အခန်း (၁၃)

5.3K 345 14
                                    

M I N E M Y:

အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၁၃)

နံနက်ခင်းရဲ့ နေခြည်နုနုလေးသည် ဂေဟာလေးအတွင်းသို့ လွင့်လူးပျံ့လွင့်လာသည်။ Mercedez-Benz ကားအဖြူလေးတစ်စီး ဂေဟာလေးထဲသို့ မောင်းနှင်ဝင်ရောက်လာသည်။ ကားပေါ်မှ အမျိုးသမီးကြီးတစ်ဦး ဦးစွာဆင်းလာခဲ့သည်။

အမေမြက ဂေဟာဝန်းလေးထဲမှာ တံမြက်စည်းလှည်းနေရင်းက ကားလေးဆီသို့ ခရီးဦးကြိုပြုလိုက်သည်။ မစိမ်းသက်သည့် ကားတစ်စီးဖြစ်တာမို့ မမြသွေးတို့မှန်း တန်းသိလိုက်သည်။

"မမြသွေး တို့ စောစောစီးစီး ရောက်လာမယ်ဆိုလည်း ကြိုဖုန်းဆက်ပေါ့ရှင်။ ဒီကပြင်စရာရှိလေးပြင်ပြီး သေချာဧည့်ခံရအောင်လို့ "

" ရပါတယ်...ကြီးမြ ရယ်။ ကျွန်မတို့က သူစိမ်းတွေမှ မဟုတ်ဘဲ "

" မောင်မင်းမျိုးနွယ်ပါ ပါလာတာပဲကိုး "

" ဟုတ်ကဲ့ ကြီးမြ၊ ဂေဟာကို အလုပ်တွေရှုပ်လို့ မရောက်ဖြစ်တာလည်းကြာပြီမို့ ဒီနေ့တော့ မြသွေးနဲ့ ခဏလေး လာခဲ့ကြတာ "

နှစ်ထပ်တိုက်အောက်က ဧည့်ခန်းလေးဆီသို့ အမေမြကပဲ ဦးဆောင်ကာ ဝင်ရောက်လာခဲ့ကြသည်။

" ကြီးမြ...လိုအပ်တာဘာရှိသေးလဲ။ ကျွန်မတို့လည်း ဒီရက်ပိုင်း မအားလပ်နေတာနဲ့ ဂေဟာကိုတောင် မလာဖြစ်တာအတော်ကြာနေပြီ "

" မမြသွေးတို့က ဂေဟာမလာလည်း လစဥ် လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ပေးနေတာပဲရှင်။ ဂေဟာကို လူကိုယ်တိုင် မလာနိုင်တာ နားလည်ပါတယ်။ လိုအပ်တာတော့ ထွေထူးမရှိပါဘူး။ အလှူရှင်တွေကလည်း ပုံမှန်လေးရှိတော့ လည်ပတ်ပါတယ်။ တစ်ချို့ အရွယ်ရောက်လာတဲ့ ကလေးတွေကလည်း အိမ်ထောင်ပြုတာနဲ့၊ နိုင်ငံခြားလုပ်ငန်းအဆက်အသွယ်တွေနဲ့ ခွဲထွက်ကြကုန်တော့ စရိတ်လေးတော့လျော့သွားတာပေါ့ "

" သြော်...ကလေးတွေတောင် အရွယ်ရောက်လာကြပြီနော် ကြီးမြ။ ကျွန်မတို့ ဒီဂေဟာလေးတောင် သက်တမ်း (၂၀) ကျော်သွားပြီ။ မနေ့တစ်နေ့ကလိုပဲ ကြီးမြရယ် "

" ဟုတ်ပါ့ရှင်။ ကောင်းကောင်းမွန်မွန်နဲ့ သူတို့လေးတွေ အရွယ်ရောက်လာတာမြင်ရတော့လည်း ကျေနပ်ပီတိဖြစ်ရပါရဲ့။ ကျွန်မတို့ တယုတယမွေးမြူခဲ့ရတဲ့ ကလေးတွေ ကောင်းစားသွားရင်ပဲ ကျေနပ်ပါပြီ "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now