Part-17

3.6K 137 1
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၁၇

လက်ရုန်းစိတ်ထဲဒေါသတော်တော်ထွက်နေမိသည်။သူများမင်ဂလာဆောင်မို့သာအပြင်မှာသာဆိုအကုန်
ရိုက်ခွဲချင်လောက်အောင်စိတ်ကတိုနေသည်။ကိုယ့်ကြောင့်နွယ်လေးလူကြားထဲအဲ့လိုအပြောခံရတော့
ကိုယ့်က်ိုကိုယ်သာပိတ်ထိုးလိုက်ချင်မိသည်။ရှေ့
ရှောက်ကိုယ်ပိုကြိုးစားရမယ်လူတိုင်းမော့ကြည့်နေရတဲ့ဘဝမျိုးနွယ်လေးကိုထားပေးနိုင်ရမယ်ဆိုပီးတွေးနေတုန်း

"ကိုကြီးဘာလို့စိတ်တအားတိုနေရတာလဲနွယ်ဘာမှမဖြစ်ဘူးနော်မေးကြောတွေတောင်ထောင်လို့စိတ်လျော့လေနော်နော်"

စိုးရိမ်တကြီးနဲ့ကိုယ်လက်ကိုကိုင်ပီးကိုယ့်မျက်နှာကိုကြည့်ကာပြောနေသောအကြည်ဓါတ်လေးရဲ့အသံ
နဲ့မျက်နှာလေးကိုမြင်မှစိတ်ကြည်သွားကာ

"အင်းကိုယ့်အချစ်စိတ်မပူနဲ့နော်ကိုယ်စိတ်မတိုတော့ဘူး"

နွယ်တို့မင်ဂလာပွဲမှပြန်လာထဲကအရာအားလံုးကအေးအေးဆေးဆေးနဲ့မခြူးပွဲအတွက်ပြင်ရသည်။မခြူးပွဲအတွက်ပြင်ရင်းကိုကြီးစိတ်ကောက်လို့နွယ်တို့မိသားစုရောကိုကြီးမိဘတွေပါငိုအားထက်ရီအားသန်ဖြစ်ရသည်။မခြူးကသတို့သားသတို့သမီးအရံကိုနွယ်တို့စုံတွဲနဲ့ကိုဇန်တို့စုံတွဲကိုလုပ်စေချင်တယ်ဆိုတော့အားလုံးကလက်ခံပေမဲ့ကိုကြီးကပွဲနေ့က
အလုပ်နဲ့တိုက်နေတော့အရံလုပ်ဖို့အဆင်မပြေ
ဖြစ်တော့နွယ့်ကိုတခြားသူနဲ့တွဲခိုင်းမယ်ဆိုပီးဝိုင်းစတော့ကိုကြီးမှာသူ့အလုပ်ကလဲဖျက်မရနွယ့်ကိုလဲမ
လုပ်ဖို့တားရအောင်အားနာနဲ့မျက်နှာကြီးစူပုတ်ပီး
အိမ်ပြန်သွားတာဘယ်သူမှသတိမထားမိဘူးဖြစ်သွားသည်။

"သမီးငယ်သားလက်ရုန်းစိတ်ဆိုးပီးအိမ်ပြန်သွားတယ်ထင်တယ်လိုက်ချော့လိုက်အုံးသမီးကြီးနဲ့သားတို့ကလဲလေတော်ရုံစတာမဟုတ်ဘူးငါ့သားငယ်လေးစိတ်မကောင်းဖြစ်သွားတာ"

"ထားလိုက်ရတနာအဲ့ကောင်အားရှိစိတ်တိုနေတာမြသမီးကြီးပွဲမှာမြသမီးငယ်ကိုတော့ပွဲထုတ်ရမှာပဲ"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now