Part-20

3.9K 121 4
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်
အပိုင်း-၂၀

နွယ်လေးအိပ်ပျော်သွားတော့လက်ရုန်းပြန်ထကာအဲကွန်းပြန်ချိန်ပီးအလုပ်ကိတ်စမေးလ်ပို့စရာများပို့ကာမနက်ဖန်မနက်ပိုင်းအ လုပ်မလာနိုင်ကြောင်းလက်ထောက်ကိုလှမ်းပြောရသည်။အားလံုးပီးတော့မှနွယ်လေးခုတင်ဘေးကextra bedမှာလှဲပီးနွယ်လေးမျက်နှာ
ကြည့်ကာ  ငယ်ငယ်ထဲကကိုယ့်ချစ်ခဲ့ရတဲ့ကိုယ့်ရဲ့အကြည်ဓါတ်လေးကခုတော့ကိုယ့်ရင်သွေးလေး
လွယ်ထားရသည်ဆိုတာတွေးလိုက်တာနဲ့ရင်ထဲနွေးသွားရသည်။သေချာတာကတော့နွယ်လေးကို
လက်ရုန်းကိုယ်တိုင်လဲငယ်ကတည်းကချစ်နေခဲ
တယ်ဆိုတာတချိန်တော့ပြောပြရအံုးမယ်တွေးကာအိပ်လိုက်သည်။မနက်ရောက်တော့သူနာပြုဆရာမတံခါးခေါက်မှနိုးလာပီးနွယ်လေစားချင်သည်များကိုမှာကျွေးကာအိုဂျီရောက်မည့်အချိန်ကိုသာစောင့်နေ
လိုင်သည်။ဆရာဝန်ရောက်ကြောင်းဆေးရုံက
အကြောင်းကြားမှဆရာဝန်အခန်းသို့သွားပြရာ

"ခလေးအခြေနေသိရအောင်အက်ထရာဆောင်းအ
ရင်ရိုက်ရပါ့မယ်နော်"

"ဟိုစိတ်ပူရလို့လားဒေါက်တာ"

"ဖေဖေမေမေအသစ်လေးဆိုတော့စိတ်မပူနဲ့နော်ဒါ
လုပ်ရိုးလုပ်စဉ်ပဲပီးမှပြန်လာနော်"

အက်ထရာဆောင်းရိုက်တော့ကိုကြီးကနွယ့်လက်ကလေးကိုင်ကာဘေးမှကြည့်နေစဉ်ဆရာဝန်က

"ပထမခလေးလား"

"ဟုတ်ကဲ့"

"ဒါလေးတွေ့လားခလေးနှလုံးလေစခုန်နေပီအသံကြားချင်လား ဟယ်ခနလေးဒီမှာလဲတခု"

ဆရာဝန်ရဲစကားသံကြောင့်လက်ရုန်းနဲ့နွယ်မျက်နှာ
ငယ်လေးနဲ့တယောက်မျက်နှာတယောက်ကြည့်နေ
တုန်းဆရာဝန်က

"ဖေဖေနဲ့မေမေရေပျော်စရာကြီးအမွှာလေးတော့ဘာလေးလဲကတော့ ၅လလောက်မှသိရမယ်နော်အ
ကုန်ကောင်းတယ်"

ကိုကြီးတော့မသိနွယ်ကတော့ပျော်လိုက်တာဆိုတာပြောစရာစကားကိုမရှိဖြစ်နေသည်။

"ကိုကြီးပျော်လားဟင်"

"ဘယ်လိုမေးလိုက်တာလဲကိုယ့်မိန်းမရယ်ပျော်တာပေါ့"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now