Part-22

3.5K 123 15
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၂၂

ယုဘဝအတွက်ရုန်းကန်နေရတာနဲ့ရုန်းကိုမတွေ့ရတဲ့ဒီ
နှစ်တွေအတွင်းမှာရုန်းကထူးထူးခြားခြားမပြောင်းလဲပဲပိုပီးရင့်ကျက်လာကာပိုကြည့်ကောင်းလာတာ
မြင်တော့စွန့်ပစ်ခဲ့မိသောကိုယ်ကိုကိုယ်သာနောင်တရမိသည်။အခုရုန်းကလက်ရုန်းgroupကိုင်္ဦးဆောင်နေပီလို့ကြားရတော့ယုမှာပိုပီးနာကျင်ရသည်။ဒီနှစ်တွေထဲရုန်းနဲ့နွယ်လေးအဆင်ပြေခဲ့သလောက်ယုဘဝကခါးသီးလွန်းလှသည်။ရုန်းကိုမင်ဂလာဆောင်ခါနီးနောက်ဆံုးတခေါက်သွားကြည့်ပီးထဲကလက်လျော့ကာယုဘဝအတွက်ကိုညီတို့မောင်နှမနဲ့အတော်တိုက်ပွဲဝင်ခဲ့ရသည်။

ရုန်းကိုကြည့်ပီးအပြန်စိတ်ညစ်ညစ််နဲ့အမေအိမ်
ပြန်တော့အမေကမရှိပဲညီမလေးနဲ့သာဆုံသည်။ရင်ဖွင့်စရာကညီမလေးပဲရှိတော့ညီမလေးကိုပြောပြောငိုငို
လုပ်မိသည်။ညီမလေးကယုရဲ့ရင်ဖွင့်ဖော်ဖြစ်သလို ကိုညီနှိပ်စက်လို့ဆေးရုံရောက်တိုင်းအပြေးလာပေးသောတယောက်သောသူဖြစ်သည်။ခုလဲ

"မမ ငါညကကြည့်တဲ့ကိုရီးယားကားထဲကလိုသူ
လိုချင်တဲ့ကိုယ်ဝန်ဆောင်ပေးမယ်မမကိုမရိုက်ရဘူးဘာပေးရမယ်ဘာညာတောင်းကြည့်ပါလား"

"အငယ်မနင်ပေးတဲ့အကြံမဆိုးဘူးငါလုပ်ကြည့်မယ်"

ဟုဆိုကာအိမ်ပြန်လာခဲ့သည်။အိမ်ရောက်တော့ကိုညီနဲ့စကားပြောကြည့်တော့ခလေးရူးနေတဲ့ကိုညီတို့မောင်နှမကလက်ခံသဖြင့်ယုလဲမရိုက်တော့တဲ့ကတိအပြင်ယုနာမည်နဲ့companyတခုကိုတောင်းတော့ကိုညီကအကုန်စီစဉ်ပေးသည်။ယုလဲcompanyပိုင်ရှင်၃လလောက်သာလုပ်ရသည်
ကိုယ်ဝန်ရလို့အလုပ်မသွားရပေ။ဒီကြားထဲအသုံးပြပီးငွေတချို့ကိုအငယ်မနာမည်နဲ့ဘဏ်တခုမှာထည့်ထားလိုက်သည်။ကံမကောင်းချင်တော့ကိုညီ့ကြောင့်ပထမကိုယ်ဝန်ပျက်ကျသည်။မမရီကတော့စိတ်ဆိုးပေမဲ့ကိုညီကတော့သူ့ကြောင့်မို့အသံတိတ်နေသည်။တ
နှစ်ကျော်ကြာတော့ကိုယ်ဝန်ထပ်ရသည်။ဒီခလေးတော့အတော်ဂရုစိုက်ရသည်။ခလေးမွေးတော့သားလေးမို့ကိုညီကလိုချင်တာပေးလို့ကိုညီ့အမွေထဲက
ပိုင်ဆိုင်မှုတချို့ရသည်။ရုန်းကိုရောင်းလိုက်တဲ့ခြံအပါအဝင်ပေါ့ခလေးတနှစ်ကျော်တော့ကိုညီကဗီဇက
ပြန်ပေါ်လာသည်။ယုကိုအလုပ်သွားတာယောင်ကျားတွေနဲ့ရှုပ်ချင်လို့ဆိုပီးအကြောင်းပြကာရိုက်လွန်းလို့
ယုမှာအိမ်မှာခလေထိန်းဘဝရောက်သွားတော့ယုစဉ်းစားရသည်ယုဒီလိုဘဝတော့မနေနိုင်ဆိုပီးတရက်
တရက်လွတ်မြောက်ဖို့ကြံတုန်းယုအကြံရသွားသည်။ယုအကြံကိုအကောင်အထည်ဖော်ဖို့ကြိုးစားရင်းနေသွေးနဲ့ဆံုခဲ့သည်။နေသွေးကယုဖြစ်ချင်တာမှန်သမျဖြစ်အောင်လုပ်ပေးနိုင်လို့သူ့ကိုအားကိုးရင်းယုနဲနေသွေးဖောက်ပြန်တဲ့အဆင့်သို့ရောက်ရှိသွားတော့သည်။အဲ့အတွက်ပြန်ရတာကကိုညီကိုတဖြေးဖြေးနဲ့အိပ်ယာထဲလဲကာနောက်ဆုံးမှာရောဂါကြောင့်သေဆုံးတယ်ဆိုတဲ့ရလဒ်ရအောင်ကျွေးရတဲ့ဆေး
နေသွေးကရှာပေးခဲ့သည်။တနှစ်လောက်တော့ယုမှာ
ဒုက်ခခံရသည်။ကိုညီအိပ်ယာထဲလှဲတာနဲ့နေသွေးကိုယုမောင်ဝမ်းကွဲဟုဆိုကာအိမ်ပေါ်ခေါ်တင်ထား
လိုက်သည်။နေသွေးအကူညီနဲ့ကိုကြီးအသံတုပြု
လုပ်ကာပိုင်ဆိုင်မှုအားလံုးယုနာမည်ပြောင်းဖို့ရှေ့နေဆီဖုန်းဆက်ကာအသံတုကိုဖွင့်ပြလိုက်သည်။ယုကတော့ကိုညီနဲ့ဒုက်ခခံခဲ့ရသမျှနေသွေးရဲ့ဘုရင်မကဲ့သို့ချစ်ပေးပြုစုယုယပေးမှုကြားမှာပျော်မွေ့နေရင်းကိုညီသေဆံုးအောင်စောင့်နေခဲ့သည်။အခုဆိုကိုညီဆံုးတာတနှစ်ကျော်ပီမို့နေသွေးကတရားဝင်လက်ထပ်လိုသည်ဟုပူဆာနေချိန်ရုန်းကိုတွေ့ရတော့ယုအတွေးပြောင်းသွားသည်။နေသွေးလိုဘာဘက်ဂရောင်းမရှိဘယ်ကလာမှန်းမသိသောကောင်လေးကိုယူမယ့်အစားရုန်းကိုနွယ်နဲ့ကွဲအောင်လုပ်ပီးပြန်ယူမယ်လို့သာတွေးလိုက်သည်။ပထမခြေလှမ်းအနေနဲ့နေသွေးကိုအချိုသတ်ပီးယုကရုန်းနဲ့အတူလက်တွဲအလုပ်လုပ်
ရန်ရုန်းတို့ဆီမှာရှယ်ယာဝယ်ဖို့ကြိုးစားရသည်။ကြားကပြောပေးသည့်ယုသူငယ်ချင်းကိုလဲယုအကြောင်းသနားစဖွယ်ဖြစ်အောင်ပြောပြရသည်။ဒါမှရုန်းဆီဒီသတင်းအကုန်ရောက်မှာဖြစ်သည်။ယုကြိုးစားတာ၈လခန့်မှာရုန်းတို့ဘက်ကယုတို့companyကယုတို့ကိုလက်ခံကြောင်းမေးလ်ပို့လာသည်။ယုလေပျော်
လိုက်တာနက်ဖန်ဆိုယုရုန်းနဲ့တွေ့ရပီ။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now