Hello... Warning 21+ 🚨🚨🚨
' အချစ်တွေနဲ့ မိုးထားတဲ့အိမ် ' လေးရဲ့ အခန်း (၂၆) က တစ်ခန်းလုံး Mature 21+ ပါ။ တကယ်တော့ အဲ့အခန်းလေးက မထည့်လည်း ရပါတယ်။ ဘာလို့ ထည့်တာလဲဆိုရင် အချစ်ကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာရဲ့ အလိုဆန္ဒတွေကို သိမ့်သိမ့်လေးနဲ့ ငြိမ့်ငြိမ့်လေး ရေးဖွဲ့ချင်တာမို့ အဲ့အခန်းလေးကို သေချာအချိန်ပေးပြီး စကားလုံးရေ အများကြီးနဲ့ ရေးဖွဲ့ပေးထားတာပါဗျ။
21+ ထိ Mature ပေးထားရလဲဆိုရင် အိပ်ရာပေါ်က စကားလုံးလေးတွေက တစ်ခန်းလုံး ဖောဖောသီသီ ပါဝင်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် သန့်သန့်လေးပဲ ဖတ်ချင်တဲ့ စာဖတ်သူလေးတွေက အခန်း (၂၆) ကို ကျော်ဖတ်လိုက်ရင်အဆင်ပြေပါတယ်ဗျ။
အခန်း (၂၆) က အိပ်ရာပေါ်က ချစ်တင်းနှောတဲ့ ချစ်မေတ္တာကိုပဲ သီးသန့် ရေးဖွဲ့ထားတဲ့အတွက်ကြောင့် ကျော်ဖတ်ရင်လည်း အဆင်ပြေတဲ့အတွက်ကြောင့်ပါဗျ။
Fb Page မှာတော့ အခန်း (၂၆) ကို တင်သွားမှာ မဟုတ်ပါဘူး ခင်ဗျာ။
နောက်တစ်ခု သေချာလေး မေတ္တာရပ်ခံချင်တာက အခန်း (၂၆) က စာလေးတွေကို Wattpad Gp လေး တွေမှာ တင်ခြင်းမပြုဖို့ပါ ခင်ဗျာ။ ဒါလေးကို နားလည်ပေးပါဦးနော်။
Physical Book အဖြစ် ထွက်လာရင်တော့ အခန်း (၂၆) တစ်ခန်းလုံး ပါဝင်သွားမှာ မဟုတ်ပါဘူး ခင်ဗျာ။
ဒါဆိုရင် July.25 ရက်...ကျွန်တော်တို့ရဲ့ Anniversary ရက်ကျရင် ည(၉) နာရီ အခန်း (၂၆) လေးကို တင်ပေးသွားပါမယ် ခင်ဗျာ။
ချစ်တယ်ဗျ။ 💙
YOU ARE READING