Hello

2K 106 17
                                    

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်

"ဘုန်းသန့်ညီ နင်ငါ့ကိုအခုပြန်ပို့ပေး"

"အသက် နင့်ကိုငါခေါ်လာတာပြန်ပို့ဖို့မဟုတ်ဖူး
ငါချစ်လို့ခေါ်လာတာ"

"နင့်ကိုငါပြောပီးပီလေ နင်နဲ့ငါ မဖြစ်နိုင်ဘူးလို့ နင့်အမေကြောင့်ငါ့အမေ ကံကောင်းလို့မသေတာလေ နင့်ကိုလက်ခံလိုက်ရင် ငါ ငါ ငါ့မိသားစုရဲ့အမုန်းတွေပဲရတော့မှာပေါ့ ငါတောင်းပန်ပါတယ် ငါ့ကိုပြန်ပို့ပေးပါ အသဲကောဖေဖေနဲ့မေမေပါ ငါ့ကိုစိတ်ပူနေတော့မှာ"

"အသက်ရဲ့မိဘတွေဆီ ကိုယ်ညထဲကဖုန်းဆက်ထားပီးပီ အသက်ကို ကိုယ်ခိုးပြေးသွားတာမို့စိတ်မပူဖို့နဲ့၂ပါတ်လောက်နေရင်လူကြီးစုံရာနဲ့လာအပ်မယ်လို့"

" ဟင် ညထဲကဆိုခုက ခုက ဒါဆို နင် နင် ငါ့ကိုဆေး
ခပ်ပီးခေါ်လာတာလား"

"ဟုတ်တယ်လေ"

ဘုန်းသန့်ညီ စကားဆုံးတာနဲ့ လေပေါ်ဝဲလာတဲ့
အသက်ရဲ့ခြေကန်ချက်ကို အလူးအလဲရှောင်ရင်း

"အသက် မောမယ်နော်"

ပြောနေတဲ့ကြားကလက်ပါ ပါလာလို့ အသက်ကိုခြေကောလက်ပါချုပ်ပီးရင်ခွင်ထဲထည့်လိုက်တော့

"လွတ် အယုတ်တမာကောင်"

"အသက်ရာ ကိုယ့်ကိုအဲ့လိုမပြောပါနဲ့မင်းကိုချစ်လွန်းလို့ပါကွာ ကိုယ့်ကိုချပီးထွက်ပြေးမယ်မစဉ်းစားနဲ့မင်းတိုက်ကွမ်ဒိုစတက်ထဲကကိုယ်လဲတက်ထားတာ
ကိုယ်က တိုင်းအဆင့်လက်ရွေးစင်နော် မင်းကခါး
ပါတ်အနက်ပဲရတာကိုယ်သိတယ် မင်းရဲ့
တိုက်ကွက်တွေကို ကိုယ်ကပြန်ခုခံနိုင်တယ် အသက်လေးပဲပင်ပန်းမှာ"

************************

"အသဲဘဝမှာ မဖြစ်ဘူးဆိုတာမရှိဘူး အဲ့တော့
နင်လောင်းချင်တဲ့ပွဲကိုငါလက်ခံတယ်"

ဆိုဖီနဲ့ရတနာ ဝိုင်းတားပေမဲ့အသဲကခေါင်းမာစွာနဲ့
ဆူဇန်တို့အုပ်စုနဲ့လောင်းကြေးထပ်နေတာဖြစ်သည်။ဆူဇန်က

"အသဲ ဟုတ်မှလုပ်နော် ဦးတည်စေမင်းက မတရားဇီဇာကြောင်တာ သူ့ရဲ့အတွင်းရေးမှူးမိန်းခလေးတိုင်းတလထက်ပိုမခံဘူး နင်၂လပဲလုပ်၂လဆိုနင်နိုင်ပီ"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now