Part-23

3.3K 125 7
                                    

အပိုင်း-၂၃

မခြူးကိုစိတ်မချလို့နွယ်လေးကဆေးရုံစောင့်အိပ်
ချင်တယ်ဆိုလို့နွယ်လေးကိုထားခဲ့ကအမေနဲ့ရွှေရွှေလေးကိုခေါ်ပီးအိမ်ပြန်ခဲ့သည်။

"ကိုရဲပြန်လိုက်ပါနွယ်မမကိုစောင့်မှာမို့စိတ်ချပါ"

"ကိုယ်ကားပါကင်မှာရှိနေပါ့မယ်နွယ်လေးတခုခုဆို
ဖုန်းဆက်ပါပီးတော့နွယ့်အမကိုသေချာဂရုစိုက်ပေးပါ"

"အဲ့လောက်စိတ်ပူရင်ဘာလို့ဒီလိုဖြစ်အောင်လုပ်ရတာလဲကိုရဲ အီးဟီးဟီးခုမမသနားပါတယ်သားလေးဆိုပီးပျော်နေတာ"

"ကိုယ့်အမှားဆိုတာသိပါတယ်နွယ်ခုတော့ရှင်းပြလို့မရသေးလို့ပါကိုယ်သွားပီတခုခုဆိုဖုန်းဆက်နော်"

ပြောပီးကိုရဲကငိုတော့မယ့်မျက်နှာနဲ့ထွက်သွားသည်။

"ရေ ရေ ပေးပါဆရာမ"
ဆိုသောမမအသံကြားမှနွယ်ပြေးကာမမအနားသွားပီးရေလေးနှုတ်ခမ်းမှာပိုက်လေးနဲ့တေ့ပေးမှနဲနဲသောက်ပီးမျက်စိမှိတ်ကာငြိမ်နေသည့်မမကိုကြည့်ကာနွယ်မျက်ရည်ကျမိသည်။အကူဆရာမလေးကအပြင်ခနသွားမယ်ပြောပီးထွက်သွားမှ မမက

"နွယ်လေး"

"ဟုတ်မမ"

"မနက်ဖြန်မနက်ကျရင်လွှာနဲ့လက်ရုန်းကိုခေါ်ပီးမမ
ဖုန်းထဲကလိပ်စာထဲကအိမ်ကိုသွားမမဖြစ်တာကိုပြောပြပီးရင်သူပေးတာယူပီးပြန်လာခဲ့ နွယ်တို့
ပြန်ရောက်မယ့်အချိန်ကိုဇန်မင်းကိုလာခိုင်းလိုက် လူစုံမှမမရှင်းပြမယ်"

"ဟုတ်မမ"

နွယ်ဇဝေဇဝါဖြစ်ပီးမမစိတ်တိုင်းကျ လွှာနဲ့ကိုကြီးကို
ဖုန်းဆက်ချိန်းလိုက်သည်။မနက်ဖေဖေနဲ့မေမေရောက်မှနွယ်တို့ထွက်လာလိုက်သည်။တော်သေးတာက
ကိုဇန်ကအတင်းလိုက်လာလို့လူ၄ယောက်ဆိုတော့အဖော်ရသည်။မြို့ပြင်တောထဲကိုတော်တော်သွားမှခြံကျယ်ကြီးတခုတွေ့ရသည်။ခြံတံခါးကိုအသာလေးဖွင့်ဝင်တော့ကောင်လေးတစ်ယောက်ထွက်လာပီးမမနာမည်ပြောတော့ခြံထဲကသစ်လုံးအိမ်ထဲခေါ်သွားသည်။အိမ်ကြီးကအခန်းတခန်းသာရှိပီးဟောကြီးတခုလုံးဘုရားဆင်းတုတော်အမျိုးမျိုးကတခြမ်းနတ်ရုပ်တွေကတခြမ်းနဲ့ပြည့်နေသည်။နွယ်တို့၄ယောက်လည်း
ထိုင်နေတုန်းဝတ်ဖြူစင်ကြယ်နဲ့အဖွားကထွက်လာပီး

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now