အခန်း (၁၀)

2.5K 57 1
                                    

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၁၀)

နှိုးစက်နာရီရဲ့ ညံစီစွာအချက်ပေးသံကြောင့် ခမ်းနားစက်ရှိန်  အိပ်ရာက နိုးလာရသည်။ အချိန်ကြည့်တော့ မနက် (၅)နာရီ။ ဒီနေ့က စက်ရှိန် ရဲ့ အသက် (၂၅) နှစ်ပြည့်မွေးနေ့ရက်လေးတစ်ရက်ဖြစ်သည်။ မွေးလ၊ မွေးရက် စုံညီစွာ ကျရောက်သည့် မွေးနှစ်လေးမို့ ဒီနှစ်လေးမှာတော့ ဒီယံပျိုးတို့ ဂေဟာမှာ မနက်စာ အလှူလုပ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်မိသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နိုင်တဲ့ အရည်အချင်းကြောင့် စက်ရှိန် မေမေတို့က ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ပေးထားကြသည်။ ဆိုင်လေးဖွင့်ပြီး မကြာခင်ပဲ လူစည်ကားသိုက်မြိုက်စွာပင် စက်ရှိန်၏ ကော်ဖီဆိုင်လေးသည် နာမည်ကျော်ကြားလာခဲ့သည်။

ညအိပ်ဝတ်စုံလေးကို ချွတ်လိုက်ပြီးတော့ ရေချိုးတပတ်လေးတစ်ထည်ကို ခါးအောက်ကနေ သိုင်းခြုံထားသည်။ အားကစားလိုက်စားသူတစ်ယောက်ဖြစ်တာကြောင့် ကြွက်သားအဖုဖု အထစ်ထစ်တို့နဲ့ ဝတ်လစ်စမဲ့ ခန္ဓာကိုယ်က ပန်းပုဆရာ စိတ်ကြိုက်ထုဆစ်ထားတဲ့ ပန်းပုရုပ်ကဲ့သို့ ကြွရွနေတော့သည်။

Six Pack လို့ခေါ်တဲ့ ဝမ်းဗိုက်နေရာမှာ အမြှောင်းလိုက်ထနေတဲ့ အမြှောင်း ခြောက်မြှောင်းကြီးက ထင်ရှားစွာပင် အဖုလိုက် အဖုလိုက်နှင့် ရင်ဖိုလှိုက်မောဖွယ်ရာ။ အဆီပိုကင်းမဲ့စွာ ချပ်ရပ်နေတဲ့ ဝမ်းဗိုက်ကြွက်သားတို့နှင့် လိုက်ဖက်စွာပင် ပြန့်ကျယ်လွန်းတဲ့ ရင်အုပ်နှစ်ဖက်က ထုထည်ကြီးမားစွာ ပြန့်ကားနေတော့သည်။

လက်ဖြန်ကားကားကြီးတွေနဲ့ လိုက်ဖက်စွာပင် လက်မောင်းကြီးတွေက ကြွက်သားများဖြင့် ကျစ်လျစ်စွာပင်။ စက်ရှိန်ကို စပြီးမြင်ရသူတိုင်း နှစ်ခါပြန် မငေးဖူးတဲ့သူ မရှိခဲ့။

ယောင်္ကျားပီသစွာ လေးထောင့်ကျနေတဲ့ ပါးရိုးကားကားကြီးတွေက စက်ရှိန် ရဲ့ ထင်ရှားတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ပကတိ ခန့်ညားမှုသာဖြစ်သည်။
မေးရိုးတစ်လျှောက် အထင်အရှားရှိနေသည့် အမွှေးအမျှင်တို့သည် ယောင်္ကျားပီသမှုကို အတိအလင်း ဖော်ပြလျက်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now