အခန်း (၄)

3.2K 89 0
                                    

M I N E M Y:
အချစ်တွေနဲ့မိုးထားတဲ့အိမ် (၄)

"မေတ္တာရိပ်မြုံ-မိဘမဲ့ဂေဟာ" ဆိုတဲ့ ဆိုင်းဘုတ်လေးသည် နှစ်ထပ်အဆောက်အဦးလေးထက်တွင် နွေးထွေးစွာ လွှမ်းခြုံလျက်ရှိသည်။ စိမ်းပြာရောင်လွင်လွင်လေးနှင့် ဂေဟာအဆောက်အဦးလေးသည် လတ်ဆတ်စွာ ဖူးပွင့်နေသည့် ပန်းပွင့်လေးတစ်ပွင့်နှယ်။ ကလေးငိုသံများ၊ ပြေးလွှားဆော့ကစားနေသည့် ကလေးငယ်များ၏ ဟစ်အော်မြူးတူးသံများဖြင့် ဂေဟာလေးသည် သက်ဝင်လှုပ်ရှားလျက်ရှိသည်။

မိဘရိပ်အောက်မှာ ကြီးပြင်းလာခဲ့ရသည့် ကလေးငယ်တွေအတွက်ကတော့ ပူပင်ကြောင့်ကြမှုမရှိ အေးဆေးစွာ ဘဝကို ဖြတ်ကျော်နိုင်ပါလိမ့်မည်။ လူမမည် ရက်သားလေးတွေ အရွယ်တည်းက ကိုယ့်ရဲ့ မိရင်း၊ ဖရင်းက ဘယ်သူဘယ်ဝါတွေ ဆိုတာ သိခွင့်မရခဲ့ကြတဲ့ ကလေးငယ်တွေကတော့ မေတ္တာရိပ်မြုံ ဆိုတဲ့ မိဘမဲ့ဂေဟာရဲ့ ပံ့ပိုးမှုတစ်ခုကြောင့်သာ လူလားမြောက်စွာ ရှင်သန်အသက်ဆက်ခွင့် ရခဲ့ကြသည်။

ကမ္ဘာပေါ်မှာ မိဘရဲ့စွန့်ပစ်ခြင်းကို ခံရတဲ့ ကလေးငယ်တွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။ အပြစ်မရှိတဲ့
ပုံရိပ်တို့လို ကလေးငယ်တွေကို မိဘတွေက ဘယ်လိုအကြောင်းနဲ့များ စွန့်ပစ်သွားရက်ပါလိမ့်။ သူစိမ်းတစ်ယောက်ရဲ့ ချစ်ခင်ကြင်နာမှုက မိဘအရင်းလောက် နွေးထွေးလုံခြုံနိုင်ပါ့မလားလေ။

မြို့ပြင်နေရာလေးတစ်ခုမှာ အလှူရှင်အချို့ရဲ့ ပူးပေါင်း မ, တည် ငွေတွေကြောင့်သာ ဂေဟာလေးမှာ အဆောက်အဦးလေးတွေ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂေဟာအတွင်းရှိ ရင်သွေးငယ်များ၏ ရှင်သန်ခြင်းသည်လည်း အလှူရှင်များအပေါ်တွင် တိုက်ရိုက်ဆက်နွယ်နေလျက်ရှိသည်။ ကလေးနို့မှုန့်ဖိုးကအစ ဂေဟာမှာ ရှိတဲ့ လူအားလုံးရဲ့ စားသောက် နေထိုင်စရိတ်ထိပါ အလှူရှင်များ၏ ဖေးကူညီမှုကြောင့်သာ အသက်ဆက်ရပါသည်။

ဂေဟာလေးအတွင်းတွင် အဆောက်အဦးငယ်လေး သုံးလုံး ဆောက်လုပ်ထားလေသည်။ ပင်မနှစ်ထပ်တိုက် အဆောက်အဦးထဲတွင် လူမမည် နို့စို့ကလေးလေးတွေကို အပေါ်ထပ်မှာ နေရာချထားပေးသည်။
အောက်ထပ်တွင် ဧည့်ခန်း၊ ဂေဟာမှူးအခန်းနှင့် အမှုဆောင်အခန်းများရှိသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now