အခန်း (၁၆)

4.8K 356 19
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၁၆)

" ယံလေး... "

ကော်ဖီဆိုင်လေးအတွင်းမှာ ကောင်မလေးတွေ အားနေသည့်တိုင် တမင်တကာပင် ယောင်္ကျားလေးနာမ်စားကို ခေတ်သစ် ရွေးခေါ်လိုက်သည်။ မုန့်ကောင်တာလေးထဲသို့ မုန့်တွေကို အစီအရီ ထားနေသည့် ထိုကောင်လေးက တစ်ချက်လှည့်ကြည့်ပြီး သူ့ဆီ လျှောက်လာသည်။

" ဟုတ် ဘာများ အမှာရှိမလဲ "

မနေ့ညက သူ မဟုတ်သည့်အတိုင်းပင်။ ကော်ဖီဆိုင်ထဲက လေသံချိုချိုလေးတွေ အပြင်ရောက်ရင် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားလေရဲ့။

" ဟို...Love Coffee တစ်ခွက်၊ ယံလေး ဖျော်ပေးနော်။ ဟိုကောင်မလေးတွေ ဖျော်တာ မကြိုက်ဘူး "

မျက်ခုံးလေးပင့်ကာ ကိုယ့်ကို မလိုလားဟန် အရိပ်လေးက မျက်ဝန်းလေးထဲမှာ ပြေးလွှားလှုပ်ရှားလျက်။

" နောက်ထပ်ရော ဘာမှာဦးမလဲ ခင်ဗျာ "

ဟန်ဆောင်အပြုံးတုလေးရယ် ခနဲ့တဲ့တဲ့နှင့် လေသံမပျော့မမာ လေးက ခေတ်သစ် ကို ကလိကလိ ဖြစ်အောင် ထိုးဆွပေးနေသည်။ ရင်ထဲမှာ ယားကျိကျိနဲ့ ထိုအခိုက်အတန့်လေးက စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသည်။

" ကော်ဖီထဲ အချစ်များများ ပိုထည့်ပေးနော် "

" ဗျာ "

" သြော် မှားလို့ရယ်။ အချိုများများ ထည့်ပေးလို့။ အရမ်းမချိုနဲ့နော်။ ဆီးချိုတက်ပြီး ရောဂါရမှာစိုးလို့။ ကျွန်တော်က အခုမှ သက်ဆိုင်သူ မရှိသေးတဲ့ Single လေးပဲ ရှိသေးတာလေ၊ ဟဲဟဲ "

ဒီယံပျိုး မနည်း စိတ်ကို ဆွဲဆန့်ထားရသည်။

*ရိသဲ့သဲ့ စကားတွေနဲ့ မျက်နှာကလည်း စပ်ဖြီးစပ်ဖြီးနဲ့...ဘယ်လိုကောင်မှန်းကို မသိဘူး*

စိတ်ထဲ မကျေနပ်စွာ ရေရွတ်လိုက်မိသည်။

" ဟို...နို့ပေါင်မုန့်တစ်ထုပ်ကို နွှေးပြီးယူခဲ့ပေးပါနော်။ ဒါပါပဲ အကိုချောလေး ခင်ဗျ "

Menu စာအုပ်လေးကိုင်ပြီး ကောင်တာလေးဆီ သူ ထွက်လာခဲ့သည်။ အမျိုးအမည်မသိတဲ့ ခံစားချက် တချို့ကြောင့် သူ၏ နှလုံးသားလေး ယိမ်းထိုးစွာ လှုပ်ခုန်လျက်ရှိသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now