Part-31

3.4K 122 6
                                    

အပိုင်း-၃၁

ဆေးရုံသို့ ဇန်မင်းကားနှင့်သာပြန်လာလိုက်သည်။ကားပေါ်တွင်

"ဇန် မင်းကဘယ်လိုရောက်လာတာလဲ"

"မခြူးဖုန်းဆက်တယ် မင်းထွက်သွားတာတအား
စိတ်တိုနေပုံမို့လို့တဲ့ ငယ်လေးကစိတ်ပူနေလို့
လိုက်သွားပေးဆိုလို့မင်း PÁဆီဆက်ပီး လိုက်လာတာ မင်းငါရောက်လာလို့ဘာလို့စိတိကိုလွတ်လိုက်တာလဲ"

"ငါဟိုနေ့ထဲက နွယ်လေးဆေးခတ်ထားတဲ့အအေးသောက်ပီး အိပ်ယာပေါ်လူးနေတာတွေ့ထဲကလူ
သတ်ချင်နေတာ။ ခုယုလုပ်တာဆိုတော့ဘယ်လိုမှ
ထိန်းမရတော့တာ"

"အေးကွာ မိန်းမတွေစိတ်ကလဲနော် တော်တော်
ကြောက်စရာကောင်းတယ်"

ဆေးရုံပြန်ရောက်လို့အခန်းထဲရောက်တာနဲ့နွယ်လေးက ကုတင်ပေါ်ကထမရတော့ လက်လေး၂ဖက်ဆန့်ကာ​
"ကိုကြီး"

ဆိုပီးခေါ်တာနဲ့လက်ရုန်း အပြေးလေးလူနာကု
တင်နားသွားကာရင်ခွင်ထဲဖက်ထားတော့နွယ်လေးကသမီးတွေမမြင်အောင်ငိုတော့သည်။လက်ရုန်းလဲသမီးတွေမကြားအောင်အသံတိုးတိုးနဲ

"နွယ်လေး ကိုယ့်အချစ်မငိုနဲ့တော့နော်ကိုကြီးပြန်လာပီလေကွာတအားငိုနေရင်ပင်ပန်းတော့မယ်တိတ်နော်သမီးတွေမြင်ရင်စိတ်မကောင်းဖြစ်မယ်ခုတောင်
အသက် ကလှည့်လှည့်ကြည့်နေတယ်"

"မားမီဘာလို့ငိုတာလဲ"

ပြောနေရင်းအသက် ကငိုတော့မယ့်မျက်နှာလေးနဲ့မေးတော့အသဲပါပြေးလာပီး

"မားမီနာလို့လား"

"မဟုတ်ပါဘူး အသဲနဲ့အသက် မားမီက ဒယ်ဒီ့ကို သမီးတို့လိုချွဲနေတာ"

နွယ်ပြောမှပဲသမီး၂ယောက်မျက်နှာကာငိုတော့မယ့်အရိပ်ယောင်ပျောက်ပီးပြုံးလာတော့သည်။

နွယ်စိတ်မကောင်းစိတ်ညစ်ဖြစ်မှာဆိုးတာနဲ့သမီး၂ယောက်ကိုတနေကုန်ခေါ်ထားပီး ညနေစာ ကျွေးပီးမှသူ့အဖိုးနဲ့အဖွားလာကြိုမှပြန်လွတ်
ပေးလိုက်သည်။သမီးတွေပြန်မှ လက်ရုန်း နွယ့်နားကပ်ရတော့သည်။

"ကိုကြီး"

"ဗျာ"

"ချစ်လိုက်တာဒီလူကြီးကို"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now