Part-8

3.6K 123 9
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၈

ဒီနေ့ဇန်နဲ့ချိန်းထားလို့ကော်ဖီဆိုင်သို့ထွက်လာလိုက်သည်။
"လက်ရုန်းမင်းကလဲနော်မွန်နေတာနဲ့ပဲကျောင်းကိတ်စမလုပ်နိုင်ဘူး"
"အေးကွာ ကျောင်းသွားတက်ဖို့ယုကခုမှ မလိုက်တော့ဘူးလုပ်နေလို့ငါသူနဲ့ညှိပီးမှစီစဉ်မလို့မင်းမနက်
ဖန်သွားရင်အန်ကယ်လ်ကောဆိုတော့အန်တီတယောက်တည်းကျန်ခဲ့မှာပေါ့ခေါ်သွားတာမဟုတ်ဖူး"
"ခေါ်တယ်အမေကသူလေယာဉ်မစီးနိုင်လို့တဲ့နောက်ပီးငယ်လေးကလဲမပါတော့မလိုက်တော့ဘူးတဲ့အဖေကတော့ဘယ်သူသွားသွားမသွားသွားသူသွားမှာတဲ့သူ့သမီးကြီးအလိမ်မာတုန်းကဟိုမှာတယောက်တည်းအားငယ်မှာစိုးလို့တဲ့ကွာ ဟားဟား"
"အေးမခြူးကလိမ်မာတာကိုအန်ကယ့်အသဲဖြစ်တာလဲမပြောနဲ့မင်းတို့မှမဟုတ်ဘူးငါ့လဲသူ့မောင်လေးလိုပဲဟိုမှာမခြူးဘဲကြီးလဲရှိတယ်မလား"
"အေးငါ့အဖေကပြောမရဘူးသူဘဲကအဖေလောက်ဘယ်ကောင်းမလဲဘာညာပွါးနေလို့ငါလဲပါးစပ်ပိတ်ထားရတယ်"
"ဟားဟား အန်ကယ်ကမရဘူးနော်"
"အေး ဟုတ်တယ်   အော်ဒါနဲ့ငါနဲ့အဖေခရီးထွက်တဲ့
ရက်မှာမင်းအားရင်ငါ့အမေကိုတချက်တော့ဝင်ကြည့်ပေး"
"ဘရို ပြောရမယ့်လူတွေလားမင်းအမေငါ့အမေပဲလေ
ငါ့အမေအမွေမပေးရင်မင်းတို့နဲ့အမွေလာလုမှာ။ ဟားဟားဟား"

ဇန်နဲ့စကားပြောပီးအပြန်ယုနဲ့တွေ့ဖို့ဖုန်းဆက်တော့ဖုန်းကမကိုင်ဘူးဒါနဲ့သူအိမ်လိုက်သွားလိုက်သည်။ယု
အိမ်ရှေ့ရောက်တော့ယုက တော်တော်စျေးကြီးမှန်းသိသာသည့်ကားနားမှာလူတယောက်နဲ့ပြုံးရွှင်စွာစကားပြော​နေသည်။ရုန်းကားကိုတွေ့တော့မျက်နှာနဲနဲ
ပျက်သွားသည်။ရုန်းကားပေါ်ကပဲစောင့်နေလိုက်သည်။ခနနေတော့ဟိုလူလဲထွက်သွားပီးယုကားနားရောက်လာသည်။
"ရုန်းကလာမယ်ဆိုမပြောဖူးယုတောင်ခုမှအပြင်က
ပြန်လာ"
"ကိုယ်ဖုန်းဆက်တယ်ယုမှ မကိုင်တာ"
"ဟယ်ရုန်းဆော်ရီးယုဖုန်းကိုအသံပိတ်ထားတာမသိ
လိုက်ဘူးစိတ်မဆိုးနဲ့နော်"
"ခုနကလူကဘယ်သူလဲ"
"ဟိုလေ အင်းယုရဲ့ဝမ်းကွဲအကိုပါ"
"ယုပြောတော့အမျိုးတွေနဲ့မတည့်ဘူးဆို"
"ဟာ ရုန်းကလဲမတည့်တာဖေဖေ့အမျိုးဒါကမေမေ့
ဖက်ကတော်တာသူတို့မိသားစုကပဲယုတို့ကိုစောင့်
ရှောက်တာဘာလဲရုန်းကယုကိုမယုံတာလား"
"ဟား ယုရယ်အဲ့လိုမဟုတ်ပါဘူးယုံပါတယ်ဒါနဲ့ပြောရအုံးမယ်ကိုယ်နဲ့တကယ်ပဲနိုင်ငံခြားမှာကျောင်းလိုက်မတက်ဘူးလား"
"ဟုတယ်ရုန်း မလိုက်တော့ဘူးဘယ်လိုပဲရုန်းကနေစားရိတ်စားရိတ်တာဝန်ယူမယ်ဆိုပေမဲ့ယုအတွက်အ
ဆင်ပြေမယ်မထင်ဘူးအိမ်အတွက်လဲယုကငွေရှာရမှာ
ရုန်းပဲသွားပါ"
"ဟာယုကလဲစဉ်းစားပါအုံး"
"အင်းပါ"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now