Part-15

3.8K 124 6
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

အပိုင်း-၁၅

ယုကိုရိုက်တာကို ကိုညီ့အမ မမရီကသိပေမဲ့မသိချင်ယောင်ဆောင်နေသဖြင့်ယုမှာကိုညီတို့အိမ်မှာကူ
ကယ်ရာမဲ့နေခဲ့သည်။ကိုညီ့ရဲ့စိတ်ကကြောက်ဖို့
ကောင်းသည်။ယုကိုပွဲတက်ရုပ်ပြရအောင်လူအများကြားခေါ်တတ်ပေမဲ့ယောက်ကျားတယောက်ယောက်နဲ့များစကားပြောတာတွေ့တာနဲ့အိမ်ရောက်တာနဲ့လူမ
ဆန်အောင်အရိုက်ခံရသည်။ကြာတော့ယုမှာလူအများကြားထဲသွားဖို့လန့်ရသည်။ငွေကိုတော့စိတ်ကြိုက်သံုးခွင့်ရပေမဲ့ဒီလိုစိတ်ရောဂါသည်နဲ့နေရသည်မှာစိတ်မချမ်းသာပေ။မေမေ့အားဒီအကြောင်း
ကိုအရိပ်အမွက်ပြောပေမဲ့မေမေကတော့သူပိုက်ဆံရဖို့တာစိတ်ဝင်စားနေခဲ့ပီးယုကိုစိတ်မဝင်စားပါ။အိမ်ထောင်သက်တနှစ်မပြည့်တပြည့်မှာယုကိုညီ
ရိုက်တာလက်လွန်လို့လိင်စိတ်ပျင်းပီးလူစိတ်ပျောက်လို့စတဲ့အကြောင်းအရာပေါင်းစုံနဲ့ဆေးရုံဆိုတာမကြာခနလာရတဲ့နေရာဖြစ်ခဲ့သည်။ခုလဲသူငယ်ချင်းပို့ပေးသည့်ရုန်းအကြောင်းဖတ်နေတာသိလို့စကားများရင်းကိုညီရိုက်တာလှေကားပေါ်ကပြုတ်ကျပီး
လက်ကျိုးပီးခါးကပါလှုပ်မရလို့ဆေးရုံတက်ရတာဖြစ်သည်။ဒီမနက်သက်သာတုန်းဝင်လာတဲ့ပုံတွေကြောင့်လူကပူလောင်ကာဒေါသထွက်ရသည်။အထူးသဖြင့်ယုသိပ်မုန်းတဲ့နွယ်ဆိုသောခလေးမလေးကလဲပျော်
ရွှင်နေပီးရုန်းကလဲ ထိုခလေးမလေးကိုငုံထားမတတ်
ချစ်တဲ့မျက်လုံးတွေနဲ့ကြည့်နေပုံဂရုစိုက်နေပုံတွေဟာယုအသည်းကိုဓါးနဲ့တမြည့်မြည့်ထိုးနေသလိုကိုခံစားရတာပါ။ယုဖြစ်ချင်တာကခုနွယ်လေးလိုရုန်းအချစ်ခံရတဲ့ဘဝပါဒါပေမဲ့အခုအခြေနေမှာထိုခလေးမလေးကိုပဲယုအသည်းခိုက်အောင်မုန်းမိသည်။ရုန်းဒီခလေးမလေးအပေါ်သံယောဇဉ်ကြီးတာကိုသိပေမဲ့ဒီလောက်
ချစ်သွားလိမ့်မယ်လို့တော့မထင်ထားခဲ့ယုနဲ့တုန်းကsocial mediaပေါ်ပုံတင်တာကယုပဲလုပ်ရသည်profile ဆိုလဲယုချိန်းမှစုံတွဲပုံရုန်းကဘယ်တော့မှမလုပ်တာတွေကိုဒီခလေးမကိုမှလုပ်ပေးသည်။မုန်းစရာကောင်းတဲ့ခလေးမကရုန်းပေးတဲ့လက်ဆောင်ဆိုပီးနှုတ်ခမ်းနီတွေတင်ထားကာမန့်မှာသူ့သူငယ်ချင်းတွေကိုပြောတာကကိုကြီးရွေးဝယ်လာတာသူ့အကြိုက်နဲ့ကွက်တိတဲ့ယုတုန်းကရုန်းကယုဝယ်ရင်ပိုက်ဆံလိုက်
ရှင်းရုံပဲအရောင်ရွေးကူပါဆိုမရွေးတတ်ဘူးလို့ပြောတဲ့သူကခုခလေးမလေးအပေါ်ပျော်ဝင်နေမှုကြီးကမနာလိုစရာဖြစ်သည်။ခုလဲရုန်းနဲ့နွယ်လေးရဲ့first date photoရယ်ဆိုင်တခုရဲ့pageကတင်တဲ့ပံုရယ်ရုန်းနဲ့သူငယ်ချင်းတွေရဲ့အပြန်လှန်ပြောစကားတွေဖတ်ပီးလူကအတော်ကိုပူလောင်ကာဒေါသအားလံုးကိုနွယ်လေးအပေါ်ပဲပုံချကာအနားမှာရှိသည့်ပစ်စ ည်းများကိုပစ်ခွဲပစ်လိုက်သည်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Waar verhalen tot leven komen. Ontdek het nu