Part-24

4K 134 19
                                    

အပိုင်း-၂၄

ကားပေါ်မှာနွယ်ကစကားတခွန်းမှမဆိုပဲတိတ်
ဆိတ်နေတော့လက်ရုန်းမနေတတ်တော့ပေ။

"နွယ်လေး"

"ကိုကြီးကားသေချာမောင်းအိမ်ကျမှပြောမယ်"

ကိုကြီးငြိမ်သွားပေမဲ့နွယ်ကတော့ရင်ထဲမှာစိုးထိတ်မှုတွေနဲ့ပါ။ရှေ့မှာကိုရဲကိတ်စကလဲရှိထားတော့ဘုရား
ဘုရားကိုကြီးများမယုအပေါ်စိတ်မကုန်သေးရင်နွယ်နဲ့သမီးလေးတွေဘယ်လိုလုပ်ကျမလဲဆိုပီးစိုးရိမ်လာသည်။နွယ်တွေးနေတုန်းအိမ်ရောက်လာသည်။

"နွယ်ကိုကြီးပြောမယ်ယုကရှယ်ယာဝင်အသစ်ထဲပါတာဘုတ်အဖွဲ့နဲ့စာချုပ်ပီးမှကိုယ်သိရတာနွယ်လေးကိုလဲအဲ့နေ့ထဲကပြောမလို့မခြူးပြသနာဖြစ်လာပီးနွယ်
စိတ်ပန်းလူပန်းတအားဖြစ်နေလို့ကိုကြီးကဇန်နဲ့တိုင်
ပင်ပီးမပြောသေးတာနော်စိတ်မတိုနဲ့နော်ကိုယ့်အချစ်"

"နွယ်ကစိတ်ပူတာ အီးဟီးဟီး ကိုကြီးကရည်းစားဦးမို့စိတ်မပြတ်ပဲသူ့နောက်ပါသွားရင်နွယ်နဲ့သမီးလေးတွေဘယ်လိုလုပ်မှာလဲ"

"ဟာ နွယ်ကလဲသူ့ကို ကိုယ့်စိတ်ထဲဘာမှမရှိတော့ဘူး
စိတ်လဲမဝင်စားဘူးဒီတနှစ်ပဲတနှစ်ပီးတာနဲ့သူ့ကိုဖယ်
လိုက်မယ်နော်"

တကယ်နော်

ကိုကြီးရှင်းပြပေမဲ့နွယ့်စိတ်ထဲလေးနေသည်။ကိုကြီး
စိတ်ချမ်းသာအောင်သာဘာမှမပြောပေမဲ့လူကတညလုံးအိပ်မပျော်ညလယ်လောက်ကိုကြီးတရေးနိုးတော့နွယ်မအိပ်သေးလို့အတင်းရင်ခွင်ထဲဖက်ပေးပေ
မဲ့နွယ်တရေးမှအိပ်မရခဲ့ပါ။

လက်ရုန်းမနက်နိုးတော့နွယ်ကအနားမှာမရှိတော့ခါ
တိုင်းလိုပဲအောက်ဆင်းသွားပီမိုးလက်ရုန်းမျက်နှာ
သစ်ကာဆင်းလာတော့နွယ်မျက်နှာလေးနွမ်းနေသည်။
အနားသွားကာခါးကနေဖက်ပီး

"ကိုယ့်အချစ်နေမကောင်းဘူးလားမျက်နှာလေးနွမ်းနေတယ်"

"ညကအိပ်မပျော်လိုနေမှာကိုကြီးခေါင်းသိပ်
မကြည်လို့"

"ဒါများနားပါလားအချစ်ရယ်ခနနေသမီးတွေကောကိုယ်ကောမရှိရင်ပြန်အိပ်နော်"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now