Part-14

3.6K 118 3
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

အပိုင်း-၁၄

"ခေါင်းမူးမယ်နွယ်လေး ကားစီးတုန်းဖုန်းမကြည့်နဲ့"

"ဖုန်းကြည့်တာဟုတ်ပါဖူး ကိုကြီးရဲ့ကိုကြီးပေးတဲ့လက်ဆောင်ပုံတင်တာကိုထားတို့ကလာနောက်နေလို့ပြန်ပြောနေတာ"

"နောက်မှပြော ခုကကိုကြီးအချိန်ကိုကြီးကိုပဲအချိန်ပေး"

"ဟုတ်ကဲ့ပါ။ ကိုကြီးဘုရားကဆင်းရင်breakfast သွားစားမယ်နော်"

"သိပါတယ်ကိုယ့်အချစ်လေးကြိုက်တဲ့ဆိုင်မှာဘိုကင်ယူထားပါတယ်ဗျာ"

"ဟိဟိ ကိုကြီးကတအားချစ်ဖို့ကောင်းတယ်နွယ်ဖြစ်ချင်တာတွေအကုန်သိတယ်"

"ချစ်ရင်အာဘွားပေး"

"စပီ အိုက်ကိုကြီးလေဘယ်လိုတွေဖြစ်နေမှန်းမသိဘူးအရင်ကရုပ်တည်သလောက်ခုမတအားယွစိတက်နေတာ နွယ်crushခဲ့တဲ့ကိုကြီးမှဟုတ်ရဲ့လား"

"ဟုတ်ပါတယ် ကိုယ့်အချစ်နွယ်လေးကိုတွေ့ရင်ကိုကိုယ်စိတ်တွေကယွနေတာ ကိုယ်ယွတာနွယ့်ကြောင့်"

"ကိုကြီးနော်"

"မွ"

"ကိုကြီးကားတိုက်ကုန်မယ်"

"မီးပွိုင့်မိနေလို့ပါနွယ်လေးရယ်ကိုယ့်အကြည်ဓါတ်လေးကချစ်စရာအရမ်းကောင်းနေတော့ကိုယ်ဘယ်လိုမှနေမရလို့နော်"

"အဲ့ဒါမေးမလို့ ဘာလို့နွယ့်ကိုအကြည်ဓါတ်လို့ခေါ်တာလဲ"

"ကိုယ်ဘယ်လောက်စိတ်ညစ်စိတ်ရှုပ်နေပါစေနွယ်လေးရဲ့အသံကြားရရင်နွယ်လေးမျက်နှာမြင်ရရင်စိတ်ကြည်သွားလို့ခေါ်တာမကြိုက်လို့လားနွယ်လေး"

"ဟင့်အင်း ကြိုက်ပါတယ် သိချင်လို့မေးတာ"

စကားတွေပြောရင်းနဲ့နွယ်လေးတို့ဘုရားရောက်ခဲ့ကြသည်။ဘုရားဖူးပီးတာ့ ကိုကြီးကနွယ်လေးကိုစိတ်ရှည်လက်ရှည်ပုံလှလှလေးရိုက်ပေးသည်။ပီးတော့နွယ်ကြိုက်တဲ့ဆိုင်မှာမုန့်စားပီးတော့

"နွယ်လေးကိုယ် company ခနဝင်ရမယ်လက်မှတ်ထိုးစရာရှိလို့နွယ်လေးလိုက်ခဲ့နော်"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now