အခန်း (၁၁)

5.7K 379 24
                                    

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၁၁)

ကျောင်းပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့မှာတော့ ခေတ်သစ်တို့ Coffee Garden မှာ ဆုံဖို့ ချိန်းထားကြသည်။ ရေချိုးပြီးစီးကာ အဝတ်အစားလဲပြီးသည့်အချိန်တွင် နေ့လည် (၂)နာရီ တောင်ရောက်ခဲ့လေသည်။ ထို့နောက် အမည်းရောင် ဘေးလွယ်အိတ်ကိုစလွယ်သိုင်းကာ ဆိုင်ကယ်လေးနှင့် ထွက်လာခဲ့တော့သည်။

(၃၅) လမ်းဖြစ်သည့် အဓိကလမ်းမကြီးပေါ်တွင်တည်ရှိတာကြောင့် ခေတ်သစ် ကော်ဖီဆိုင်ကို မရှာလိုက်ရပါ။ ဆိုင်ရှေ့လေးမှာ ဆိုင်ကယ်လေးရပ်ထားပြီးတော့ ဆိုင်တွင်းသို့ လှမ်းဝင်လာခဲ့သည်။ လမ်းမကိုမြင်ရသည့် မှန်နဲ့ကပ်ရပ်က ထိုင်ခုံဝိုင်းလေးမှာ ကုဋေမင်းဆက် တို့ကို တွေ့လိုက်ရသည်။

" ခေတ်သစ် နောက်ကျတာကွာ၊ ချိန်းထားတာ တစ်နာရီကို။ နေ့လည် ဘောလုံးကန်ဖို့ ချိန်းထားသေးတယ်ဟ မင်းကလည်း "

" အေးပါကွာ၊ ဆောရီး ကုဋေ...ငါအလုပ်တွေဆက်နေလို့။ မင်းတို့ ဘောပွဲက ဘယ်ချိန်လဲ "

" ညနေ (၃) နာရီ၊ Town City မှာ ချိန်းထားတာ။ အဲ့ဆီမှာ နောက်ထပ် မြက်ခင်းပြင်ကွင်းအသစ်တွေ ထပ်ချဲ့ထားပေးတယ် "

" အေးကွာ၊ ဒါဆို နောက်နာရီဝက်လောက်နေရင် သွားကြမယ်လေ "

ထို့နောက် ခေတ်သစ်က ကောင်တာလေးသို့ လှမ်းကြည့်ကာ ကော်ဖီမှာဖို့ လူခေါ်လိုက်သည်။

" ညီလေးရေ..."

ဝန်ထမ်းကောင်လေးကို လက်ဟန်လေးပြကာ လှမ်းခေါ်လိုက်သည်။

" ဟုတ်ကဲ့...အကို။ ဘာများအမှာရှိမလဲဗျာ "

ပျူငှာတဲ့ အသံလာရာကို ခေါင်းလေးငဲ့ကြည့်လိုက်တော့ ဘုဆက်ဆက်မျက်နှာပေးနှင့် ကော်ဖီလာပို့တဲ့ ထိုကောင်လေး...မှတ်မိတာပေါ့။ အခုကျတော့လည်း သူမဟုတ်သည့်တိုင်ပင်။

" ဆိုင်ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ Love Coffee တစ်ခွက်ပေးပါ။ ခါးဆိမ့်ဆိမ့်လေးနော် "

Coffee Garden မှာပဲရနိုင်တဲ့ တမျိုးတည်းသော ကော်ဖီနာမည်က Love Coffee တဲ့။ သူ့အချိုးအစားနှင့်သူ ရောစပ်ဖျော်ပေးတဲ့ ထူးခြားသည့် အရသာ ကော်ဖီတစ်ခွက်သာဖြစ်သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now