Part-30

3.3K 146 17
                                    

အပိုင်း-၃၀

ဆေးရုံရောက်မှသမီးခြူးဆီရောသားPÁ ဆီပါဒေါ်မြသက်ဖုန်းဆက်ပြောရသည်။သမီးကိုတော့ရင်ပူ
တယ်ဆိုလို့အဆိပ်မိတယ်ထင်တယ်ပြောလို့ဒေါ်မြ
သက်စိတ်ပူကာကိုယ်ဝန်နဲ့မို့ဂရုစိုက်ပေးရန်ပြောရင်း
စောင့်နေတုန်းခြူးနဲ့ရတနာတို့ရောက်လာကြသည်။

"ရတနာရယ်မြဘယ်လိုမျက်နှာပြရမှန်းမသိတော့ပါဘူးကိုယ့်အိမ်မှာနေရင်းသမီးကတခုပီးတခုဖြစ်နေတာမြတောင်းပန်ပါတယ်"

"မြရယ်စိတ်ထဲမထားပါနဲ့ခုသမီးကို အန်တရယ်ကင်းအောင်ပဲဝိုင်းဆုတောင်းရအောင်"

လက်ရုန်းစကားပြောနေတုန်းဖုန်းထွက်ပြောတဲ့PA ဖြိုးကိုကြောင့်စိတိကတချက်ထိတ်ခနဲပူသွားရတုန်းဖုန်းထွက်ပြောတဲ့ဖြိုးကိုကမျက်စိမျက်နှာပျက်ဝင်လာလို့ဧည့်သ ည်ကိုခွင့်တောင်းကာမေးတော့လူကဘယ်လိုကားပေါ်ရောက်လာမှန်းမသိတော့ပေ။လက်ရုန်းသတိ
ဝင်လာတော့ကားကအမြန်နှုန်းနဲ့ဆေးရုံကိုဖြိုးကိုမောင်းပေးနေသည်။

ဦးဘုန်းသုတသားပုံကြည့်ပီးမသင်ကာလို့သားရဲ့PÁ ကိုမေးတော့အကြောင်းစုံသိပီးသားကိုစိတ်ပူတနဲ့pAလေးကိုပဲကားမောင်းပို့ခိုင်းလိုက်ရသည်။လက်
ရုန်းဆေးရုံရောက်တော့မေမေတို့ကခွဲစိတ်ခန်းရှေ့မှာ

"မေမေ ဘယ်လိုဖြစ်တာတုန်း"

မေမေ့ဆီကအဖြေမရခင်ခွဲစိတ်ခန်းထဲကသူနာပြု
ထွက်လာပီးပြောတဲ့စကားကြောင့်လက်ရုန်းဆေးရုံ
ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ပြုတ်ကျသွားသည်။

"လူမမာကအဆိပ်မိတာမဟုတ်ဘူး အိပ်ဆေးတွေသောက်ထားတာပါပီးတော့အိပ်ဆေးကများလို့ခလေးကိုထိလို့ကိုယ်ဝန်ပျက်သွားလို့သားအိမ်ခြစ်ရမှာမို့ခွဲ
ခန်းမှာကြာအုံးမယ်စိတ်ပူနေမှာစိုးလို့လာပြောတာပါ"

အန်တီရတနာကောမေမေပါတအားငိုနေလို့မခြူးက

"အသက်အန်တရယ်ရောစိတ်ပူရလားဆရာမ"

"အစာအိမ်ထဲကဆေးတွေအကုန်ထုတ်လိုက်လို့
အသက်အန်တရယ်ကတော့မရှိတော့ပါဘူး ခုကသားအိမ်ခြစ်ဖို့ပဲကျန်တာ လူနာရှင်တွေစိတ်ပူနေမှာစိုးလို့ပါ"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now