အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၆) [Mature 21++🚨🚨🚨]
မိုင်းမိုင်
နံနက် (၆) နာရီအတိတွင် ပုံရိပ် မျက်လုံးများပွင့်ကာ နိုးထလာခဲ့သည်။ လက်များဆန့်ကာ အကြောဆန့်လိုက်တော့မှ မောင့်ရင်ခွင်ထဲရောက်နေမှန်း သတိထားမိသည်။ ထို့နောက် တုတ်ခိုင်သန်မာသည့် မောင့်လက်မောင်းပေါ် ခေါင်းအုံးရင်းကနေ မောင့်မျက်နှာလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
ပိတ်မှိတ်ထားသည့် အညိုရောင်မျက်ဝန်းများသည် အလုပ်ကြမ်းလုပ်နေရသည့်တိုင် ဆွဲဆောင်မှုရှိလှ၏။ မောင့် ပါးပြင်လေးကို လက်နဲ့အသာအယာ ထိကြည့်လိုက်မိသည့်အခါတွင် ချောမွတ်မနေသည့် ခပ်ကြမ်းကြမ်း မောင့်ပါးပြင်လေးသည် နေလောင်ကွက်များဖြင့် ညိုရင့်နေသည်။ မျက်ခုံးများသည်တော့ တစ်ကြောင်းတည်း တိပလျက်။
မောင့်မျက်နှာတွင် အထင်အရှားရှိသည့် နှာတံစင်းစင်းလေးသည် ပုံရိပ်သဘောကျမိသည့် အစိတ်အပိုင်းလေးတစ်ခုသာဖြစ်သည်။ ထိုနှာတံလေးပေါ်တွင် တစ်ခါတစ်ရံပျော်ဝင်အိပ်စက်ချင်မိသည့် အတွေးတို့ လူးလွန့်လာချိန်တွင် ရှက်ပြုံးလေးတစ်ခုကို အားပါးတရ ပြုံးလိုက်မိတော့သည်။ ခိကနဲ အသံလေးတောင် တိုးလျလျဖြင့်။
နှာတံကနေ အောက်ကိုဆင်းလိုက်တော့ ဆေးလိပ်သောက်ထားသည့် မောင့်နှုတ်ခမ်းလေးသည် အညိုရောင်သမ်းနေသည့်တိုင် ကော့ညွတ်စွာ လှလှပပလေး ဖြစ်တည်လျက်ရှိပါ၏။ ထိုအညိုရောင် နှုတ်ခမ်းအတွင်းမှ အိစက်နွေးထွေးလှသည့် လျှာ၏ အထိအတွေ့တွင် ပုံရိပ် ပြိုလဲရသည်မှာ အခါခါပင်။ မောင့်အနမ်းတွေနဲ့ ထိတွေ့လိုက်တိုင်း ပုံရိပ်သည် အလိုဆန္ဒ ပြည့်ဝခြင်းမရှိ တမ်းတမက်မောရပါ၏။ ရေဆာလာသည့်အချိန်တိုင်း မောင့်အနမ်းများရလိုက်လျှင်ပင် ရေငတ်ပြေစေသည်အထိ မောင်၏အနမ်းငွေ့ငွေ့များသည် အစွမ်းရှိလှပါသည်။ တစ်လွှာချင်း အရစ်လိုက် ခွေပတ်စွမ်းဆောင်လွန်းနိုင်သည့် ထိုခံစားချက်သည် ပုံရိပ်၏ မက်မောဖွယ်ရာ အရှိုက်တစ်ခုသာ ဖြစ်ပါ၏။
မေးရိုးကားကားကြီးများနှင့် ခြုံငုံဝန်းရံထားသည့် မောင့်မျက်နှာကျပုံစံသည် ညှိုအားပြင်းလွန်းကာ ဆွဲဆောင်သိမ်းပိုက်နိုင်လွန်းလှသည်။ ယောင်္ကျားပီသမှုကို အတိအပ ဖော်ညွှန်းပုံဆောင်လျက်ရှိလှ၏။
ВЫ ЧИТАЕТЕ