြူးပါငိုကြသည်။ဆရာဝန်ကလူမမာနဲ့
ပက်သက်သာမေးချင်လို့ခေါ်တော့မခြူးရယ်လက်ရုန်းရယ်အန်တီရိုစီရယ်လိုက်လာကာအပြန်လှန်ဆွေးနွေးကြသည်။အန်တီရိုစီ့ဆရာဝန်ပါရောက်လာပီးပြော
မှနွယ်လေးကသမီးတွေမွေးစထဲကစိတ်ဂယောင်
ခြောက်ခြားတခေါက်နှစ်ခေါက်စဖြစ်တာဖြစ်ပီးအဲ့ထဲကမကုတာရောဆရာဝန်ညွန်ကြားချက်မဟုတ်ပဲ
အိပ်ဆေးတွေသူ့ဘာသူသောက်တာကောဆေးကုသတာကိုသေချာမလုပ်တာရောမို့ခုလိုဖြစ်သွားတာဟုဆရာဝန်ကဆိုသည်။နောက်ဆုံးရလဒ်ကတော့နည်းပညာကောအကူစက်ကရိယာပါစုံတဲ့စင်ကာပူမှာကုဖို့
နဲ့အန်တီရိုစီ့ဆရာဝန်ကစင်ကာပူကသူ့ဆရာနဲ့ချိတ်ပေးသည်။ဆရာဝန်ကအားလပ်ရက်ခရီးထွက်နေတာမို့
နောက်သုံးပတ်လောက်နေမှလာဖို့နဲ့လောလောဆယ်ဒီကဆရာဝန်ညွန်ကြားချက်အတိုင်းနေဖို့့စိတ်မပူဖို့ပြောပေမဲ့လက်ရုန်းရင်ထဲနေလို့မကောင်းပါအခန်း
ပြန်လာတော့ဖေဖေကောနွယ့်ဖေဖေနှင့်ဇန်မင်းတို့
လင်မယားပါရောက်နေကြပီဖြစ်သည်။
လက်ရုန်းဖခင်ရှေ့ဒူးထောက်ထိုင်ချကာ

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now