အခန်း (၈)

6.5K 464 11
                                    

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၈)

နံနက် (၆) နာရီ ခွဲပြီးသည့်အချိန်တွင်တော့ ဒီယံပျိုး အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ အလုပ်နဲ့ ဂေဟာက နာရီဝက်နီးပါးဆိုင်ကယ်မောင်းရသည်မို့ ထိုအချိန်သည် သူ့အတွက် အသင့်တော်ဆုံး အချိန်သာဖြစ်သည်။

ထူးခြားပြီး ဆန်းပြားသည့် ဒီယံပျိုး ဆိုသည့်နာမည်နှင့် ချောမောစွာဖြစ်တည်လျက်ရှိသည့် မျက်နှာကျလေးကြောင့် သူသည် ဂေဟာမှာရော အလုပ်မှာပါ လူချစ်ခံရသည့် သူတစ်ယောက်သာဖြစ်သည်။ ခင်မင်သူအများစုကတော့ " ယံယံ " ဟူ၍သာ ချစ်စနိုး ခေါ်လေ့ရှိကြသည်။

" Coffee Garden " လို့ခေါ်တဲ့ ကော်ဖီဆိုင်တစ်ခုမှာ
ယံယံက Waiter အနေနဲ့ အလုပ်ဝင်ခဲ့တာတောင် နှစ်နှစ်နီးပါးရှိရော့မည်။

(၃၅) လမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးဖြစ်တာကြောင့် လမ်းသွားလမ်းလာ၊ ပုံမှန်ဧည့်သည်တွေနဲ့ပင် ဆိုင်လေးက အတော်စည်ကားနေပေသည်။ မကျဥ်းမကျယ် အနေအထားလေးမှာ ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ ထိုင်ချင်စဖွယ်လေးသာဖြစ်သည်။ ဆိုင်ခန်းလေးထဲ ဝင်လိုက်တာနဲ့ ကော်ဖီရနံ့သင်းသင်းလေးက ဆီးလို့ကြိုနေသည်။

" မင်္ဂလာပါ မမိုးစက် "

" မင်္ဂလာပါ ရှင် "

ပန်းဆီရောင် မြန်မာရင်ဖုံးလေးသည် မမိုးစက်ရဲ့ ဝင်းအိတဲ့ အသားအရေမှာ စပ်ဟက်နေလေသည်။ သည်ကော်ဖီဆိုင်ရဲ့ Uniformက တခြားဆိုင်တွေလို စပို့ရှပ်နဲ့ ဘောင်းဘီရှည် မဟုတ်ပါ။ ခုနှစ်ရက်တာ ရက်သတ္တပတ်လုံး မိန်းကလေးတွေဆို အရောင်အသွေးစုံတဲ့ မြန်မာဝတ်စုံဒီဇိုင်းများသာ ဝတ်ဆင်စေသည်။ ယောင်္ကျားလေးတွေဆိုရင်တော့ လည်ကတုံးရောင်စုံ နှင့် ပုဆိုးကို တစ်ပတ်စာ ထုတ်ပေးထားသည်။

" အဖြူလည်ကတုံးလေးနဲ့ ငါ့မောင်က သန့်ပြန့်လို့ပါလား "

" အမကလည်း နေ့တိုင်းမြင်နေရတဲ့သူတွေကို မြှောက်နေပြန်ပါပြီ ကျေးဇူးပါဗျာ "

ဒီယံပျိုး ဆိုတဲ့ ထိုကောင်လေးက ပကတိ တည်ငြိမ်အေးချမ်းလျက်ရှိသည်။ ယဥ်ကျေးဖော်ရွေပြီးတော့ အနေတည်တဲ့ သူတစ်ယောက်သာ။ အလုပ်ကို တိတိကျကျနှင့် မကပ်မခိုဘဲ လုပ်လေ့ရှိတာကြောင့် ဆိုင်ပိုင်ရှင်ရော ဝန်ထမ်းအချင်းချင်းကပါ သဘောကျရ၊ အချစ်ပိုရတဲ့ သူသာဖြစ်သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now