အခန်း (၂၉)

4.2K 309 6
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၉)
မိုင်းမိုင်

" မေမေ ဘာလို့ သားတို့နှစ်ယောက်ကို သဘောမတူနိုင်ရတာလဲ "

နံနက်ခင်းကော်ဖီဝိုင်းလေးသည် ထုံးစံမပျက် ဒေါ်မြသွေးတို့ သားအမိနှစ်ယောက်သာ ရှိပါ၏။

" မေမေ ယောင်္ကျားလေးချင်း ချစ်တာ သဘောမတူနိုင်ဘူးဆိုတာ သားကိုပြောပြီးပြီပဲ။ သားက အဲ့ကောင်လေးအတွက် မေမေ့ကိုတောင် အာခံနေပြီလား "

" သား အာခံတာ မဟုတ်ဘူး မေမေ။ တောင်းဆိုနေတာပါ၊ သား ယံလေးကို တကယ်ချစ်တာ...နှလုံးသားထဲကနေ လိုလိုလားလားနဲ့ မေတ္တာသက်ဝင်မိသွားတာ မေမေ။ အပျော်တွဲနေတာလည်း မဟုတ်ဘူး၊ မေမေ ဒီတစ်ခုပဲ သားကို လိုက်လျောပေးလို့မရဘူးလား မေမေရာ။

သား နောက်ဆို လိမ္မာပါမယ်၊ စာလည်းကြိုးစားမယ်၊ မေမေဖြစ်စေချင်တာ မှန်သမျှလည်း သား ရအောင် လုပ်နိုင်ပါတယ်။ ယံလေးနဲ့ သဘောတူပေးဖို့ တစ်ခုပဲ သားဆန္ဒကို မေမေ လိုက်လျောပေးလို့မရဘူးလား ဟင် "

ရင်တွင်းခံစားချက်မို့လားမသိ ခေတ်သစ်ရင်ထဲ တင်းကျပ်စွာ စို့နင့်နေသည်။ ပြောနေရင်းကပင် မျက်ရည်ဥများ ဝေ့သီလာရသည်။

" မေမေ မလိုက်လျောနိုင်တာကလည်း အဲ့တစ်ခုတည်းပဲ သား။ မေမေ သားအပေါ်မှာ အများကြီး မျှော်လင့်ထားတယ်ဆိုတာ သားလည်းသိတယ်။ မေမေ သားကို သင့်တော်တဲ့ မိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်စေချင်တယ်။ မေမေတို့ရဲ့ မင်းမျိုးနွယ် မျိုးဆက်အတွက် သားမှာ တာဝန်အပြည့်ရှိတယ်။

မျိုးဆက်ပျက်သွားမှာ မေမေ မလိုချင်ဆုံးပဲ။ သား အဲ့ကောင်လေးနဲ့ယူလိုက်လို့ ပတ်ဝန်းကျင်က ခနဲ့နေရင်တောင် မေမေ ဂရုမစိုက်ဘူး။ မေမေ သားကို အမြဲအလိုလိုက်ခဲ့တယ်နော်။ အခုထိ သား ဆိုးသမျှကို မေမေကပဲ နားလည်ခွင့်လွှတ်ရင်း သား ဖြစ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တာ။

မေမေရဲ့ ဆန္ဒတော့ သားကို မငြင်းပယ်စေချင်ဘူး။ မေမေ အဲ့ကောင်လေးနဲ့ ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူး ခေတ်သစ် "

မနက်ခင်း ကော်ဖီဝိုင်းလေးသည် အရင်လို ရယ်မောသံများဖြင့် မဟုတ်။ အခြေအနေသည် ရုတ်ချည်း တိတ်ဆိတ်သွားလေသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now