( ဇာတ်သိမ်းပိုင်း )
2.5K 49 0
အခန်း (၃၂)
( ဇာတ်သိမ်းပိုင်း )
အချိန်ကာလများသည် တရွေ့ရွေ့ ကုန်လွန်ခဲ့ပြီးနောက် (၁၀) နှစ်ကြာပြီးသည့် အချိန်တစ်ခုတောင် ရောက်ရှိခဲ့လေသည်။
မင်းမျိုးနွယ် ခြံအိမ်ကြီး၏ မိသားစု နံနက်ခင်း စားပွဲဝိုင်းလေးသည် အသံဗလံဆူညာစွာဖြင့်ယောက်ယက်ခတ်နေတော့သည်။
" ဒီယံရေ...မေမေ့ကို ဟင်းရည်ပန်းကန်လေး ယူခဲ့ပေးပါကွယ် "
" ဟုတ်ကဲ့ မေမေ "
မီးဖို‌ခန်းထဲတွင် ဒေါ်မြသွေးနှင့် ဒီယံပျိုး ရှုတ်ရှပ်ခတ်နေသည်။ ဒေါ်မြသွေးက ဒီယံပျိုး ကြိုက်တတ်သည့် မုန့်ဟင်းခါကို ကိုယ်တိုင် ချက်‌ပြုတ်နေသည်။ ထို့အတူ ဒီယံလည်း သူမကို ကူညီကာ မီးဖိုချောင် ဝင်နေတော့သည်။
" ဒီယံ...သွား၊ မင်း ယောင်္ကျား ခုထိ အိပ်ရာ မထသေးဘူး။ မင်း သားလေးကော တစ်ခါတည်း နှိုးခဲ့။ သားဖနှစ်ယောက်က အကျင့်တွေက တစ်ထေရာတည်း။ အိပ်ပုတ်ကြီးတာရော ဂျစ်ကန်ကန်နိုင်တာရော "
ဒီယံပျိုး ဒေါ်မြသွေး၏ စကားများကို သဘောကျကာ ပြုံးနေမိတော့သည်။ ပွစိပွစိဖြင့်သာ စကားများသော်လည်း သားနဲ့မြေးကိုမြင်ရင်လည်း သူ မဟုတ်သည့်အတိုင်းပင်။
လွန်ခဲ့သည့် ခုနှစ်ကျော်အလွန်က ဒေါ်မြသွေးက သွေးသားရင်းလိုချင်သည့် ဆန္ဒဖြင့် ခေတ်သစ်က သူ့အမေ ဆန္ဒကို လိုက်လျောကာ အငှားကိုယ်ဝန်ဆောင်ပေးမည့် သူကို ဒေါ်မြသွေး စိတ်ကျေနပ်သည်အထိ ရွေးချယ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံခြားထိ သွားရောက်ကာ ခေတ်သစ် သွေးသားနှင့် ရောယှက်၍ ဖန်ပြွန်သန္ဓေသား ပျိုးထောင်ပြီးနောက်တွင် အငှားကိုယ်ဝန်ဆောင်မည့် မိန်းမငယ်လေး သားအိမ်အတွင်းသို့ ပျိုးထောင်စေခဲ့သည်။
မိခင်တို့၏ ထုံးစံအတိုင်း ကိုးလလွယ်ပြီး ဆယ်လရောက်သည့်အချိန်တွင် သားယောင်္ကျားလေးကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့သည်။ ဒေါ်မြသွေးမှာ သူ့မြေးလေးကို ဖွားပြီးပြီးချင်း လက်ကမချနိုင်လောက်အောင် အချစ်ပိုခဲ့ရသည်။
အမည်နာမကိုတော့ " တိမ်ယံခေတ်သစ် " ဟူ၍ သူမ ကိုယ်တိုင်ပင် အမည်တွင်ခဲ့ခြင်း ဖြစ်ပါ၏။ ဦးမင်းမျိုးနွယ်ကပါ သူ့၏ သွေးသား မြေးလေးအပေါ် တုန်နေအောင် ချစ်ခင်ရပါသည်။
အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Nơi câu chuyện tồn tại. Hãy khám phá bây giờ