အခန်း (၂၀)

5K 384 38
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၀)
မိုင်းမိုင်

" ပုံရိပ် အဆင်ပြေရဲ့လား "

ခမ်းနားစက်ရှိန် ပုံရိပ် ပခုံးလေးကို ဆုပ်ကိုင်ကာ တိုးလျစွာ မေးလိုက်သည်။

" ရပါတယ် အဆင်ပြေတယ် "

နွမ်းဖျော့စွာ ရှိနေသည့် ပုံရိပ် ခန္ဓာကိုယ်လေးသည် ယိုင်‌‌လဲတော့မည့်ဟန်။ ထို့နောက် ထိုင်ခုံမှာပင် ပြန်ထိုင်ကာ သက်ပြင်းမောလေးကို လေးတွဲစွာ ချလိုက်သည်။

" ပုံရိပ်...ကိုယ့်ကြောင့် နှစ်ယောက်ကြား နားလည်မှုလွဲသွားရင် ကိုယ်ကပဲ တောင်းပန်ပါတယ် "

ရီဝေသည့် မျက်ဝန်းများနှင့် ကိုစက်ရှိန်သည် အားတုံ့ အားနာဖြစ်နေဟန်။ မျက်ဝန်းထဲတွင်တော့ အချစ်ရိပ်များ ရည်စိုရွှန်းလဲ့စွာဖြင့်။

" ကိုစက်ရှိန် နဲ့ ကျွန်တော့်ကြားမှာ ခိုင်မာတဲ့ ဆွေးနွေးမှု တစ်ခုတော့ လုပ်ရတာ့မယ် ထင်ပါရဲ့ "

ခမ်းနားစက်ရှိန်သည် တိပစွာရှိနေသည့် မျက်ခုံးတန်းတန်းနှစ်ခုကို ပင့်တင်ကာ မျက်ဝန်းများသည် မျက်ရည်ကြည်များနှင့် ဖွဲ့သီလျက်ရှိသည်။။

" ကိုယ် နားထောင်နေပါတယ် "

တည်ငြိမ်စွာဖြင့် လေသံအေးအေးနှင့်သာ တုံ့ပြန်လိုက်ပါ၏။

" ကိုစက်ရှိန်..."

ခမ်းနားစက်ရှိန်၏ ယောင်္ကျားပီသစွာ ရှိနေသည့် မျက်နှာကျနှင့် မလိုက်ဖက်စွာပင် မျက်ဝန်းများသည်တော့ ဖျော့တော့စွာ ရှိနေသည်။ မျက်လုံးချင်းဆုံလိုက်သည့် အချိန်တွင် ခမ်းနားစက်ရှိန်၏ အချစ်စွမ်းအားများကိုပင် ပြည့်လျှံစွာ ခံစားရမိပါ၏။

" ကျွန်တော့်ဘဝမှာလေ ‌ငယ်ငယ်ကတည်းက မိသားစုဆိုတာ မရှိခဲ့ဘူး။ ‌မိဘအရင်းတွေရဲ့ နွေးထွေးယုယမှုဆိုတာလည်း ကျွန်တော့်ဘဝမှာ နိုးတဝက် အိပ်မက်မှာတောင် မရှိခဲ့ဘူး။ ကိုစက်ရှိန် သိလား... မေတ္တာငတ်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ဘဝမှာ အမေမြပြီးရင် မောင်က အဖေလို၊ အကိုလို၊ ယောင်္ကျားတစ်ယောက်လို ချစ်ခြင်းမေတ္တာတွေကို ကျွန်တော်တောင်းစရာမလိုအောင်ကို ပိုပိုလျှံလျှံ ချစ်ခင်ကြင်နာပေးခဲ့တဲ့သူပဲ..."

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now