Part-29

3.5K 148 14
                                    

အပိုင်း-၂၉

ဒေါက် ဒေါက် ဒေါက်

လက်ရုန်းတံခါးဖွင့်လိုက်တော့

"ကိုလက်ရုန်းနေကောင်းတယ်နော်"

"လာလာ ညီမတို့ဝင်ကြ နွယ်လေးကမနက်ထဲကမျော်နေတာ"

"အော်နန်းအလုပ်ကိတ်စမပီးလို့ နောက်ကျသွားတာ အကို ဆောရီး ကသစ်ရေ"

"ရော့ဒီမှာနင့်အကြိုက်မလိုင်ပေါက်စီရယ် မန်းလေးအထမ်းမြီးရှည်ရယ်ပါတယ် နင့်အတွက်မန်းလေးကနေဒီမနက်မှရောက်တာ ကိုလက်ရုန်းကောကြိုက်ရဲ့လားမသိဘူးကသစ်ကတော့အရမ်းကြိုက်တာ။ ဒါကပြင်ဦးလွင်မလိုင် ကသစ်အကြိုက်လေ"

နွယ်လေးသူငယ်ချင်းတွေကနွယ်လေးအကြိုက်တွေ
ဝယ်လာတာကောသူငယ်ချင်းတွေလာတာကောမလို့
နွယ်လေးပျော်နေရှာသည်။

"ကိုကြီးစားချင်ပီ သူသူတို့ကိုခေါ်တော့"

"အိုကေပါဗျာ"

"လက်ရုန်းသူသူနဲ့နိုနိုကိုခေါ်ကာစားစရာများပြင်ခိုင်းကာ

"ညီမတို့အားမနာနဲ့နော်လွတ်လွတ်လပ်လပ်နေ"

ဟုဆိုကာအခန်းဒီဘက်ခြမ်းမှာမေးလ်ပို့ထားသည်များစစ်လိုက်နွယ်လိုတာထလုပ်ပေးလိုက်နှင့်အလုပ်
လုပ်နေလိုက်သည်။ခါတိုင်းနည်းနည်းတာစားသော
နွယ်လေးသည်ခုသူငယ်ချင်းများနှင့်မို့စားလိုက်ပြော
လိုက်နဲ့တော်တော်များများစားလို့လက်ရုန်းမှာဝမိးသာရသလိုအစာမ​ကြေဖြစ်မှာစိုးလို့nurseတွေကိုမေးကာဆေးတိုက်ရသေးသည်။ နွယ်လေးသူငယ်ချင်းများကနေ့လည်၃နာရီလောက်ကျတော့ပြန်တော့မည်နှုတ်ဆက်တော့

"ညီမတို့ကိုကျေးဇူးတင်လိုက်တာနွယ်လေးကခါတိုင်းမစားဘူးခုဒီနေ့တော်တော်စားတယ်ဒီလိုသာစားရင်သူ့လက်ကdripချိတ်တဲ့အပ်မြန်မြန်ဖြုတ်ရမှာ"

"သီရိတို့လဲအချိန်မရလို့အကိုမဟုတ်ရင်နေ့တိုင်းလာပါတယ်ကဲ ကသစ်တို့သွားပီ အကိုသီရိတို့သွားပီနော်"

အားလံုးပြန်သွားတော့သူသူနဲ့နိုနိုလဲအခန်းရှင်းပီးသူတို့အခန်းဘက်ပြန်မှနွယ်လေးလက်ဆန့်ကာကိုကြီးကိုဖက်ပီးချွဲတော့သည်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်जहाँ कहानियाँ रहती हैं। अभी खोजें