အခန်း (၉)

2.5K 59 0
                                    

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၉)

နည်းပညာတက္ကသိုလ် ကျောင်းတော်ကြီးသည် မနက်ခင်း နေရောင်ခြည်အောက်တွင် ကျောင်းသူ၊ ကျောင်းသား တဝုန်းဝုန်းနှင့် စည်ကားသိုက်မြိုက်စွာ အသက်ဝင်လျက်ရှိသည်။ ကျောင်းရှေ့က ဦးရွှေအိုး ရုပ်တုကြီးကပင် ခန့်ညားတည်ကြည်စွာပင် အသက်ဝင်လျက်။ ကျောင်းရဲ့ လမ်းမအဝင်လေးတွင်တော့ ပန်းပင်လေးတွေ စီရီစွာ စိုက်ပျိုးထားသည်။

စာသင်ခန်းလေးထဲတွင် ကျောင်းသား၊ ကျောင်းသူများ ဆူညံလျက်ရှိသည်။ စာသင်ချိန် တစ်ချိန်ပြောင်းသွားသည်မို့ နောက်ဆရာတစ်ယောက် မလာခင်တွင် စကားသံများသည် တိုးမပေါက်အောင် ကျယ်လောင်လျက်။

" ကုဋေမင်းဆက် နောက်တစ်ချိန်က ဘာလဲ "

" Tele ချိန်ပဲ။ တက်မှာမလား "

" အင်း တက်မယ်လေ။ ကိုယ့်ဆရာ အချိန်ပဲကွ "

Tele ဘာသာရပ်ကို သင်ကြားသော ဆရာနှင့် ခေတ်သစ်တို့တောင် သူငယ်ချင်းလို ခင်မင်ရင်းနှီးလျက်ရှိလှသည်။ တက္ကသိုလ်တွေရဲ့ အားသားချက်တစ်ခုသည် ဆရာတွေနှင့် လွတ်လပ်စွာ ပြောဆို ပေါင်းသင်းနိုင်ခြင်းတစ်ခုဖြစ်သည်။ အထက်တန်းကျောင်းတွေကလို ဆရာကို အမြဲကြောက်နေရသည့် ခလေးငယ်တွေလိုမဟုတ်။

လွတ်လွတ်လပ်လပ် ပြောဆိုကြပေမဲ့ ဆရာဆိုတဲ့ ဂုဏ်ကိုတော့ ကျောင်းသားတွေက အမြဲလေးစားလျက်ရှိသည်။ ဆရာတွေကလည်း ကျောင်းသားတွေနှင့် ရင်းနှီးခင်မင်စွာပင် ပေါင်းသင်းကြမြဲ။

" ဟိတ်ရောင်တွေ...ငါတို့ ဒီတစ်ပတ် ကော်ဖီဆိုင်လေး သွားထိုင်ရအောင်ကွာ။ ဘယ်နှယ့်လဲ "

ဘုန်းမင်းဇေယျာ ဆီက ထိုစကားကိုကြားရတော့ ခေတ်သစ် စိတ်ထဲ ဟိုနေ့က Deli ကောင်လေးကို‌‌တောင် မဆီမဆိုင် ပြေးမြင်မိပါသေးသည်။ စုတ်ချွန်းချွန်းမျက်နှာပေးနဲ့ မထိတထိ ဟန်ပန်လေးတွေက ကော်ဖီသောက်တဲ့အချိန်တိုင်း မြင်ယောင်မိဆဲ။ ရင်ခုန်တာမဟုတ်သည့်တိုင် သူ့အကြောင်းတွေးမိတိုင်း ရင်တလှပ်လှပ်ဖြစ်မိရတာ အမှန်ပင်။ ခေတ်သစ် ကိုယ့်စိတ်ကို နားမလည်နိုင် ဖြစ်မိရသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now