Part-7

3.8K 118 7
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၇

Ring Ring
ယုဖုန်းသံကြောင့်ကြည့်လိုက်တော့ရုန်းဆီကဖြစ်နေသည်။
"ပြော"
"ယုစိတ်ဆိုးပြေတော့နော်ကိုယ့်အတွက်တော့ယုကအမြဲဦးစားပေးပါကွာ"
"ညကကျတော့တညလုံးဖုန်းပိတ်ထားပီးဟင့်ခုမှလာပြောမနေနဲ့ယုလေရုန်းကိုပြောပီးစိတ်မကောင်းလို့ဖုန်းစောင့်တော့လဲရုန်းကဆက်မလာဘူးဖုန်းခေါ်တော့လဲမကိုင်ဘူး ဟင့်ဟင့် ယုကိုတကယ်ထားသွားပီထင်တာ"
"ဟာကွာယုကလဲကိုယ်လဲညကစိတ်ညစ်ညစ်နဲ့သောက်လာတဲ့အရှိန်နဲ့အိပ်ပျော်သွားတာဖုန်းကယုကပြတ်တယ်ပြောလို့ပေါက်ခွဲလိုက်တာခုတောင်ဖုန်း
ဆိုင်မှာကိုယ်ခုပဲလာပီနော်မငိုနဲ့တော့"

ယုနဲ့ပြသနာတက်ပီးပြန်အဆင်ပြေတာ၂လလောက်ရှိပီမို့လက်ရုန်းစိတ်ချမ်းသာနေခဲ့သည်။ဒီနေ့လဲယုနဲ့မုန့်စားထွက်လာတော့ယုကမျက်နှာမကောင်း
"ယုဘာဖြစ်လို့လဲ"
"အိမ်ကိတ်စပါရုန်းရယ်ယုကျောင်းဆင်းချိန်part time jobလေးလုပ်မလားလို့"
"ဟာမဖြစ်ပါဘူးယုကလဲအဲ့ဒီpart time job ဘယ်လောက်ရမှာလဲကိုယ်ပေးမယ်မလုပ်ရဘူးနော်ကိုယ်ခွင့်မပြုဘူး"
"ဟာ ရုန်းကလဲယုအပြောခံရမှာပေါ့နဂိုကမှရုန်းကိုသူဌေးသားမို့ကပ်တယ်ထင်နေကြတာကို"
"ယုမပြောပဲကိုယ်ပေးတာဘယ်သူသိမှာတုန်းကိုယ်ကေ-ပေးကနေလတိုင်းမုန့်ဖိုးပေးမယ်ထပ်ပြော
ရင်ကိုယ်စိတ်ဆိုးမှာနော်"

ရုန်းဆီကဒီလိုမတောင်းချင်ပေမဲ့သူဌေးသားကိုချစ်သူတော်ထားရတာဒီလောက်တော့အခွင့်ရေးရှိရမှာပေါ့လို့ပဲတွေးလိုက်သည်။
ဒီလိုနဲ့ရုန်းကယုကိုလစဉ်၁၀သိန်းထည့်ပေးတာမို့ယုမှာအဆင်ပြေသည်။ညီမလေးကိုလဲမုန့်ဖိုးပေးနိုင်သလိုဖွားဖွားပေးတဲ့အိမ်သုံးစရိတ်ကိုလဲမေမေကသူတယောက်ထဲသုံးရလို့ကိုညီဆိုတဲ့လူနဲ့တွဲဖိူ့ထပ်မပြောတာမို့အရာရာအဆင်ပြေနေခဲ့သည်။ရုန်းနဲ့တွေ့ဖို့ချိန်းထားသဖြင့်ယုစောင့်နေလိုက်သည်။ရုန်းရောက်လာပီး
"ယု ကိုယ်ပြောစရာရှိလို့"
"ပြောလေရုန်း"
"ကိုယ်မနက်ဖြန်ဇန်တို့နဲ့ပြင်ဦးလွင်ခနလိုက်သွားမလို့ယုစိတ်မဆိုးနဲ့နော်"
ယုစိတ်ထဲတင်းသွားပေမဲ့ရန်လဲမဖြစ်ချင်ကိုယ်ကလဲသူ့ဆီကတောင်းချင်တာရှိတာမို့ဒေါသကိုမြိုချကာ
"ယုကမကြိုက်လဲရုန်းကသွားမှာမို့လားယုကတားခွင့်မှမရှိတာ"
"ဟား ယုကလဲအဲ့လိုမဟုတ်ပါဘူးကွာ ကိုယ်ကအန်တီနဲ့ပြောပီးသားမို့ပါကွာနော်"
"မသိတော့ဘူးစိတ်ရှုတ်တာပဲသိတယ်ရုန်းနဲ့တွေ့ရင်ပူဆာစရာရှိတာဲမပူဆာချင်တော့ဘူး"
"ဟာ ယုကလဲပြောဘာလိုချင်တုန်းအကုန်ဖြစ်စေရမယ်"
"တကယ်လား"
"တကယ်ပေါ့ ကိုယ့်ကိုစိတ်မဆိုးပဲခွင့်ပြုရင်ကိုယ်လဲခရီးသွားရတာနောက်ဆံမတင်းဘူးယုလဲဒီမှာစိတ်ချမ်းသာတော့ကောင်းတာပေါ့ကဲပြောဘာလိုချင်တာလဲ"
"ခုနောက်ဆုံးထွက်တဲ့IPhone အရမ်းစျေးကြီးလို့မဝယ်နဲ့ဆိုလဲရတယ်ရုန်းယုက"
"ဘာလို့စျေးကြီးရမှာလဲကိုယ့်ချစ်သူလိုချင်တာပဲကိုနောက်ဆုံးထွက်တဲ့IPHONE IWATCHနှစ်ခုလံုးဝယ်ပေးမယ်လာခုပဲသွားကြမယ်"
ယုအရမ်းပျော်သွားသည်။မနက်ဖန်ဖွားဖွားမွေးနေ့သွားရမှာမို့အမျိုးတွေကြားထဲမျက်နှာမငယ်ဖို့iPhone တောင်းတာiwatchကောရတာဆိုတော့အတိုင်းထက်အလွန်ကိုပျော်သွားမိသည်။စိတ်ထဲကလဲရုန်းကိုယုဒီထက်ပိုစိတ်ချမ်းသာအောင်ထားပါမယ်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်जहाँ कहानियाँ रहती हैं। अभी खोजें