Part-11

3.6K 147 7
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၁၁

ကိုကြီးကြောင့်နွယ့်မှာပြသင့်မပြသင့်ဗျာများရသည်။

"ကိုကြီးစိတ်ဆိုးပြေပီလားအာဆိုပြမယ်နေ့လည်ကလိုစိတ်တိုရင်တော့မပြဘူးနွယ်ကြောက်တယ်"

"ပြပါနွယ်လေးကိုယ်မနက်ကရုတ်တရက်မို.စိတ်လွတ်သွားတာပါ"

နွယ်လေးကသူ့ဖုန်းကိုမရဲတရဲပြတော့လက်ရုန်းကြည့်ပီးပြုံးမိသည်။ကိုယ်ဘယ်လောက်နွားကျခဲ့သလဲဆိုပတ်ဝန်းကျင်ကလူအားလုံးသိပီးကိုယ်တယောက်ထဲကမသိတာဆိုတော့ကိုယ့်ကိုဟိုကောင်ကဘယ်လောက်တောင်လှောင်နေမလဲဆိုတာတွေးရင်းဒေါသထွက်လွန်းလို့ "တောက်"ခေါက်လိုက်သည်။

"ကိုကြီးနွယ့်ဖုန်းအသစ်ကြီးနော်ကိုကြီးညစ်ထားတာကြေတော့မယ်ပြောတော့စိတ်မတိုဘူးဆိုပီး"

"ဆော်ရီးနွယ်လေးကိုယ်ဒေါသထွက်လွန်းလို့ပါကွာကဲကိုကြီးကိုပြောပါအုံးနေ့လည်ကကိုကြီးဘာဖြစ်သွားတာတုန်းကိုကြီးကိုအဖေနဲ့နွယ်လေးဆွဲနေတုန်းမေ့သွားတာထိပဲမှတ်မိတယ်"

"ကိုကြီးလေမယုနဲ့ဟိုလူကြီးကိုသတ်မယ်ဆိုပီးလုပ်တာလေအန်ကယ်နဲ့နွယ်နဲ့ဆွဲတာမရလို့အန်ကယ့်တပည့်တွေပါဆွဲတာတောင်မရလို့အန်ကယ်ကမေ့သွားအောင်ထိုးလိုက်တာ"

"ဟား နွယ်လေးကောကိုကြီးကိုငအငတုံး $တံုးမကျတဲ့ကောင်လို့ထင်လား"
"ဟင့် ကိုကြီးရယ်အဲ့လိုမပြောပါနဲ့နွယ်အဲ့လိုမထင်ပါဘူး"
မျက်ရည်လေးဝဲကာကိုယ့်ကိုကြည့်ပီးပြောနေသည့်ခလေးမလေးကိုကြည့်ကာစိတ်မကောင်းကဖြစ်ရပြန်သည်။

"ကဲနွယ်လေးလာမေမေကိုသွားကြည့်ရအောင်"

ကိုကြီးကိုအန်တီ့အခန်းပို့ပီးနွယ်အိမ်ပြန်လာလိုက်သည်။အိမ်ရောက်တော့မခြူးနဲ့ကိုဇန်vcallပြောနေသဖြင့်ကိုကြီးအကြောင်းပြောပြကာကိုဇန့်ကိုအားပေးဖို့ပြောရသည်။

လက်ရုန်းမေမေ့ကိုကြည့်ပီးစိတ်မကောင်းဖြစ်ရသည်။မေမေကနဂိုထဲကနှလုံးအားနည်းသူမို့ဖေဖေကဆိုမေမေ့ကိုစိတ်ညစ်စရမရှိအောင်ထားသလိုမေမေကိုယ်တိုင်ကလဲသားအတွက်အသက်ရှည်အောင်နေမယ်ဆိုပီးသူ့ကိုယ်သူကျန်းမာအောင်နေသူဖြစ်သည်။ခုတော့ကိုယ်ကြောင့်အမေဖြစ်သူမှာအိပ်ယာထဲလဲနေရလို့လက်ရုန်းကိုယ်ကိုကိုယ်သာပိတ်ထိုးချင်မိသ ည်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now