Part-6

3.5K 138 14
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၆

"Ring Ring"
"ယု မင်းဇန့်ကိုပြောတဲ့စကားတွေကိုယ်သိပီးပီ ဘာလို့အဲ့လိုပြောရတာလဲကိုယ်တို့မိသားစုနဲ့ဇန်တို့မိသားစုဆိုတာခုမှခင်တာမဟုတ်ဖူးကိုယ်တို့အဖေတွေထဲကခင်တာအဲ့တာကိုမင်းကွာ"

"ယုဘဝမှာရုန်းကနံပါတ်တစ်ပဲအဲ့လိုပဲရုန်းဘဝမှာလဲယုကနံပါတ်တစ်ဖြစ်ချင်တယ်ပီးတော့ဇန်မင်းရောသူ့အမနဲ့ညီမကောရုန်းအတွက်ယုထက်ပိုအရေးကြီးလားဖြစ်နိုင်ရင်သူတို့မိသားစုနဲ့မပက်သက်စေချင်တာရုန်းပြောဖို့အားနာနေမှာစိုးလို့ယုကပြောရတာလေ"

"နေပါအုံးယုဇန်မင်းတို့မောင်နှမကမင်းနဲ့ဘယ်အကန့်တွေညှိလို့မင်းကအဲ့လောက်ဖြစ်နေရတာလဲ"

"ရှင့်အမေကဇန်မင်းအမကိုရှင်နဲ့သဘောတူတာဆိုဟိုကလက်မခံလို့အငယ်မလေးကလဲအရွယ်အရောက်သေးလို့စောင့်နေတာဆိုရှင်တို့အသိုင်းဝိုင်းတစ်ခုလုံးသိတာဆိုအဲ့တာကိုကျမကသူတို့နဲ့ပက်သက်သာကြည်ဖြူရမှာလား"

"ကျစ် ပတ်ဝန်းကျင်ကချဲ့ကားပြောတာကိုမင်းက
ဟုတ်တယ်မဟုတ်ဘူးမစဉ်းစားနိုင်ဘူးလား"

"ကျမကိုလာမအော်နဲ့ရှင်သူတို့ကိုပြတ်မလားကျမကိုပြတ်မလားရွေး"

"ကျစ် ယုမင်းကကိုယ့်ချစ်သူ ဇန်မင်းကကိုယ့်အချစ်ဆုံးသူင ယ်ချင်းလေကွာတစ်ကန့်ဆီကိုကိုယ်ဘလိုရွေးမလဲ"
"ရှင်မရွေးတတ်ရင်ကျမရွေးမယ်ရှင်နဲ့ကျမပြတ်ပီဒါပဲ"
"ခွမ်း"

ယုဖုန်းကိုချသွားသဖြင့်လက်ရုန်းဒေါသထွက်ပီးဖုန်းကိုနံရံကိုပစ်ခွဲလိုက်သည်။ပီးနောက်အိပ်ယာပေါ်ထိုး
အိပ်ပလိုက်သည်။

ယုဖုန်းကိုင်ပီးစောင့်နေတာတနာရီကျော်ပီရုန်းကဖုန်းလဲပြန်မဆက်လာသဖြင့်စိတ်ပူကာငိုမိသည်။ဒေါသအလျောက်ပြတ်ပီပြောပေမဲ့တကယ်မပြတ်နိုင်တာကိုယ့်ကိုကိုယ်အသိဆုံးဖြစ်သည်။ယုတညလုံးတရေးမှမ
အိပ်ရပဲမိုးလင်းပေါက်ဖုန်းကိုင်ကာထိုင်နေပေမဲ့ရုန်းဆီကဖုန်းမလာခဲ့ပါ။မနက်ရောက်တော့ညီမလေးကလာခေါ်လို့breakfastစားဖို့အောက်ဆင်းလာလိုက်သည်။အောက်ထပ်မှာမေမေကဧည့်ခန်းမှလှမ်းခေါ်သည်။
"သမီးရေလာပါအုံးမေမေ့မိတ်ဆွေနဲ့မိတ်ဆက်ပေးမလို့"
"သားကိုညီဒါအန်တီ့သမီးကြီးယုယမိုးတဲ့"
"သမီးဒါမေမေ့လုပ်ငန်းတွေကူညီနေတဲ့မမရီရဲ့မောင်
မင်းညီတဲ့"
"တွေ့ရတာဝမ်းသာတယ်ယု"
"ဟုတ်ကဲ့ဝမ်းသာပါတယ်ကိုမင်းညီ"
"ကီုယ့်ကို  ကိုညီပဲခေါ်ပါယုလေးကကိုယ်ထင်ငယ်မယ်ထင်တယ်"
"ဟုတ်ကဲ့ပါ။ မေမေသမီးမုန့်သွားစားလိုက်အုံးမယ်"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now