အခန်း (၂၃)

4.7K 355 12
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၃)
မိုင်းမိုင်

တနင်္ဂနွေပိတ်ရက်ဖြစ်တာကြောင့် ကော်ဖီဆိုင်လေးသည် ဆိုင်‌ထိုင်သူများနှင့် ပျားပန်းခတ် စည်ကားလျက်ရှိသည်။ နေရာလွတ်ပင် မရှိလောက်အောင် ကော်ဖီဆိုင်ထဲတွင် လူများ ပြည့်လျှံလျက်ရှိသည်။ ထိုသို့သော နေ့ရက်များတွင် ဒီယံပျိုးတို့ တစ်ဆိုင်လုံး အလ္လာပပြောစရာအချိန်ပင် မရှိပါ။

" လွှမ်းရေ နံပါတ်တစ်ဝိုင်းကို ကော်ဖီငါးခွက်နဲ့ မုန့်လေးတွေ ချပေးဦး‌နော် "

" ဟုတ်ကဲ့ မမ "

လွှမ်းရတုပိုင်သည် လစ်လပ်သွားသော စားပွဲဝိုင်းလေးတစ်ခုကို ပန်းကန်များသိမ်းဆည်း၍ စားပွဲခုံလေးကို ပြောင်နေအောင် သန့်ရှင်းလိုက်သည်။ ထို့နောက် စားပွဲနံပါတ်တစ်ဆီ အမှာစာရင်းများကို ပို့ပေးလိုက်သည်။

လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်လေးသို့ရောက်သည်နှင့် ခေတ်သစ် ဆိုင်ကယ်လေးကို စက်သတ်လိုက်သည်။ " Coffee Garden " ဆိုသည့် ထိုဆိုင်လေးကို သူသည် မကြာခဏ ဆိုသလို ရောက်ရောက်လာတတ်ပါ၏။ နံနက်ပိုင်းများတွင် နံနက်စာစား၍သော်လည်းကောင်း၊ ‌တစ်ခါတစ်ရံ နေ့ခင်းပိုင်းများတွင် နေ့လည်စာမစားချင်သည့်အချိန်များတွင် ကျောင်းကနေ တကူးတက ကော်ဖီဆိုင်လေးသို့ ရောက်လာတတ်ပါ၏။ ကျောင်းဆင်းချိန် ညနေပိုင်းများတွင်လည်း နေ့တစ်ရက်မျှပင် ပျက်လေ့မရှိဘဲ ကော်ဖီသောက်တတ်ပါသေးသည်။ ဒီယံပျိူး နှင့် သူသည် ကော်ဖီဖူးစာဟူ၍ပင် အမည်တွင်သွားလေတော့သည်။

* Ohh! တော်သေးလို့ပဲ၊ တစ်ဝိုင်းစာလေး နေရာရှိသေးတာပဲ။ ဒီနေ့ လူအပြည့်ပါလား၊ ဟိုက်ရှားဘား...ကိုယ့်ချစ်သူလေးတော့ ပင်ပန်းနေရော့မယ် *

ခေတ်သစ် မချိတင်ကဲလေး ရေရွတ်၍ ဝိုင်းလွတ်နေရာလေးတွင် ထိုင်လိုက်ပါ၏။ ထို့နောက် ဒီယံပျိုးဆီ အသံလေးပြု၍ မျက်လုံးလေးတစ်ဖက်ပင် မှိတ်ပြလိုက်ပါသည်။

" ဟိတ်ကောင်လေး...ဟိုမှာ မင်း ချစ်ချစ် အကဲပိုလေး လာနေပြီ၊ သွားသွား ငါတို့လာရင် မင်းကိုပဲ ခေါ်တော်ဆင့်ခိုင်းဦးမှာဆိုတော့ ကိုယ့်ဘာသာပဲ သွားတော်မူ ဟွန့် "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now